လာလီဂါတစ္ႏွစ္တာအေကာင္းဆံုးဂိုးဆုအတြက္ ဆန္ခါတင္စာရင္းထဲမွာ မက္ဆီရဲ႕ဂိုး ပါ၀င္လာ

မက္လအတြင္းက ကစားခဲ့တဲ့ ရီးရဲလ္ဘက္တစ္နဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ မက္ဆီရဲ႕ဂိုးဟာ ယခုႏွစ္လာလီဂါရဲ႕ အေကာင္းဆံုးသြင္းဂိုးဆုအတြက္ ဆန္ခါတင္စာရင္းမွာေရြးခ်ယ္ခံခဲ႔ရျပီး ဆုရဖို႔အတြက္လည္း ေရပန္းအစားဆံုးျဖစ္ေနပါတယ္။

ဘာစီလိုနာက ရီးရဲလ္ဘက္တစ္ကို (၄)ဂိုး (၁)ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ ပြဲရဲ႕ပြဲခ်ိန္ (၈၄)မိနစ္မွာ မက္ဆီဟာ ဂိုးသမားရဲ႕ဘယ္ဘက္အေပၚေထာင့္ထဲကို သာသာယာယာေက်ာ္ထည့္ခဲ့တာျဖစ္ပါတယ္။ ဘယ္ေတာင္ပံက ရာကီတစ္ရဲ႕ေျမလိမ့္ေဘာ ေပးပို႔မႈကို မက္ဆီက မဆိုင္းမတြပဲ ဘယ္ေျခနဲ႔ အလိုက္သင့္ လမ္းေၾကာင္းေျပာင္းကာ ကန္သြင္းယူခဲ့တာျဖစ္ျပီး ဘက္တစ္ဂိုးသမားလည္း ဘာမွမတက္ႏိုင္ခဲ့ပါဘူး။

အဆိုပါဂိုးဟာဆိုရင္ အလြန္လွပတဲ့ သြင္းဂိုးတစ္ဂိုးျဖစ္ခဲ့ျပီး ျပိဳင္ဘက္ရီးရဲလ္ဘက္တစ္ပရိသတ္ေတြရဲ႕ လက္ခုပ္တီး ဂုဏ္ျပဳျခင္းကိုေတာင္ ခံခဲ့ရပါတယ္။ ဒီပြဲမွာ မက္ဆီဟာ (၃)ဂိုးသြင္းကာ ဟက္ထရစ္ရယူႏိုင္ခဲ့ျပီး တိုက္ဆိုင္စြာနဲ႔ ဒီလွပတဲ့သြင္းဂိုးဟာလည္း သူ႔ကို ဟက္ထရစ္ရရွိေစမယ့္ တတိယေျမာက္ သြင္းဂိုးျဖစ္ခဲ့တာပါ။

ဆန္ခါတင္စာရင္းမွာ ပါ၀င္ခဲ့တဲ့ အျခားသြင္းဂိုးေတြကေတာ့ အက္သလက္တစ္ဘီလ္ဘာအိုအသင္းဘက္ကို သြင္းယူခဲ့တဲ့ ပါဘလိုေဖာ္နယ္စ္ရဲ႕ အေ၀းကန္ခ်က္သြင္းဂိုး၊ ဘက္တစ္နဲ႔ပြဲမွာ ဂ်ိဳ႕စ္လူး၀စ္ေမာ္ရာလက္ရဲ႕တစ္ကိုယ္ေတာ္အစြမ္းနဲ႔သြင္းယူခဲ့တဲ့ သြင္းဂိုး၊ ဟက္စ္ကာနဲ႔ပြဲမွာ ၾကိဳးစားအားထုတ္မႈေကာင္းေကာင္းနဲ႔ သြင္းယူခဲ့တဲ့ အာဂိုအက္စပက္ရဲ႕ဂိုးနဲ႔ ဘီဘာအိုနဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ ခ်ီမီအဗီလာရဲ႕ဒံုးပ်ံကန္ခ်က္ဂိုး စတဲ့ သြင္းဂိုးေတြပဲျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

လာလီဂါတစ်နှစ်တာအကောင်းဆုံး ဂိုးဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ မက်ဆီရဲ့ဂိုး ပါဝင်လာ

မက်လအတွင်းက ကစားခဲ့တဲ့ ရီးရဲလ်ဘက်တစ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ မက်ဆီရဲ့ဂိုးဟာ ယခုနှစ်လာလီဂါရဲ့ အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းမှာရွေးချယ်ခံခဲ့ရပြီး ဆုရဖို့အတွက်လည်း ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဘာစီလိုနာက ရီးရဲလ်ဘက်တစ်ကို (၄)ဂိုး (၁)ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲရဲ့ပွဲချိန် (၈၄)မိနစ်မှာ မက်ဆီဟာ ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲကို သာသာယာယာကျော်ထည့်ခဲ့တာဖြစ်ပါတယ်။ ဘယ်တောင်ပံက ရာကီတစ်ရဲ့မြေလိမ့်ဘော ပေးပို့မှုကို မက်ဆီက မဆိုင်းမတွပဲ ဘယ်ခြေနဲ့ အလိုက်သင့် လမ်းကြောင်းပြောင်းကာ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဘက်တစ်ဂိုးသမားလည်း ဘာမှမတက်နိုင်ခဲ့ပါဘူး။

အဆိုပါဂိုးဟာဆိုရင် အလွန်လှပတဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး ပြိုင်ဘက်ရီးရဲလ်ဘက်တစ်ပရိသတ်တွေရဲ့ လက်ခုပ်တီး ဂုဏ်ပြုခြင်းကိုတောင် ခံခဲ့ရပါတယ်။ ဒီပွဲမှာ မက်ဆီဟာ (၃)ဂိုးသွင်းကာ ဟက်ထရစ်ရယူနိုင်ခဲ့ပြီး တိုက်ဆိုင်စွာနဲ့ ဒီလှပတဲ့သွင်းဂိုးဟာလည်း သူ့ကို ဟက်ထရစ်ရရှိစေမယ့် တတိယမြောက် သွင်းဂိုးဖြစ်ခဲ့တာပါ။

ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ အခြားသွင်းဂိုးတွေကတော့ အက်သလက်တစ်ဘီလ်ဘာအိုအသင်းဘက်ကို သွင်းယူခဲ့တဲ့ ပါဘလိုဖော်နယ်စ်ရဲ့ အဝေးကန်ချက်သွင်းဂိုး၊ ဘက်တစ်နဲ့ပွဲမှာ ဂျို့စ်လူးဝစ်မော်ရာလက်ရဲ့တစ်ကိုယ်တော်အစွမ်းနဲ့သွင်းယူခဲ့တဲ့ သွင်းဂိုး၊ ဟက်စ်ကာနဲ့ပွဲမှာ ကြိုးစားအားထုတ်မှုကောင်းကောင်းနဲ့ သွင်းယူခဲ့တဲ့ အာဂိုအက်စပက်ရဲ့ဂိုးနဲ့ ဘီဘာအိုနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ချီမီအဗီလာရဲ့ဒုံးပျံကန်ချက်ဂိုး စတဲ့ သွင်းဂိုးတွေပဲဖြစ်ပါတယ်။

လူညိုချော@SportsGabar