ရီးရဲလ္မွာပဲရွိေနခ်င္တယ္ဆိုတ့ဲ စီဘယ္လို႔စ္

ရီးရဲလ္အသင္းရဲ႕ကြင္းလယ္လူ စီဘယ္လို႔စ္က အသင္းအေနနဲ႔သူ႔ကိုေရာင္းခ်ဖို႔အလိုမရွိဘူးလို႔ေျပာဆိုသြားခ့ဲပါတယ္။ ဒါ့အျပင္ စီဘယ္လို႔စ္က လာမယ့္ရာသီဟာ သူ႔အတြက္အေကာင္းဆံုး၇ာသီတစ္ခုျဖစ္လိမ့္မယ္လို႔ယံုၾကည္ေၾကာင္းလည္းေျပာဆိုသြားခ့ဲပါတယ္။

ရီးရဲလ္အသင္းဟာ စီဘယ္လို႔စ္ကို (၂၀၁၇)ခုႏွစ္ကေခၚယူခ့ဲတာျဖစ္ျပီး၊ အလားအလာရွိတ့ဲကစားသမားအျဖစ္သက္မွတ္ထားျခင္းခံထားရတာျဖစ္ပါတယ္။ သို႔ေသာ္လည္း စီဘယ္လို႔စ္ဟာ အသင္းရဲ႕နည္းျပ ဇီဒန္းလက္ေအာက္မွာပံုမွန္ပြဲထြက္ခြင့္ရဖို႔အျပင္းအထန္ၾကိဳးစားေနခ့ဲရျပီး၊ ပံုမွန္ေျခစြမ္းျပႏိုင္ဖို႔လည္း ရုန္းကန္ေနခ့ဲရတာလည္းျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာ စီဘယ္လို႔ရဲ႕အေျပာင္းအေရႊ႕နဲ႔ပတ္သက္ျပီးသတင္းေတြကလည္းထြက္ေပၚလ်က္ရွိေနခ်ိန္မွာ စီဘယ္လို႔ကေတာ့ အခုလိုေျပာၾကားသြားခ့ဲပါတယ္။ စီဘယ္လို႔စ္က ” အသင္းအေနနဲ႔ကၽြန္ေတာ့္ကိုမေရာင္းေစခ်င္ပါဘူး၊ လာမယ့္ရာသီက ကၽြန္ေတာ့္ရဲ႕အေကာင္းဆံုး ေဘာလံုးရာသီတစ္ခုျဖစ္လာလိမ့္မယ္လို႔ယံုၾကည္ပါတယ္ ” လို႔ေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

စီဘယ္လို႔စ္ဟာ ရီးရဲဘ္အတြက္ (၃၅)ပါ၀င္ကစားေပးထားခ့ဲျပီး၊ သြင္းဂိုး(၅)ဂိုးသြင္းယူေပးထားႏိုင္ခ့ဲတ့ဲကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ အသက္(၂၂)ႏွစ္အရြယ္သာရွိေသးျပီးေတာ့ အသင္းမွာ အသက္ရလာျပီျဖစ္တ့ဲ မိုဒရစ္နဲ႔တိုနီခရူးစ္တို႔ ရဲ႕ေနရာကို အေကာင္းဆံုးအစားထိုးႏိုင္မယ့္ကစားသမားလိုု႔ အားလံုးရဲ႕ထင္ေၾကးေပးျခင္းကိုခံထားရတာပဲျဖစ္ပါတယ္။

စီဘယ္လို႔စ္ဟာ ျပီးခ့ဲတ့ဲရာသီမွာအသင္းအတြက္ေျခစြမ္းမျပႏိုင္ခ့ဲပဲ ေနာက္ရာသီမွာေတာ့အေကာင္းဆံုးျပန္လာႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနျပီး၊ ေျပာတ့ဲအတိုင္းေျခစြမ္းေတြျပႏိုင္မလား၊ ဒါမွမဟုတ္ ပြဲထြက္ခြင့္ရဖို႔အတြက္ပဲရုန္းကန္ေနရမလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ရီးရဲလ်မှာပဲရှိနေချင်တယ်ဆိုတဲ့ စီဘယ်လို့စ်

ရီးရဲလ်အသင်းရဲ့ကွင်းလယ်လူ စီဘယ်လို့စ်က အသင်းအနေနဲ့သူ့ကိုရောင်းချဖို့အလိုမရှိဘူးလို့ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် စီဘယ်လို့စ်က လာမယ့်ရာသီဟာ သူ့အတွက်အကောင်းဆုံးရာသီတစ်ခုဖြစ်လိမ့်မယ်လို့ယုံကြည်ကြောင်းလည်းပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ စီဘယ်လို့စ်ကို (၂၀၁၇)ခုနှစ်ကခေါ်ယူခဲ့တာဖြစ်ပြီး၊ အလားအလာရှိတဲ့ကစားသမားအဖြစ်သက်မှတ်ထားခြင်းခံထားရတာဖြစ်ပါတယ်။ သို့သော်လည်း စီဘယ်လို့စ်ဟာ အသင်းရဲ့နည်းပြ ဇီဒန်းလက်အောက်မှာပုံမှန်ပွဲထွက်ခွင့်ရဖို့အပြင်းအထန်ကြိုးစားနေခဲ့ရပြီး၊ ပုံမှန်ခြေစွမ်းပြနိုင်ဖို့လည်း ရုန်းကန်နေခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ စီဘယ်လို့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးသတင်းတွေကလည်းထွက်ပေါ်လျက်ရှိနေချိန်မှာ စီဘယ်လို့ကတော့ အခုလိုပြောကြားသွားခဲ့ပါတယ်။ စီဘယ်လို့စ်က ” အသင်းအနေနဲ့ကျွန်တော့်ကိုမရောင်းစေချင်ပါဘူး၊ လာမယ့်ရာသီက ကျွန်တော့်ရဲ့အကောင်းဆုံး ဘောလုံးရာသီတစ်ခုဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါတယ် ” လို့ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

စီဘယ်လို့စ်ဟာ ရီးရဲဘ်အတွက် (၃၅)ပါဝင်ကစားပေးထားခဲ့ပြီး၊ သွင်းဂိုး(၅)ဂိုးသွင်းယူပေးထားနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွယ်သာရှိသေးပြီးတော့ အသင်းမှာ အသက်ရလာပြီဖြစ်တဲ့ မိုဒရစ်နဲ့တိုနီခရူးစ်တို့ ရဲ့နေရာကို အကောင်းဆုံးအစားထိုးနိုင်မယ့်ကစားသမားလို့ အားလုံးရဲ့ထင်ကြေးပေးခြင်းကိုခံထားရတာပဲဖြစ်ပါတယ်။

စီဘယ်လို့စ်ဟာ ပြီးခဲ့တဲ့ရာသီမှာအသင်းအတွက်ခြေစွမ်းမပြနိုင်ခဲ့ပဲ နောက်ရာသီမှာတော့အကောင်းဆုံးပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး၊ ပြောတဲ့အတိုင်းခြေစွမ်းတွေပြနိုင်မလား၊ ဒါမှမဟုတ် ပွဲထွက်ခွင့်ရဖို့အတွက်ပဲရုန်းကန်နေရမလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar