မက္ဆီေကာင္းစားဖို႔ ေရာ္နယ္ဒင္ဟိုကိုေရာင္းထုတ္လိုက္တာလို႔ထုတ္ေဖာ္ခဲ့တဲ့ ဟက္

ဘာစီလိုနာအသင္းရဲ႕ကစားသမားေဟာင္း အလက္ဇန္းဒါးဟက္ကေတာ့ ဘာစီလိုနာဟာ ေရာ္နယ္ဒင္ဟိုနဲ႔ေဒကိုတို႔ကို ဘာေၾကာင့္ ေရာင္းထုတ္ခဲ့ရသလဲဆိုတဲ့အေၾကာင္းအရင္းကို ထုတ္ေဖာ္ဖြင့္ဟသြားခဲ့ပါတယ္။

ဟက္ဟာ အာဆင္နယ္အသင္းထံမွ ဘာစီလိုနာလက္မွတ္ထိုးေခၚယူခဲ့တဲ့ ကစားသမားျဖစ္ျပီး စိတ္ပ်က္စရာေဘာလံုးရာသီတစ္ခုကို ျဖတ္သန္းခဲ့ျပီးေနာက္ အငွားစာခ်ဳပ္နဲ႔ျပန္လည္ထြက္ခြာခဲ့ရပါတယ္။ ဒါေပမဲ့ ဟက္ဟာ ႏူးကမ့္မွာ သူေနထိုင္စဥ္ အခိုက္အတန္႔ကာလအတြင္း ဘာစီလိုနာရဲ႕ကစားသမား ေရာင္းထုတ္မႈ (၂)ခုနဲ႔ပတ္သက္ျပီး အတြင္းက်က်သိခဲ့သူလည္းျဖစ္ပါတယ္။

ပက္ဂြာဒီယိုလာေရာက္ရွိလာခဲ့ျပီးေနာက္ ဘာစီလိုနာမွာ မက္ဆီဟာ အဓိကဦးစားေပးကစားသမားျဖစ္လာခဲ့တာေၾကာင့္ သူ႔ကိုအတုယူမွားေစမယ့္ ေရာ္နယ္ဒင္ဟိုနဲ႔ ေဒကိုတို႔လို စီနီယာကစားသမားေတြကို ေရာင္းထုတ္ခဲ့တာလို႔ ဟက္က ေျပာသြားခဲ့တာပါ။ ဟက္က-

” (၂၀၀၈)ခုႏွစ္မွာ ဘာစီလိုနာဟာ ေဒကိုနဲ႔ ေရာ္နယ္ဒင္ဟိုတို႔ကို ဘာေၾကာင့္ ေရာင္းထုတ္ခဲ့သလဲ သိလား?၊ မသိရင္ကြ်န္ေတာ္ေျပာျပမယ္၊ သူတို႔ႏွစ္ေယာက္က ထရိန္နင္ဆင္းတိုင္း အရက္ကေလး တျမျမနဲ႔ဗ်၊ ဒါကို မက္ဆီျမင္ျပီး အတုယူမွားမွာစိုးလို႔ ဘာစီလိုနာက ေဒကိုနဲ႔ဒင္ဟိုတို႔ ႏွစ္ေယာက္လံုးကို ေရာင္းထုတ္ခဲ့တာပဲ “လို႔ ဖြင့္ဟသြားခဲ့တာပါ။

ဟက္ရဲ႕ေျပာၾကားခ်က္အရ ဘာစီလိုနာရဲ႕လုပ္ရပ္ဟာ တစ္ဖက္သက္ဆန္ခဲ့တယ္လို႔ စြပ္စြဲစရာရွိေပမဲ့ အဲဒီ့ျဖစ္ရပ္ေတြျဖစ္ပြားခဲ့ျပီးေနာက္ (၁၁)ႏွစ္အၾကာမွာ မက္ဆီဟာ ေဘာလြန္းဒီေအာ္ဆုကို (၅)ၾကိမ္ရယူထားႏိုင္ခဲ့ျပီး ကမာၻအေကာင္းဆံုးကစားသမားျဖစ္လာခဲ့တာက ဘာစီလိုနာရဲ႕ေက်းဇူးေတြေၾကာင့္ဆိုတာကေတာ့ ျငင္းလို႔မရႏိုင္တာအမွန္ပါပဲ။

လူညိဳေခ်ာ@SportsGabar

unicode

မက်ဆီကောင်းစားဖို့ ရော်နယ်ဒင်ဟိုကိုရောင်းထုတ်လိုက်တာလို့ထုတ်ဖော်ခဲ့တဲ့ ဟက်

ဘာစီလိုနာအသင်းရဲ့ကစားသမားဟောင်း အလက်ဇန်းဒါးဟက်ကတော့ ဘာစီလိုနာဟာ ရော်နယ်ဒင်ဟိုနဲ့ဒေကိုတို့ကို ဘာကြောင့် ရောင်းထုတ်ခဲ့ရသလဲဆိုတဲ့အကြောင်းအရင်းကို ထုတ်ဖော်ဖွင့်ဟသွားခဲ့ပါတယ်။

ဟက်ဟာ အာဆင်နယ်အသင်းထံမှ ဘာစီလိုနာလက်မှတ်ထိုးခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး စိတ်ပျက်စရာဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အငှားစာချုပ်နဲ့ပြန်လည်ထွက်ခွာခဲ့ရပါတယ်။ ဒါပေမဲ့ ဟက်ဟာ နူးကမ့်မှာ သူနေထိုင်စဉ် အခိုက်အတန့်ကာလအတွင်း ဘာစီလိုနာရဲ့ကစားသမား ရောင်းထုတ်မှု (၂)ခုနဲ့ပတ်သက်ပြီး အတွင်းကျကျသိခဲ့သူလည်းဖြစ်ပါတယ်။

ပက်ဂွာဒီယိုလာရောက်ရှိလာခဲ့ပြီးနောက် ဘာစီလိုနာမှာ မက်ဆီဟာ အဓိကဦးစားပေးကစားသမားဖြစ်လာခဲ့တာကြောင့် သူ့ကိုအတုယူမှားစေမယ့် ရော်နယ်ဒင်ဟိုနဲ့ ဒေကိုတို့လို စီနီယာကစားသမားတွေကို ရောင်းထုတ်ခဲ့တာလို့ ဟက်က ပြောသွားခဲ့တာပါ။ ဟက်က-

” (၂၀၀၈)ခုနှစ်မှာ ဘာစီလိုနာဟာ ဒေကိုနဲ့ ရော်နယ်ဒင်ဟိုတို့ကို ဘာကြောင့် ရောင်းထုတ်ခဲ့သလဲ သိလား?၊ မသိရင်ကျွန်တော်ပြောပြမယ်၊ သူတို့နှစ်ယောက်က ထရိန်နင်ဆင်းတိုင်း အရက်ကလေး တမြမြနဲ့ဗျ၊ ဒါကို မက်ဆီမြင်ပြီး အတုယူမှားမှာစိုးလို့ ဘာစီလိုနာက ဒေကိုနဲ့ဒင်ဟိုတို့ နှစ်ယောက်လုံးကို ရောင်းထုတ်ခဲ့တာပဲ “လို့ ဖွင့်ဟသွားခဲ့တာပါ။

ဟက်ရဲ့ပြောကြားချက်အရ ဘာစီလိုနာရဲ့လုပ်ရပ်ဟာ တစ်ဖက်သက်ဆန်ခဲ့တယ်လို့ စွပ်စွဲစရာရှိပေမဲ့ အဲဒီ့ဖြစ်ရပ်တွေဖြစ်ပွားခဲ့ပြီးနောက် (၁၁)နှစ်အကြာမှာ မက်ဆီဟာ ဘောလွန်းဒီအော်ဆုကို (၅)ကြိမ်ရယူထားနိုင်ခဲ့ပြီး ကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာခဲ့တာက ဘာစီလိုနာရဲ့ကျေးဇူးတွေကြောင့်ဆိုတာကတော့ ငြင်းလို့မရနိုင်တာအမှန်ပါပဲ။

လူညိုချော@SportsGabar