ဂ်ိမ္းစ္ကိုေခၚယူဖို႔စိတ္၀င္စားေနတ့ဲ အက္သလက္တီကို

စပိန္ကလပ္ အက္သလက္တီကိုအသင္းဟာ ရီးရဲလ္အသင္းကေနထြက္ခြာမယ့္ ကြင္းလယ္ကစားသမား ဂ်ိမ္းစ္ကိုေခၚယူဖို႔စိတ္၀င္စားေနတယ္လို႔ သတင္းေတြထြက္ေပၚလ်က္ရွိေနပါတယ္။

ဂ်ိမ္းစ္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာအငွားကစားသမားဘ၀နဲ႔(၂)ရာသီၾကာကစားျပီးတ့ဲေနာက္မွာရီးရဲလ္အသင္းကိုျပန္လညေ္ရာက္ရွိလာခ့ဲျပီး၊ ရီးရဲလ္အသင္းရဲ႕နည္းျပဇီဒန္းကလည္း ဂ်ိမ္းစ္ကိုအသင္းရဲ႕အနာဂတ္အစီအစဥ္ေတြမွာ ထည့္သြင္းအသံုးျပဳဖို႔အလိုမရွိေတာ့တာေၾကာင့္ ဂ်ိမ္းစ္ဟာ ရီးရဲလ္ကေနေသခ်ာေပါက္ထြက္ခြာရဖို႔ရွိေနတာျဖစ္ပါတယ္။

အေျပာင္းအေရႊ႕အေစာပိုင္းတုန္းက အက္သလက္တီကိုအသင္းဟာ ရီးရဲလ္အသင္းရဲ႕ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တ့ဲ ေလာ္ရယ္တီကိုေခၚယူစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခ့ဲပါတယ္။ ယခုလက္ရွိမွာလည္း အက္သလက္တီကိုအသင္းဟာ ဂ်ိမ္းစ္ကိုေခၚယူဖို႔ ထပ္မံ ၾကိဳးစားလာတာပဲျဖစ္ပါတယ္။ ဂ်ိမ္းစ္ကိုယ္တိုင္ကလည္း သူ႔ရဲ႕ကစားသမားဘ၀ကို စပိန္မွာပဲကုန္ဆံုးဖို႔ဆႏၵရွိေနတာေၾကာင့္ ဂ်ိမ္းစ္အေနနဲ႔အက္သလက္တီကိုအသင္းက ကမ္းလွမ္းလာခ့ဲရင္ ျငင္းဆိုဖို႔ရာျဖစ္ႏိုင္ဖြယ္မ၇ွိတာလည္းျဖစ္ပါတယ္။

ဂ်ိမ္းစ္ဟာ ေျခစြမ္းပိုင္းေကာင္းမြန္တ့ဲကစားသမားတစ္ဦးျဖစ္ျပီးေတာ့ လက္ရွိမွာလည္း ကိုလံဘီယာအသင္းနဲ႔အတူ ဘရာဇီးႏိုင္ငံကအိမ္ရွင္အျဖစ္လက္ခံက်င္းပေနတ့ဲ ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ ေျခစြမ္းျပကစားထားႏိုင္ခ့ဲပါတယ္။ ဂ်ိမ္းစ္ကိုေခၚယူဖို႔ နာပိုလီအသင္းကလည္းစိတ္၀င္စားေနျပီးေတာ့ ဘယ္အသင္းကလက္ဦးမႈရယူျပီးေတာ့ေခၚယူသြားႏိုင္မလဲဆိုတာ ဒီေႏြေစ်းကြက္ထဲမွာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

ujnicode

ဂျိမ်းစ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အက်သလက်တီကို

စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ ရီးရဲလ်အသင်းကနေထွက်ခွာမယ့် ကွင်းလယ်ကစားသမား ဂျိမ်းစ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။

ဂျိမ်းစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာအငှားကစားသမားဘဝနဲ့(၂)ရာသီကြာကစားပြီးတဲ့နောက်မှာရီးရဲလ်အသင်းကိုပြန်လညေ်ရာက်ရှိလာခဲ့ပြီး၊ ရီးရဲလ်အသင်းရဲ့နည်းပြဇီဒန်းကလည်း ဂျိမ်းစ်ကိုအသင်းရဲ့အနာဂတ်အစီအစဉ်တွေမှာ ထည့်သွင်းအသုံးပြုဖို့အလိုမရှိတော့တာကြောင့် ဂျိမ်းစ်ဟာ ရီးရဲလ်ကနေသေချာပေါက်ထွက်ခွာရဖို့ရှိနေတာဖြစ်ပါတယ်။

အပြောင်းအရွှေ့အစောပိုင်းတုန်းက အက်သလက်တီကိုအသင်းဟာ ရီးရဲလ်အသင်းရဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ လော်ရယ်တီကိုခေါ်ယူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ယခုလက်ရှိမှာလည်း အက်သလက်တီကိုအသင်းဟာ ဂျိမ်းစ်ကိုခေါ်ယူဖို့ ထပ်မံ ကြိုးစားလာတာပဲဖြစ်ပါတယ်။ ဂျိမ်းစ်ကိုယ်တိုင်ကလည်း သူ့ရဲ့ကစားသမားဘဝကို စပိန်မှာပဲကုန်ဆုံးဖို့ဆန္ဒရှိနေတာကြောင့် ဂျိမ်းစ်အနေနဲ့အက်သလက်တီကိုအသင်းက ကမ်းလှမ်းလာခဲ့ရင် ငြင်းဆိုဖို့ရာဖြစ်နိုင်ဖွယ်မ၇ှိတာလည်းဖြစ်ပါတယ်။

ဂျိမ်းစ်ဟာ ခြေစွမ်းပိုင်းကောင်းမွန်တဲ့ကစားသမားတစ်ဦးဖြစ်ပြီးတော့ လက်ရှိမှာလည်း ကိုလံဘီယာအသင်းနဲ့အတူ ဘရာဇီးနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။ ဂျိမ်းစ်ကိုခေါ်ယူဖို့ နာပိုလီအသင်းကလည်းစိတ်ဝင်စားနေပြီးတော့ ဘယ်အသင်းကလက်ဦးမှုရယူပြီးတော့ခေါ်ယူသွားနိုင်မလဲဆိုတာ ဒီနွေဈေးကွက်ထဲမှာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar