လူကာကူအေပၚမူတည္ေနတ့ဲ အူဘာမီယန္ရဲ႕အနာဂတ္

အာဆင္နယ္အသင္းရဲ႕တိုက္စစ္မွဴးအူဘာမီယန္ဟာ မန္ယူႏိုက္တက္နဲ႔သတင္းေတြထြက္လာျပီး၊ မန္ယူႏိုက္တက္ကိုေျပာင္းေရႊ႕ဖို႔အတြက္ အူဘာမီယန္က ေျပာဆိုခ့ဲတယ္လို႔သတင္းေတြထြက္ေပၚလာတာပဲျဖစ္ပါတယ္။

မန္ယူႏိုက္တက္ကလည္း ဒီေႏြေစ်းကြက္ထဲမွာ အသင္းကေနထြက္ခြာဖြယ္ရွိေနတ့ဲ လူကာကူရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ အာဆင္နယ္တိုက္စစ္မွဴး အူဘာမီယန္ကို ခ်ိတ္ဆက္မႈေတြရွိေနတယ္လို႔ သိရပါတယ္။ မန္ယူႏိုက္တက္အသင္းရဲ႕တိုက္စစ္မွဴး လူကာကူဟာ အင္တာမီလန္ကိုေရာက္ရွိဖို႔နိီးစပ္တ့ဲအေနအထားကိုေရာက္ရွိေနျပီပဲျဖစ္ပါတယ္။

ဒီလိုအေနအထားမွာ မန္ယူႏိုက္တက္ဟာ အူဘာမီယန္ကိုလူကာကူရဲ႕ေနရာမွာအစားထိုးဖို႔ပစ္မွတ္ထားလာတာျဖစ္ပါတယ္။ အူဘာမီယန္ကိုယ္တိုင္ကလည္း မန္ယူႏိုက္တက္ကိုေျပာင္းေရႊ႕ဖို႔စိတ္ကူးရွိလားဆိုတ့ဲ ေမးခြန္းနဲ႔ပတ္သက္ျပီး၊ သူ႔မွာ မန္ယူႏိုက္တက္ကိုေျပာင္းေရႊ႕ဖို႔စိတ္ကူးရွိပါတယ္ဆိုျပီးေျဖၾကားထားတာေၾကာင့္ အူဘာမီယန္နဲ႔မန္ယူႏိုက္တက္ရဲ႕အေျပာင္းအေရႊ႕ဟာ အမွတ္မထင္ပဲ ျဖစ္လာႏိုင္ဖြယ္ရွိပါတယ္။

အူဘာမီယန္ဟာ ျပီးခ့ဲတ့ဲရာသီမွာ အာဆင္နယ္အတြက္ပရီးမီးယားလိဂ္မွာ သြင္းဂိုး(၂၂)၈ိုးသြင္းယူေပးႏိုင္ခ့ဲျပီး၊ သူ႔ရဲ႕အာဆင္နယ္ကစားသမားဘ၀ပထမဆံုးရာသီမွာပဲ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို လီဗာပူးလ္ကစားသမားေတြျဖစ္ၾကတ့ဲ ဆာလာ၊မာေနးတို႔နဲ႔အတူရရွိခ့ဲပါတယ္။ ဂိုးသြင္းအားေကာင္းျပီးတာ့ အဆံုးသတ္ေသခ်ာတ့ဲ တိုက္စစ္မွဴးတစ္ဦးလိုအပ္ေနတ့ဲ မန္ယူႏိုက္တက္အတြက္ေတာ့ အူဘာမီယန္က ေကာင္းမြန္တ့ဲအေျဖတစ္ခုျဖစ္လာဖြယ္ရွိေနပါတယ္။

ဒါေပမ့ဲလည္း အူဘာမီယန္ရဲ႕အေျပာင္းအေရႊ႕ဟာ တိုက္စစ္မွဴးလူကာကူရဲ႕အနာဂတ္အေပၚမူတည္ေနတာေၾကာင့္ လူကာကူရဲ႕အေျပာင္းအေရႊ႕အေပၚမူတည္ျပီး၊ အူဘာမီယန္မန္ယူႏိုက္တက္ကို ေရာက္မေရာက္ဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လူကာကူအပေါ်မူတည်နေတဲ့ အူဘာမီယန်ရဲ့အနာဂတ်

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူးအူဘာမီယန်ဟာ မန်ယူနိုက်တက်နဲ့သတင်းတွေထွက်လာပြီး၊ မန်ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့အတွက် အူဘာမီယန်က ပြောဆိုခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

မန်ယူနိုက်တက်ကလည်း ဒီနွေဈေးကွက်ထဲမှာ အသင်းကနေထွက်ခွာဖွယ်ရှိနေတဲ့ လူကာကူရဲ့နေရာမှာအစားထိုးဖို့အတွက် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ကို ချိတ်ဆက်မှုတွေရှိနေတယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်ကိုရောက်ရှိဖို့နီးစပ်တဲ့အနေအထားကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ မန်ယူနိုက်တက်ဟာ အူဘာမီယန်ကိုလူကာကူရဲ့နေရာမှာအစားထိုးဖို့ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ အူဘာမီယန်ကိုယ်တိုင်ကလည်း မန်ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့စိတ်ကူးရှိလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး၊ သူ့မှာ မန်ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့စိတ်ကူးရှိပါတယ်ဆိုပြီးဖြေကြားထားတာကြောင့် အူဘာမီယန်နဲ့မန်ယူနိုက်တက်ရဲ့အပြောင်းအရွှေ့ဟာ အမှတ်မထင်ပဲ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

အူဘာမီယန်ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အတွက်ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၂၂)၈ိုးသွင်းယူပေးနိုင်ခဲ့ပြီး၊ သူ့ရဲ့အာဆင်နယ်ကစားသမားဘဝပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို လီဗာပူးလ်ကစားသမားတွေဖြစ်ကြတဲ့ ဆာလာ၊မာနေးတို့နဲ့အတူရရှိခဲ့ပါတယ်။ ဂိုးသွင်းအားကောင်းပြီးတာ့ အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးတစ်ဦးလိုအပ်နေတဲ့ မန်ယူနိုက်တက်အတွက်တော့ အူဘာမီယန်က ကောင်းမွန်တဲ့အဖြေတစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။

ဒါပေမဲ့လည်း အူဘာမီယန်ရဲ့အပြောင်းအရွှေ့ဟာ တိုက်စစ်မှူးလူကာကူရဲ့အနာဂတ်အပေါ်မူတည်နေတာကြောင့် လူကာကူရဲ့အပြောင်းအရွှေ့အပေါ်မူတည်ပြီး၊ အူဘာမီယန်မန်ယူနိုက်တက်ကို ရောက်မရောက်ဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar