ယူႏိုက္တက္ကစားသမားသစ္ ဘစ္ဆာခါကို စကားလက္ေဆာင္ပါးလိုက္တဲ့ ရြန္းနီ

လက္ရွိမွာ ဒီစီယူႏိုက္တက္အသင္းအတြက္ ကစားေပးေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မွဴးေဟာင္း ၀ိန္းရြန္းနီကေတာ့ အျပီးသက္သေဘာတူညီမႈေတြ ရယူႏိုင္ခဲ့ျပီးေနာက္ အိုးထရက္ဖို႔ကို ေရာက္ရွိလာေတာ့မယ့္ ခရစ္စတယ္ပဲေလ့ကစားသမား ၀မ္ဘစ္ဆာခါကို အမွာစကားပါးလိုက္ပါတယ္။

သရဲနီတို႔ရဲ႕ဂႏၳ၀င္တစ္ဦးလည္းျဖစ္တဲ့ ရြန္းနီဟာ ယူႏိုက္တက္ကို ေက်ာခိုင္းထြက္ခြာလာခဲ့တာ (၃)ႏွစ္ၾကာကာလထဲကို ေရာက္ရွိလာျပီျဖစ္ေပမဲ့ အသင္းေဟာင္းအေပၚသံေယာဇဥ္မကုန္ေသးတာေၾကာင့္ အသစ္ေရာက္လာတဲ့ ၀မ္ဘစ္ဆာခါအေပၚ စကားလက္ေဆာင္ပါးလိုက္တာျဖစ္ပါတယ္။

ဒီေန႔မွာ ျပဳလုပ္မယ့္ ေဆးစစ္မႈေအာင္ျမင္ျပီးတာနဲ႔ ေနာက္ထပ္(၄၈)နာရီအတြင္း ၀မ္ဘစ္ဆာခါ ေရာက္ရွိေၾကာင္း ယူႏိုက္တက္က တရား၀င္ေၾကျငာသြားေတာ့မွာလည္းျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဘစ္ဆာခါကို ယူႏိုက္တက္ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ၾကီး ၀ိန္းရြန္းနီက-

” ေပ်ာ္ရႊင္ပါ၊ အေၾကာက္အရြံ႕မရွိကစားပါ၊ မန္ခ်က္စတာယူႏိုက္တက္ဆိုတာ ထူးျခားတဲ့အသင္းပါ၊ ကမာၻေပၚမွာ အေကာင္းဆံုးအသင္းလို႔ မဆိုသာရင္ေတာင္ အေကာင္းဆံုးကလပ္ေတြထဲက တစ္သင္းျဖစ္တယ္၊ ဒါကို မင္းသိထားဖို႔လိုျပီး မင္းအေနနဲ႔ ယူႏိုက္တက္ရဲ႕ အစဥ္အလာကိုလည္း ခ်စ္တက္ရမယ္ ”

” ယူႏိုက္တက္ရဲ႕သမိုင္းကို ေလ့လာပါ၊ ျပီးရင္ မင္းကိုယ္မင္း အေကာင္းဆံုးျဖစ္ေအာင္ ၾကိဳးစားအားထုတ္ပါ၊ မင္းအဆင္ေျပမယ္ဆိုတာ ငါယံုၾကည္တယ္ ” လို႔ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

ျပီးခဲ့တဲ့လမွာ ဆြမ္ဆီးအသင္းမွ ဒန္နီရယ္ဂ်ိမ္းကိုေခၚယူႏိုင္ခဲ့ျပီးေနာက္ ၀မ္ဘစ္ဆာခါဟာ ယူႏိုက္တက္ရဲ႕ဒုတိယေျမာက္ေခၚယူမႈတစ္ရပ္လည္း ျဖစ္လာေတာ့မွာပါ။

လူညိဳေခ်ာ@SportsGabar

unicode

ယူနိုက်တက်ကစားသမားသစ် ဘစ်ဆာခါကို စကားလက်ဆောင်ပါးလိုက်တဲ့ ရွန်းနီ

လက်ရှိမှာ ဒီစီယူနိုက်တက်အသင်းအတွက် ကစားပေးနေတဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကတော့ အပြီးသက်သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီးနောက် အိုးထရက်ဖို့ကို ရောက်ရှိလာတော့မယ့် ခရစ်စတယ်ပဲလေ့ကစားသမား ဝမ်ဘစ်ဆာခါကို အမှာစကားပါးလိုက်ပါတယ်။

သရဲနီတို့ရဲ့ဂန္ထဝင်တစ်ဦးလည်းဖြစ်တဲ့ ရွန်းနီဟာ ယူနိုက်တက်ကို ကျောခိုင်းထွက်ခွာလာခဲ့တာ (၃)နှစ်ကြာကာလထဲကို ရောက်ရှိလာပြီဖြစ်ပေမဲ့ အသင်းဟောင်းအပေါ်သံယောဇဉ်မကုန်သေးတာကြောင့် အသစ်ရောက်လာတဲ့ ဝမ်ဘစ်ဆာခါအပေါ် စကားလက်ဆောင်ပါးလိုက်တာဖြစ်ပါတယ်။

ဒီနေ့မှာ ပြုလုပ်မယ့် ဆေးစစ်မှုအောင်မြင်ပြီးတာနဲ့ နောက်ထပ်(၄၈)နာရီအတွင်း ဝမ်ဘစ်ဆာခါ ရောက်ရှိကြောင်း ယူနိုက်တက်က တရားဝင်ကြေငြာသွားတော့မှာလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘစ်ဆာခါကို ယူနိုက်တက်ပရိသတ်တွေရဲ့အချစ်တော်ကြီး ဝိန်းရွန်းနီက-

” ပျော်ရွှင်ပါ၊ အကြောက်အရွံ့မရှိကစားပါ၊ မန်ချက်စတာယူနိုက်တက်ဆိုတာ ထူးခြားတဲ့အသင်းပါ၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းလို့ မဆိုသာရင်တောင် အကောင်းဆုံးကလပ်တွေထဲက တစ်သင်းဖြစ်တယ်၊ ဒါကို မင်းသိထားဖို့လိုပြီး မင်းအနေနဲ့ ယူနိုက်တက်ရဲ့ အစဉ်အလာကိုလည်း ချစ်တက်ရမယ် ”

” ယူနိုက်တက်ရဲ့သမိုင်းကို လေ့လာပါ၊ ပြီးရင် မင်းကိုယ်မင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ပါ၊ မင်းအဆင်ပြေမယ်ဆိုတာ ငါယုံကြည်တယ် ” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လမှာ ဆွမ်ဆီးအသင်းမှ ဒန်နီရယ်ဂျိမ်းကိုခေါ်ယူနိုင်ခဲ့ပြီးနောက် ဝမ်ဘစ်ဆာခါဟာ ယူနိုက်တက်ရဲ့ဒုတိယမြောက်ခေါ်ယူမှုတစ်ရပ်လည်း ဖြစ်လာတော့မှာပါ။

လူညိုချော@SportsGabar