ေမဂ်ာလိဂ္မွာ အံ့ဖြယ္သြင္းဂိုးတစ္ဂိုး သြင္းျပခဲ့တဲ့ ၀ိန္းရြန္းနီ

လက္ရွိ ဒီစီယူႏိုက္တက္အသင္းမွာကစားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မွဴးေဟာင္းၾကီး ၀ိန္းရြန္းနီဟာ ေမဂ်ာလိဂ္မွာ အံ့ဖြယ္ေကာင္းတဲ့သြင္းဂိုးတစ္ဂိုးကို သြင္းယူျပခဲ့ပါတယ္။

ျပီးခဲ့တဲ့ ညက ယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ ဒီစီယူႏိုက္တက္အသင္းနဲ႔ အိုလန္ဒိုစီးတီးအသင္းတို႔ရဲ႕ပြဲစဥ္မွာ ရြန္းနီဟာ ျပိဳင္ဘက္ဂိုးသမား ေ႔ရွထြက္ေနတာကို အခြင့္အေရးယူျပီး ကြင္းတစ္၀က္ေက်ာ္ကေ်ာ္ရွိတဲ့ အကြာအေ၀းကေန လွမ္းကန္သြင္းကာ လွပတဲ့သြင္းဂိုးတစ္ဂိုးကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ (၁၁)မိနစ္မွာ အိုလန္ဒိုစီးတီးအသင္းရဲ႕တိုက္စစ္ဆင္မႈကို ခုခံကာကြယ္ရင္း ဒီစီယူႏိုက္တက္အသင္းဟာ တန္ျပန္တိုက္စစ္ဆင္ခြင့္ရခဲ့ျပီး ရြန္းနီဆီေဘာလံုးေရာက္သြားခ်ိန္မွာေတာ့ အခုလို လွပတဲ့သြင္းဂိုးတစ္ဂိုးျဖစ္လာခဲ့တာပါ။ ေ႔ရွတက္ေနတဲ့ အိုလန္ဒိုဂိုးသမား အငိုက္မိသြားခဲ့ရျပီး၊ ရြန္းနီက သူ႔ကိုေက်ာ္ကာ လွလွပပကန္သြင္းယူသြားခဲ့လို႔ ဘယ္လိုမွမကာကြယ္ႏိုင္ပဲ ဂိုးေပးခဲ့ရပါတယ္။

ဒီဂိုးဟာ ရြန္းနီအတြက္ (၃)ဂိုးေျမာက္ ေမဂ်ာလိဂ္သြင္းဂိုး ျဖစ္ခဲ့ျပီး၊ ပရိသတ္ေတြနဲ႔ အသင္းေဖာ္ေတြကလည္း ဒီဂိုးနဲ႔ပတ္သက္ျပီး ရြန္းနီအေပၚ ခ်ီးက်ဴးေျပာဆိုမႈေတြ အသီးသီးျပဳလုပ္ခဲ့ၾကပါတယ္။ အဂၤလန္အသင္းတိုက္စစ္မွဴးေဟာင္း ရြန္းနီဟာ ျပီးခဲ့တဲ့ေဘာလံုးရာသီကမွ ဒီစီယူႏိုက္တက္ထံေရာက္ရွိလာခဲ့ေပမဲ့လည္း ကလပ္ရဲ႕တန္ဖိုးအရွိဆံုးကစားသမား ျဖစ္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

မေဂျာလိဂ်မှာ အံ့ဖွယ်သွင်းဂိုးတစ်ဂိုး သွင်းပြခဲ့တဲ့ ဝိန်းရွန်းနီ

လက်ရှိ ဒီစီယူနိုက်တက်အသင်းမှာကစားနေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းကြီး ဝိန်းရွန်းနီဟာ မေဂျာလိဂ်မှာ အံ့ဖွယ်ကောင်းတဲ့သွင်းဂိုးတစ်ဂိုးကို သွင်းယူပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဒီစီယူနိုက်တက်အသင်းနဲ့ အိုလန်ဒိုစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ ရွန်းနီဟာ ပြိုင်ဘက်ဂိုးသမား ေ့ရှထွက်နေတာကို အခွင့်အရေးယူပြီး ကွင်းတစ်ဝက်ကျော်ကျော်ရှိတဲ့ အကွာအဝေးကနေ လှမ်းကန်သွင်းကာ လှပတဲ့သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် (၁၁)မိနစ်မှာ အိုလန်ဒိုစီးတီးအသင်းရဲ့တိုက်စစ်ဆင်မှုကို ခုခံကာကွယ်ရင်း ဒီစီယူနိုက်တက်အသင်းဟာ တန်ပြန်တိုက်စစ်ဆင်ခွင့်ရခဲ့ပြီး ရွန်းနီဆီဘောလုံးရောက်သွားချိန်မှာတော့ အခုလို လှပတဲ့သွင်းဂိုးတစ်ဂိုးဖြစ်လာခဲ့တာပါ။ ေ့ရှတက်နေတဲ့ အိုလန်ဒိုဂိုးသမား အငိုက်မိသွားခဲ့ရပြီး၊ ရွန်းနီက သူ့ကိုကျော်ကာ လှလှပပကန်သွင်းယူသွားခဲ့လို့ ဘယ်လိုမှမကာကွယ်နိုင်ပဲ ဂိုးပေးခဲ့ရပါတယ်။

ဒီဂိုးဟာ ရွန်းနီအတွက် (၃)ဂိုးမြောက် မေဂျာလိဂ်သွင်းဂိုး ဖြစ်ခဲ့ပြီး၊ ပရိသတ်တွေနဲ့ အသင်းဖော်တွေကလည်း ဒီဂိုးနဲ့ပတ်သက်ပြီး ရွန်းနီအပေါ် ချီးကျူးပြောဆိုမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။ အင်္ဂလန်အသင်းတိုက်စစ်မှူးဟောင်း ရွန်းနီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ဒီစီယူနိုက်တက်ထံရောက်ရှိလာခဲ့ပေမဲ့လည်း ကလပ်ရဲ့တန်ဖိုးအရှိဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။

လူညိုချော@SportsGabar