ယူႏိုက္တက္၀တ္စံုသစ္၀တ္ဆင္ထားတဲ့ဘစ္ဆာခါရဲ႕ပံုေတြၾကိဳတင္ေပါက္ၾကား

ဘစ္ဆာခါေရာက္ရွိေၾကာင္းကို တရား၀င္မေၾကျငာရေသးေပမဲ့ ယူႏိုက္တက္၀တ္စံုသစ္နဲ႔ ရိုက္ကူးေရးလုပ္ေနတဲ့ ဒီကစားသမားရဲ႕ပံုေတြ တြစ္တာမွာေပါက္ၾကားလာခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ေပါင္း(၄၅)သန္းနဲ႔ေခၚယူႏိုင္ခဲ့ျပီဆိုတဲ့အေၾကာင္းကို ၾကာသပေတးေန႔မွာကတည္းက ေၾကျငာႏိုင္ဖို႔ ေမွ်ာ္လင့္ထားခဲ့ေပမဲ့ ၾကန္႔ၾကာမႈေတြရွိေနျပီး ယေန႔အထိ တရား၀င္အတည္ျပဳေၾကျငာရျခင္းမရွိေသးပါဘူး။ ဒါေပမဲ့လည္း ယူႏိုက္တက္၀တ္စံု နဲ႔ ဘစ္ဆာခါရဲ႕ပံုရိပ္ေတြကေတာ့ အြန္လိုင္းမွာေပါက္ၾကားလာခဲ့ပါျပီ။

ဒီပံုေတြထဲကတစ္ပံုမွာေတာ့ ဘစ္ဆာခါဟာ ယူႏိုက္တက္၀တ္စံုသစ္ကို အျပည့္၀တ္ဆင္ထားျပီး၊ တရား၀င္ေၾကျငာဖို႔အတြက္ ရိုက္ကူးေရးလုပ္ေနတာကိုေတြ႔ရပါတယ္။ ေနာက္တစ္ပံုမွာေတာ့ ဘစ္ဆာခါကို သူ႔ရဲ႕အစ္ကိုေတြနဲ႔ ကိုယ္စားလွယ္တို႔က ၀ိုင္းရံထားျပီး ယူႏိုက္တက္အသင္းရဲ႕ ေလ့က်င့္ေရးဂ်င္မွာ အတူတကြျမင္ေတြ႔ခဲ့ရတာပါ။

ဘစ္ဆာခါမတိုင္ခင္တုန္းကလည္း ယူႏိုက္တက္ကို ဒန္နီရယ္ဂ်ိမ္းနဲ႔ ဆန္းခ်က္တို႔ေရာက္ရွိလာခဲ့စဥ္က ယူႏိုက္တက္အသင္းတရား၀င္မေၾကျငာရေသးခင္မွာ အြန္လိုင္းေပၚေပါက္ၾကားမႈေတြရွိခဲ့ဖူးပါတယ္။ ဒါ့အျပင္ ေပါေပါ့ဘာ၊ အန္တိုနီမာရွယ္နဲ႔ နီမန္ဂ်ာမာတစ္တို႔ ေရာက္လာတုန္းကလည္း သူတို႔ရဲ႕ပံုရိပ္ေတြဟာ အြန္လိုင္းေပၚမွာ ထိန္းမရသိမ္းမရ ၾကိဳတင္ေပါက္ၾကားမႈေတြ ရွိခဲ့ပါေသးတယ္။

ယူႏိုက္တက္ဟာ ဘစ္ဆာခါကို တစ္ပတ္လုပ္ခ ေပါင္ (၈၀၀၀၀)နဲ႔ (၅)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ျပီး၊ ေနာက္ထပ္သက္တမ္း (၁)ႏွစ္တိုးခြင့္လည္း စာခ်ဳပ္ထဲမွာ ပါ၀င္ေနပါတယ္။ ယူႏိုက္တက္ကစားသမားေတြအေနနဲ႔ လာမယ့္ ဂ်ဴလိုင္(၇)မွာ ကစားဖို႔ရွိတဲ့ ရာသီၾကိဳေျခစမ္း ပြဲစဥ္ေတြအတြက္ ေလ့က်င့္ခန္းဆင္းေနၾကျပီျဖစ္ေပမဲ့လည္း လက္ရွိအခ်ိန္မွာ နည္းျပဆိုးရွားလ္ကေတာ့ သူ႔ရဲ႕အားလပ္ရက္ခရီးကေန ယူႏိုက္တက္အသင္းထံျပန္မေရာက္ေသးပါဘူး။

သရဲနီတပ္သားသစ္ ဘစ္ဆာခါအေနနဲ႔ ဒီေျခစမ္း ပြဲစဥ္ေတြမွာ ယူႏိုက္တက္နဲ႔အတူ ပါ၀င္လာဖို႔ရွိ မရွိကေတာ့ နည္းျပဆိုးရွားရဲ႕ဆံုးျဖတ္ခ်က္အေပၚမွာမူတည္ေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ယူနိုက်တက်ဝတ်စုံသစ်ဝတ်ဆင်ထားတဲ့ဘစ်ဆာခါရဲ့ပုံတွေကြိုတင်ပေါက်ကြား

ဘစ်ဆာခါရောက်ရှိကြောင်းကို တရားဝင်မကြေငြာရသေးပေမဲ့ ယူနိုက်တက်ဝတ်စုံသစ်နဲ့ ရိုက်ကူးရေးလုပ်နေတဲ့ ဒီကစားသမားရဲ့ပုံတွေ တွစ်တာမှာပေါက်ကြားလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပေါင်း(၄၅)သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့အကြောင်းကို ကြာသပတေးနေ့မှာကတည်းက ကြေငြာနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ကြန့်ကြာမှုတွေရှိနေပြီး ယနေ့အထိ တရားဝင်အတည်ပြုကြေငြာရခြင်းမရှိသေးပါဘူး။ ဒါပေမဲ့လည်း ယူနိုက်တက်ဝတ်စုံ နဲ့ ဘစ်ဆာခါရဲ့ပုံရိပ်တွေကတော့ အွန်လိုင်းမှာပေါက်ကြားလာခဲ့ပါပြီ။

ဒီပုံတွေထဲကတစ်ပုံမှာတော့ ဘစ်ဆာခါဟာ ယူနိုက်တက်ဝတ်စုံသစ်ကို အပြည့်ဝတ်ဆင်ထားပြီး၊ တရားဝင်ကြေငြာဖို့အတွက် ရိုက်ကူးရေးလုပ်နေတာကိုတွေ့ရပါတယ်။ နောက်တစ်ပုံမှာတော့ ဘစ်ဆာခါကို သူ့ရဲ့အစ်ကိုတွေနဲ့ ကိုယ်စားလှယ်တို့က ဝိုင်းရံထားပြီး ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးဂျင်မှာ အတူတကွမြင်တွေ့ခဲ့ရတာပါ။

ဘစ်ဆာခါမတိုင်ခင်တုန်းကလည်း ယူနိုက်တက်ကို ဒန်နီရယ်ဂျိမ်းနဲ့ ဆန်းချက်တို့ရောက်ရှိလာခဲ့စဉ်က ယူနိုက်တက်အသင်းတရားဝင်မကြေငြာရသေးခင်မှာ အွန်လိုင်းပေါ်ပေါက်ကြားမှုတွေရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် ပေါပေါ့ဘာ၊ အန်တိုနီမာရှယ်နဲ့ နီမန်ဂျာမာတစ်တို့ ရောက်လာတုန်းကလည်း သူတို့ရဲ့ပုံရိပ်တွေဟာ အွန်လိုင်းပေါ်မှာ ထိန်းမရသိမ်းမရ ကြိုတင်ပေါက်ကြားမှုတွေ ရှိခဲ့ပါသေးတယ်။

ယူနိုက်တက်ဟာ ဘစ်ဆာခါကို တစ်ပတ်လုပ်ခ ပေါင် (၈၀၀၀၀)နဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး၊ နောက်ထပ်သက်တမ်း (၁)နှစ်တိုးခွင့်လည်း စာချုပ်ထဲမှာ ပါဝင်နေပါတယ်။ ယူနိုက်တက်ကစားသမားတွေအနေနဲ့ လာမယ့် ဂျူလိုင်(၇)မှာ ကစားဖို့ရှိတဲ့ ရာသီကြိုခြေစမ်း ပွဲစဉ်တွေအတွက် လေ့ကျင့်ခန်းဆင်းနေကြပြီဖြစ်ပေမဲ့လည်း လက်ရှိအချိန်မှာ နည်းပြဆိုးရှားလ်ကတော့ သူ့ရဲ့အားလပ်ရက်ခရီးကနေ ယူနိုက်တက်အသင်းထံပြန်မရောက်သေးပါဘူး။

သရဲနီတပ်သားသစ် ဘစ်ဆာခါအနေနဲ့ ဒီခြေစမ်း ပွဲစဉ်တွေမှာ ယူနိုက်တက်နဲ့အတူ ပါဝင်လာဖို့ရှိ မရှိကတော့ နည်းပြဆိုးရှားရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်နေပါတယ်။

လူညိုချော@SportsGabar