ဂိုးၾကည့္ကန္မွပဲပင္နယ္တီလြဲေခ်ာ္သြားတဲ့ ဖာမီႏို(သို႔မဟုတ္)ဂိုးမၾကည့္ကိုယ္ေတာ္

ဒီေန႔မနက္အေစာပိုင္းက ယွဥ္ျပိဳင္သြားတဲ့ ဘရာဇီးလ္ နဲ႔ ပါရာေဂြးအသင္းတို႔ပြဲမွာ ပြဲခ်ိန္အတြင္း ဂိုးမရွိသေရက်ေနခဲ့တာေၾကာင့္ ပင္နယ္တီအဆံုးအျဖတ္ခံယူခဲ့ရာမွာ ဘရာဇီးလ္တိုက္စစ္မွဴး ဖာမီႏိုဟာ ေနာက္ဆံုး အဆံုးအျဖတ္ပင္နယ္တီကို ကန္သြင္းခဲ့ရပါတယ္။

သူ႔ရဲ႕ကန္သြင္းခ်က္သာ ဂိုး၀င္ခဲ့မယ္ဆိုရင္ ဘရာဇီးလ္အသင္းအႏိုင္ရမွာျဖစ္ေပမဲ့ ဂိုးမၾကည့္ကိုယ္ေတာ္ဟာ ပင္နယ္တီကို ဂိုးေပါက္တည့္ေအာင္ မကန္ႏိုင္ခဲ့ပါဘူး။ဒါေပမဲ့ ေနာက္ထပ္ကန္သြင္းတဲ့ ပါရာေဂြးကစားသမားကလည္း ပင္နယ္တီလြဲေခ်ာ္ ခဲ့တာေၾကာင့္ ဘရာဇီးလ္တို႔ကံေကာင္းသြားခဲ့ျပီး ဂါဘရီရယ္ဂ်ီးဆပ္က ေနာက္ဆံုး အဆံုးအျဖတ္ဂိုးကို ဂိုး၀င္ေအာင္ကန္သြင္းသြားႏိုင္ခဲ့လို႔ ပါရာေဂြးကို အႏိုင္ရရွိသြားခဲ့တာပါ။

ေဘာလံုးပရိသတ္ ေတြကေတာ့ ဖာမီႏိုအေနနဲ႔ ပီရူးနဲ႔ပြဲစဥ္တုန္းကလို ဂိုးေပါက္ကို မၾကည့္ပဲကန္ခဲ့ရင္ေတာင္ ဂိုး၀င္ႏိုင္ေသးျပီး၊ အခုေတာ့ ဂိုးၾကည့္ကန္လို႔ ပင္နယ္တီေတာင္လြဲျပီ ဆိုျပီး ေနာက္ေျပာင္ခဲ့ၾကပါတယ္။

ျပီးခဲ့တဲ့ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ ပီရူးအသင္းကို (၅)ဂိုးျပတ္အႏိုင္ရခဲ့တုန္းက ဖာမီႏိုဟာ အႏိုင္ဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ျပီး အဲဒီ့ဂိုးကို ကိုယ္ေတာ္က ဂိုးေပါက္မၾကည့္ဘဲ ကန္သြင္းရယူျပခဲ့တာပါ။ ဒါေၾကာင့္ လီဗာပူးလ္မွာလည္း ဒီလိုမ်ိဳး ဂိုးေပါက္ကို မၾကည့္ပဲ မၾကာခဏဂိုးသြင္းယူေလ့ရွိတဲ့ ဖာမီႏိုဟာ ဂိုးမၾကည့္ကိုယ္ေတာ္လို႔ အမည္ေျပာင္တြင္ခဲ့တာလည္းျဖစ္ပါတယ္။

ဖာမီႏိုအေနနဲ႔ ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့အတြက္ လာမယ့္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာေရာ သူ႔ရဲ႕အမွတ္သေကၤတတစ္ခုျဖစ္တဲ့ ဂိုးေပါက္မၾကည့္ဘဲ ဂိုးကန္သြင္းတဲ့ အကြက္ေတြကို ထပ္မံျမင္ေတြ႔ရပါဦးမလားဆိုတာေတာ့ သံသယရွိစရာေကာင္းေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဂိုးကြည့်ကန်မှပဲပင်နယ်တီလွဲချော်သွားတဲ့ ဖာမီနို(သို့မဟုတ်)ဂိုးမကြည့်ကိုယ်တော်

ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်သွားတဲ့ ဘရာဇီးလ် နဲ့ ပါရာဂွေးအသင်းတို့ပွဲမှာ ပွဲချိန်အတွင်း ဂိုးမရှိသရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုဟာ နောက်ဆုံး အဆုံးအဖြတ်ပင်နယ်တီကို ကန်သွင်းခဲ့ရပါတယ်။

သူ့ရဲ့ကန်သွင်းချက်သာ ဂိုးဝင်ခဲ့မယ်ဆိုရင် ဘရာဇီးလ်အသင်းအနိုင်ရမှာဖြစ်ပေမဲ့ ဂိုးမကြည့်ကိုယ်တော်ဟာ ပင်နယ်တီကို ဂိုးပေါက်တည့်အောင် မကန်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ နောက်ထပ်ကန်သွင်းတဲ့ ပါရာဂွေးကစားသမားကလည်း ပင်နယ်တီလွဲချော် ခဲ့တာကြောင့် ဘရာဇီးလ်တို့ကံကောင်းသွားခဲ့ပြီး ဂါဘရီရယ်ဂျီးဆပ်က နောက်ဆုံး အဆုံးအဖြတ်ဂိုးကို ဂိုးဝင်အောင်ကန်သွင်းသွားနိုင်ခဲ့လို့ ပါရာဂွေးကို အနိုင်ရရှိသွားခဲ့တာပါ။

ဘောလုံးပရိသတ် တွေကတော့ ဖာမီနိုအနေနဲ့ ပီရူးနဲ့ပွဲစဉ်တုန်းကလို ဂိုးပေါက်ကို မကြည့်ပဲကန်ခဲ့ရင်တောင် ဂိုးဝင်နိုင်သေးပြီး၊ အခုတော့ ဂိုးကြည့်ကန်လို့ ပင်နယ်တီတောင်လွဲပြီ ဆိုပြီး နောက်ပြောင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပီရူးအသင်းကို (၅)ဂိုးပြတ်အနိုင်ရခဲ့တုန်းက ဖာမီနိုဟာ အနိုင်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲဒီ့ဂိုးကို ကိုယ်တော်က ဂိုးပေါက်မကြည့်ဘဲ ကန်သွင်းရယူပြခဲ့တာပါ။ ဒါကြောင့် လီဗာပူးလ်မှာလည်း ဒီလိုမျိုး ဂိုးပေါက်ကို မကြည့်ပဲ မကြာခဏဂိုးသွင်းယူလေ့ရှိတဲ့ ဖာမီနိုဟာ ဂိုးမကြည့်ကိုယ်တော်လို့ အမည်ပြောင်တွင်ခဲ့တာလည်းဖြစ်ပါတယ်။

ဖာမီနိုအနေနဲ့ ပင်နယ်တီလွဲချော်ခဲ့တဲ့အတွက် လာမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာရော သူ့ရဲ့အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ဂိုးပေါက်မကြည့်ဘဲ ဂိုးကန်သွင်းတဲ့ အကွက်တွေကို ထပ်မံမြင်တွေ့ရပါဦးမလားဆိုတာတော့ သံသယရှိစရာကောင်းနေပါတယ်။

လူညိုချော@SportsGabar