ကစားသမားေခၚယူခြင့္ပိတ္ပင္ခံထားရေပမ့ဲ ကိုဗာဆစ္ကိုအျပီးသတ္ေခၚယူႏိုင္ခ့ဲတ့ဲခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ၇ီးရဲလ္အသင္းကေနအငွားေခၚယူထားတ့ဲ ကြင္းလယ္လူကိုဗာဆစ္ကိုအျပီးသတ္ေခၚယူဖို႔ ၇ီးရဲလ္နဲ႔သေဘာတူညီမႈရယူႏိုင္ခ့ဲျပီလို႔သိရပါတယ္။ သတင္းေတြအရ ခ်ဲလ္ဆီးဟာ ကိုဗာဆစ္အတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္(၄၅)သန္းနဲ႔ သေဘာတူညီမႈရခ့ဲတာလို႔သိရပါတယ္။

ခ်ဲလ္ဆီးဟာ အေျပာင္းအေရႊ႕ေစ်းကြက္မွာကစားသမားေခၚယူခြင့္(၂)ရာသီၾကာပိ္တ္ပင္ခံထားရေပမ့ဲ ျပီးခ့ဲတ့ဲရာသီက အငွားေခၚယူထားတ့ဲ ဟီဂူအင္နဲ႔ကိုဗာဆစ္တို႔ ႏွစ္ဦးစလံုးကို အျပီးသတ္ေခၚယူဖို႕ျဖစ္ႏိုင္တယ္လို႔သိရပါတယ္။ ခ်ဲလ္ဆီးဟာ ကစားသမားေတြနဲ႔ခ်ဳပ္ဆိုထားတ့ဲအငွားစာခ်ဳပ္မျပည့္ခင္ထဲက အျပီးသတ္ေခၚယူဖို႔ သေဘာတူထားတာေၾကာင့္ ကစားေခၚယူခြင့္ပိတ္ပင္ခံထားရေပမ့ဲ အခုလိုေခၚယူႏိုင္ခ့ဲတာျဖစ္တယ္လို႔သိရပါတယ္။

ဒါေပမ့ဲ ခ်ဲလ္ဆီးအသင္းဟာ ဟီဂူအင္ကိုေတာ့ အျပီးသတ္ေခၚယူဖို႔ဆႏၵမရွိပဲ ကိုဗာဆစ္ကိုသာေခၚယူႏိုင္ဖို႔ ရီးရဲလ္အသင္းနဲ႔ေတြ႔ဆံုျပီး ညႈိႏႈိင္းမႈေတြျပဳလုပ္ခ့ဲတာျဖစ္တယ္လို႔သိရပါတယ္။ ကိုဗာဆစ္အတြက္ ရီးရဲလ္ဘက္ကေတာင္းဆိုတ့ဲ ေျပာင္းေရႊ႕ေၾကးေပါင္(၄၅)သန္းဟာ မ်ားတယ္လို႔ဆိုႏိုင္ေပမ့ဲ ေဘးက်ပ္နံက်ပ္ထဲကိုေရာက္ေနတ့ဲ ခ်ဲလ္ဆီးတို႔က ႏွစ္ခါျပန္မစဥ္းစားပဲ သေဘာတူညီခ့ဲတာျဖစ္တယ္လို႔သိရပါတယ္။

ခ်ဲလ္ဆီးအေနနဲ႔ ေနာက္ထပ္ကစားေခၚယူမႈေတြျပဳလုပ္ခ်င္တယ္ဆိုရင္ေတာင္ အေျပာင္းအေရႊ႕ပိတ္ခံထားရတ့ဲအတြက္ အငွားေခၚယူထာူတ့ဲကစားသမားေတြကိုသာ ေခၚယူႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။ ကိုဗာဆစ္ဟာ ခ်ဲလ္ဆီးရဲ႕နည္းျပသစ္ျဖစ္လာဖို႔ရွိေနတ့ဲ ဖရန္႔လမ္းပတ္ရဲ႕ ပထမဆံုးေခၚသမားေခၚယူမႈလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံထားရပေမဲ့ ကိုဗာဆစ်ကိုအပြီးသတ်ခေါ်ယူနိုင်ခဲ့တဲ့ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာရီးရဲလ်အသင်းကနေအငှားခေါ်ယူထားတဲ့ ကွင်းလယ်လူကိုဗာဆစ်ကိုအပြီးသတ်ခေါ်ယူဖို့ ရီးရဲလ်နဲ့သဘောတူညီမှုရယူနိုင်ခဲ့ပြီလို့သိရပါတယ်။ သတင်းတွေအရ ချဲလ်ဆီးဟာ ကိုဗာဆစ်အတွက်ပြောင်းရွှေ့ကြေးကိုပေါင်(၄၅)သန်းနဲ့ သဘောတူညီမှုရခဲ့တာလို့သိရပါတယ်။

ချဲလ်ဆီးဟာ အပြောင်းအရွှေ့ဈေးကွက်မှာကစားသမားခေါ်ယူခွင့်(၂)ရာသီကြာပိတ်ပင်ခံထားရပေမဲ့ ပြီးခဲ့တဲ့ရာသီက အငှားခေါ်ယူထားတဲ့ ဟီဂူအင်နဲ့ကိုဗာဆစ်တို့ နှစ်ဦးစလုံးကို အပြီးသတ်ခေါ်ယူဖို့ဖြစ်နိုင်တယ်လို့သိရပါတယ်။ ချဲလ်ဆီးဟာ ကစားသမားတွေနဲ့ချုပ်ဆိုထားတဲ့အငှားစာချုပ်မပြည့်ခင်ထဲက အပြီးသတ်ခေါ်ယူဖို့ သဘောတူထားတာကြောင့် ကစားခေါ်ယူခွင့်ပိတ်ပင်ခံထားရပေမဲ့ အခုလိုခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးအသင်းဟာ ဟီဂူအင်ကိုတော့ အပြီးသတ်ခေါ်ယူဖို့ဆန္ဒမရှိပဲ ကိုဗာဆစ်ကိုသာခေါ်ယူနိုင်ဖို့ ရီးရဲလ်အသင်းနဲ့တွေ့ဆုံပြီး ညှိုနှိုင်းမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကိုဗာဆစ်အတွက် ရီးရဲလ်ဘက်ကတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပေါင်(၄၅)သန်းဟာ များတယ်လို့ဆိုနိုင်ပေမဲ့ ဘေးကျပ်နံကျပ်ထဲကိုရောက်နေတဲ့ ချဲလ်ဆီးတို့က နှစ်ခါပြန်မစဉ်းစားပဲ သဘောတူညီခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ချဲလ်ဆီးအနေနဲ့ နောက်ထပ်ကစားခေါ်ယူမှုတွေပြုလုပ်ချင်တယ်ဆိုရင်တောင် အပြောင်းအရွှေ့ပိတ်ခံထားရတဲ့အတွက် အငှားခေါ်ယူထာူတဲ့ကစားသမားတွေကိုသာ ခေါ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ကိုဗာဆစ်ဟာ ချဲလ်ဆီးရဲ့နည်းပြသစ်ဖြစ်လာဖို့ရှိနေတဲ့ ဖရန့်လမ်းပတ်ရဲ့ ပထမဆုံးခေါ်သမားခေါ်ယူမှုလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar