ဘာကာေနာက္ခံလူအမ္တီတီကိုေခၚယူဖို႔ပစ္မွတ္ထားေနတ့ဲမန္ယူႏိုက္တက္

မန္ယူႏိုက္တက္အသင္းဟာ ဘာစီလိုနာအသင္းရဲ႕ေနာက္ခံလူအမ္တီတီကိုေခၚယူဖို႔ပစ္မွတ္ထားေနတယ္လို႔သတင္းေတြထြက္ေပၚလ်က္ရွိေနပါတယ္။

ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာဆိုးရြားလြန္းခ့ဲတ့ဲ မန္ယူႏိုက္တက္ရဲ႕ခံစစ္ပိုင္းကို နည္းျပဆိုးလ္ရွားက ေသခ်ာျပင္ဆင္ဖို႔ၾကိဳးစားေနတာျဖစ္ျပီး၊ လက္ရွိမွာခရစၥတယ္ပဲေလ့ညာေနာက္ခံလူ ဘစ္ဆာခါကိုလည္းေခၚယူထားႏိုင္ခ့ဲျပီျဖစ္ပါတယ္။ ေနာက္ထပ္ ဗဟိုခံစစ္ေနရာအတြက္ေတာ့ ဘာစီလိုနာေနာက္ခံလူ အမ္တီတီကိုပစ္မွတ္ထားလတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ေအဂ်က္ေနာက္ခံလူ ဒီလစ္ကိုေခၚယူဖို႔ ခ်ိတ္ဆက္လ်က္ရွိေနတာျဖစ္ျပီး၊ အမ္တီတီအေနနဲ႔ ဒီလစ္ရဲ႕အေျပာင္းအေရႊ႕ကိုမူတည္ကာ အသင္းကေနထြက္ခြာဖို႔ကို ဆံုးျဖတ္ဖြယ္ရွိေနပါတယ္။ လက္ရွိမွာလည္း အမ္တီတီဟာ ပီေကးနဲ႔ လန္ဂလတ္တို႔ရဲ႕ေနာက္ ဒုတိယဦးစားေပးအျဖစ္နဲ႔သာဘာစီလိုနာမွာ ပြဲထြက္ခြင့္ရေနတာျဖစ္ျပီး၊ ဒီလစ္သာေရာက္လာခ့ဲရင္ အမ္တီတီဟာ ဘာစီလိုနာမွာ လံုး၀ေနရာေပ်ာက္သြားမွာျဖစ္ပါတယ္။

အမ္တီတီဟာ ဘာစီလိုနာကို (၂၀၁၆)ခုႏွစ္က ေရာက္၇ွိခ့ဲတာျဖစ္ျပီး၊ ပထမဆံုးရာသီမွာဘာစီလိုနာနဲ႔အတူ ေအာင္ျမင္တ့ဲရာသီတစ္ခုကိုပိုင္ဆိုင္ႏိုင္ခ့ဲေပမ့ဲ ေနာက္ရာသီေတြမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနခ့ဲရတာပဲျဖစ္ပါတယ္။ အမ္တီတီဟာ မက္ဆီနဲ႔လည္းအဆင္မေျပမငေတြရွိေနတယ္လို႔သတင္းေတြထြက္ေနတာျဖစ္ျပီး၊ ဒီေနြေစ်းကြက္ထဲမွာဘာစီလိုနာအသင္းကိုစြန္႔ခြာဖြယ္ရွိေနတာျဖစ္ပါတယ္။

မန္ယူႏိုက္တက္အသင္းအေနနဲ႔လည္း အေစာပိုင္းက ဒီလစ္ကိုေခၚယူဖို႔ၾကိဳးပမ္းခ့ဲေပမ့ဲ ဒီလစ္ဟာ ဂ်ဳဗင္တပ္နဲ႔သေဘာတူညီမႈရခ့ဲျပီျဖစ္တယ္လို႔သတင္းေတြထြက္လာျပီးေနာက္မွာ အမ္တီတီဘက္ကိုျပန္လည္ျမွားဦးလွည့္လာတာပဲျဖစ္ပါတယ္။ အမ္တီတီကလည္း ဘာစီလိုနာမွာအဆင္မေျပျဖစ္ေနတာေၾကာင့္ အေျပာင္းအေရႊ႕ဟာ ျဖစ္ႏုိင္ဖြယ္ရွိေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘာကာနောက်ခံလူအမ်တီတီကိုခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့နောက်ခံလူအမ်တီတီကိုခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာဆိုးရွားလွန်းခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ခံစစ်ပိုင်းကို နည်းပြဆိုးလ်ရှားက သေချာပြင်ဆင်ဖို့ကြိုးစားနေတာဖြစ်ပြီး၊ လက်ရှိမှာခရစ္စတယ်ပဲလေ့ညာနောက်ခံလူ ဘစ်ဆာခါကိုလည်းခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ နောက်ထပ် ဗဟိုခံစစ်နေရာအတွက်တော့ ဘာစီလိုနာနောက်ခံလူ အမ်တီတီကိုပစ်မှတ်ထားလတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အေဂျက်နောက်ခံလူ ဒီလစ်ကိုခေါ်ယူဖို့ ချိတ်ဆက်လျက်ရှိနေတာဖြစ်ပြီး၊ အမ်တီတီအနေနဲ့ ဒီလစ်ရဲ့အပြောင်းအရွှေ့ကိုမူတည်ကာ အသင်းကနေထွက်ခွာဖို့ကို ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ လက်ရှိမှာလည်း အမ်တီတီဟာ ပီကေးနဲ့ လန်ဂလတ်တို့ရဲ့နောက် ဒုတိယဦးစားပေးအဖြစ်နဲ့သာဘာစီလိုနာမှာ ပွဲထွက်ခွင့်ရနေတာဖြစ်ပြီး၊ ဒီလစ်သာရောက်လာခဲ့ရင် အမ်တီတီဟာ ဘာစီလိုနာမှာ လုံးဝနေရာပျောက်သွားမှာဖြစ်ပါတယ်။

အမ်တီတီဟာ ဘာစီလိုနာကို (၂၀၁၆)ခုနှစ်က ရောက်၇ှိခဲ့တာဖြစ်ပြီး၊ ပထမဆုံးရာသီမှာဘာစီလိုနာနဲ့အတူ အောင်မြင်တဲ့ရာသီတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပေမဲ့ နောက်ရာသီတွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာပဲဖြစ်ပါတယ်။ အမ်တီတီဟာ မက်ဆီနဲ့လည်းအဆင်မပြေမငတွေရှိနေတယ်လို့သတင်းတွေထွက်နေတာဖြစ်ပြီး၊ ဒီနွေဈေးကွက်ထဲမှာဘာစီလိုနာအသင်းကိုစွန့်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းအနေနဲ့လည်း အစောပိုင်းက ဒီလစ်ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့ ဒီလစ်ဟာ ဂျုဗင်တပ်နဲ့သဘောတူညီမှုရခဲ့ပြီဖြစ်တယ်လို့သတင်းတွေထွက်လာပြီးနောက်မှာ အမ်တီတီဘက်ကိုပြန်လည်မြှားဦးလှည့်လာတာပဲဖြစ်ပါတယ်။ အမ်တီတီကလည်း ဘာစီလိုနာမှာအဆင်မပြေဖြစ်နေတာကြောင့် အပြောင်းအရွှေ့ဟာ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

Sirဇော်ကြီး@SportsGabar