






unicode

အသင်းကိုဝေဖန်နေကြတဲ့အပေါ်တုန့်ပြန်မှုတွေပြုလုပ်လိုက်တဲ့ ဆီမြွန်နီ

အက်သလက်တီကိုနည်းပြ ဆီမြွန်နီကတော့ သူ့ရဲ့အသင်းနဲ့ပတ်သက်ပြီးလူတွေဝေဖန်နေကြတဲ့အပေါ်မှာ တုန့်ပြန်ပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။

ဆီမြွန်နီဟာ အက်သလက်တီကိုအသင်းကိုလွန်ခဲ့တဲ့(၂၀၁၁)ခုနှစ်ကစတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး၊ ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်နှစ်သင်းထဲသာကြီးစိုးနေတဲ့ လာလီဂါမှာ အသင်းကိုအကောင်းဆုံးဦးဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကောင်းတစ်ဦးဖြစ်ပြီးတော့ အသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးနည်းပြလို့တောင့် ပြောလို့ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။

အသက်(၄၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီမြွန်နီဟာ အက်သလက်တီကိုအသင်းကို လာလီဂါဖလား(၁)ကြိမ်၊ ယူရိုပါလိဂ်ဖလား(၂)ကြိမ်၊ ကိုပါဒယ်ရေးဖလား(၁)ကြိမ်၊ စူပါကိုပါဒယ် ဖလား(၁)ကြိမ်နဲ့ ယူအီးအက်ဖ်အေစူပါဖလား(၂)ကြိမ်တို့ကိုရယူပေးနိုင်ခဲ့ပြီး၊ ချန်ပီယံလိဂ်ဖိုင်နယ်ကိုလည်း(၂)ကြိမ်တိုင်တိုင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ လာလီဂါမှာဒုတိယနေရာနဲ့ရာသီသိမ်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်က အင်တာဗျုးတစ်ခုမှာ ဆီမြွန်နီက အသင်းကိုဝေဖန်နေကြတဲ့အပေါ်အခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ ဆီမြွန်နီက ” ပြီးခဲ့တဲ့နှစ်တွေအတွင်ကျွန်တော်တို့အသင်းရဲ့ အောင်မြင်မှုတွေကိုဘယ်သူကမှသတိမထားမိခဲ့ကြပါဘူး၊ ကျွန်တော်တို့ဟာ ချန်ပီယံတွေဖြစ်ခဲ့ရုံသာမကပဲ အသင်းရဲ့သမိုင်းကြောင်းကိုပြောင်းလဲနေတာပါ၊ ပြီးခဲ့တဲ့ခုနှစ်ကျော်အတွင်းမှာ ကျွန်တော်တို့က ဖလား(၇)လုံးရခဲ့ပြီးတော့ ဗိုလ်လုပွဲတွေကို(၃)ကြိမ်တက်ရောက်နိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့အသင်းရဲ့ အဆင့်အတန်းဟာ ဂျုဗင်တပ်နဲ့လီဗာပူးလ်တို့လိုအဆင့်မျိုးမှာရှိနေတာပါ ” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဆီမြန်ွနီပြောကြားခဲ့သလို ရီးရဲလ်နဲ့ဘာစီလိုနာတို့သာ ကြီးစိုးနေတဲ့ လာလီဂါမှာ အက်သလက်တီကိုအသင်းကို ထိပ်တန်းအသင်းစာရင်းဝင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး၊ အက်သလက်နဲ့ပတ်သက်တဲ့ ဝေဖန်ပြောဆိုနေမှုတွေဟာမမျှတဘူးလို့သာဆိုရမှာဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar