ရီးရဲလ္မွာ လုကာဂ်ိဳဗစ္ ေအာင္ျမင္မႈ ရႏိုင္တဲ့ အေၾကာင္းအရင္း (၃) ရပ္

ျပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ရီးရဲလ္မက္ဒရစ္အသင္းဟာ ဘြန္ဒက္လီဂါကလပ္ ဖရန္႔ဖတ္ အသင္းရဲ႕တိုက္စစ္ကစားသမား လုကာဂ်ိဳဗစ္ ကို ေခၚယူႏိုင္ခဲ့ျပီျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ရီးရဲလ္ဟာ ဂ်ိဳဗစ္အတြက္ ယူရို သန္း (၆၀) အသံုးျပဳခဲ့ရျပီး၊ (၆) ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။
ရီးရဲလ္မက္ဒရစ္အသင္းဆိုတာ ကမာၻေပၚမွာ နာမည္ၾကီးကစားသမားေတြကို အစဥ္အဆက္ ေခၚယူခဲ့ဖူးတဲ့ ထိပ္သီး အသင္းျဖစ္ျပီး၊ ဘာေနဗ်ဴးမွာ မွန္းခ်က္နဲ႔ႏွမ္းထြက္ မကိုက္ခဲ့ပဲ က်ရံႈးခဲ့တဲ့ ကစားသမားေတြရွိခဲ့သလို၊ ေအာင္ျမင္မႈေတြ ရယူသြားႏိုင္ခဲ့တဲ့ ကစားသမားေတြလည္း အမ်ားအျပားပါပဲ။ အခုလည္း အသစ္ေခၚယူခဲ့တဲ့ ကစားသမား လုကာဂ်ိဳဗစ္အေနနဲ႔ ရီးရဲလ္မွာ ေအာင္ျမင္မႈရသြားႏိုင္ေလာက္တဲ့ အေၾကာင္းအရင္း (၃)ရပ္ကို ေဖာ္ျပေပးသြားခ်င္ပါတယ္။

(၁) အသက္အရြယ္အားျဖင့္ ငယ္ရြယ္မႈ

လုကာဂ်ိဳဗစ္ဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီအတြင္း ဘြန္ဒက္လီဂါမွာ ဖရန္႔ဖတ္အသင္းအတြက္ (၁၇) ဂိုးသြင္းယူႏိုင္ခဲ့ျပီး ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ တတိယခ်ိတ္ခဲ့ပါတယ္။ အသက္အရြယ္အားျဖင့္လည္း (၂၁)သာရွိေသးတာေၾကာင့္ ဂ်ိဳဗစ္ရဲ႕ေျခစြမ္းဟာ အနာဂတ္မွာ ဒီ့ထက္မကတိုးတက္လာဦးမွာပါ။ ရီးရဲလ္တိုက္စစ္မွဴး ဘန္ဇီမာကလည္း အသက္(၃၀) ေက်ာ္လာျပီျဖစ္တဲ့အတြက္ အရင္လို သူ႔ဆီကဂိုးေတြကို ေမွ်ာ္လင့္လို႔ မရေတာ့ပါဘူး။ ဒါေၾကာင့္ အဆန္စီရို၊ ဗင္နီရွပ္ တို႔လိုလူငယ္ကစားသမားေတြကို ေနရာေပးထားတဲ့ ရီးရဲလ္အသင္းမွာ လူငယ္တိုက္စစ္မွဴး လုကာဂ်ိဳဗစ္အေနနဲ႔ ေသခ်ာေပါက္ ေနရာတစ္ေနရာ ရဖို႔ရွိျပီး၊ သူ႔ရဲ႕သြင္းဂိုးေတြအတြက္ အခြင့္အေရး ပိုရွိလာမွာပါ။

(၂) ဂ်ိဳဗစ္ရဲ႕ကစားပံု

လုကာဂ်ိဳဗစ္ဟာ သူ႔ရဲ႕အရည္အေသြးကို ဖရန္႔ဖတ္နဲ႔အတူ သက္ေသျပခဲ့ျပီးျဖစ္လို႔ ကစားပံုကလည္း အထူးေျပာစရာမလိုေလာက္ေအာင္ကို ေကာင္းမြန္ျပီးသားျဖစ္ပါတယ္။ ျပိဳင္ဘက္အသင္းရဲ႕ပင္နယ္တီဧရိယာအတြင္းမွာ သူ႔ရဲ႕လႈပ္ရွားမႈက ပါးနပ္ျပီး၊ ျပိဳင္ဘက္အသင္းကို ဒုကၡေကာင္းေကာင္းၾကီးေပးတက္သူပါ။ ျပီးေတာ့ ဂ်ိဳဗစ္ဟာ အသင္းေဖာ္ေတြနဲ႔ နားလည္မႈရွိရွိ ခ်ိတ္ဆက္ကစားႏိုင္ရံုသာမက ဘယ္ေျခ၊ ညာေျခမေရြး ဂိုးသြင္းယူႏိုင္စြမ္းရွိျပီး၊ ေခါင္းတိုက္ဂိုးသြင္းယူရာမွာလည္း ထူးခ်ြန္သူျဖစ္ပါတယ္။ ဒါေၾကာင့္ ေရာ္နယ္ဒို ထြက္ခြာသြားျပီးတဲ့ေနာက္ ဂိုးရဖို႔ အတြက္ ဘန္ဇီမာတစ္ဦးတည္းအေပၚမွာ မွီခိုေနရတဲ့ ရီးရဲလ္အတြက္ အားကိုးရမွာ အေသအခ်ာပါပဲ။

(၃) ရီးရဲလ္အသင္းရဲ႕ ေရရွည္ရည္မွန္းခ်က္

လာမယ့္ေဘာလံုးရာသီေတြမွာ ရီးရဲလ္အသင္းရဲ႕တိုက္စစ္အတြက္ ဘန္ဇီမာဆီမွာ အရင္လို ငယ္ရြယ္ႏုပ်ိဳတဲ့ အရည္အေသြးေတြ ျမင္ေတြ႔ရဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါ့အျပင္ ဂိုးေတြအတြက္ အားကိုးရမယ့္ တိုက္စစ္မွဴးစစ္စစ္မ်ိဳးလည္း ရီးရဲလ္မွာ မရွိပါဘူး။ ဒီအတြက္ ရီးရဲလ္အသင္းဟာ ဂ်ိဳဗစ္ကိုေခၚယူခဲ့ျပီး၊ (၆) ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆိုခဲ့တာကို ၾကည့္ျခင္းအားျဖင့္ ဂ်ိိဳဗစ္အေနနဲ႔ တကယ္လို႔ ရီးရဲလ္မွာ ေရာက္ေရာက္ခ်င္း ေျခစြမ္းမျပႏိုင္ခဲ့ရင္ေတာင္မွ ၾကိဳးစားဖို႔ အခ်ိန္ေတြ အမ်ားၾကီးရဦးမွာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ရီးရဲလ်မှာ လုကာဂျိုဗစ် အောင်မြင်မှု ရနိုင်တဲ့ အကြောင်းအရင်း (၃) ရပ်

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ် အသင်းရဲ့တိုက်စစ်ကစားသမား လုကာဂျိုဗစ် ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ရီးရဲလ်ဟာ ဂျိုဗစ်အတွက် ယူရို သန်း (၆၀) အသုံးပြုခဲ့ရပြီး၊ (၆) နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အသင်းဆိုတာ ကမ္ဘာပေါ်မှာ နာမည်ကြီးကစားသမားတွေကို အစဉ်အဆက် ခေါ်ယူခဲ့ဖူးတဲ့ ထိပ်သီး အသင်းဖြစ်ပြီး၊ ဘာနေဗျူးမှာ မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ပဲ ကျရှုံးခဲ့တဲ့ ကစားသမားတွေရှိခဲ့သလို၊ အောင်မြင်မှုတွေ ရယူသွားနိုင်ခဲ့တဲ့ ကစားသမားတွေလည်း အများအပြားပါပဲ။ အခုလည်း အသစ်ခေါ်ယူခဲ့တဲ့ ကစားသမား လုကာဂျိုဗစ်အနေနဲ့ ရီးရဲလ်မှာ အောင်မြင်မှုရသွားနိုင်လောက်တဲ့ အကြောင်းအရင်း (၃)ရပ်ကို ဖော်ပြပေးသွားချင်ပါတယ်။

(၁) အသက်အရွယ်အားဖြင့် ငယ်ရွယ်မှု

လုကာဂျိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဘွန်ဒက်လီဂါမှာ ဖရန့်ဖတ်အသင်းအတွက် (၁၇) ဂိုးသွင်းယူနိုင်ခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ တတိယချိတ်ခဲ့ပါတယ်။ အသက်အရွယ်အားဖြင့်လည်း (၂၁)သာရှိသေးတာကြောင့် ဂျိုဗစ်ရဲ့ခြေစွမ်းဟာ အနာဂတ်မှာ ဒီ့ထက်မကတိုးတက်လာဦးမှာပါ။ ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာကလည်း အသက်(၃၀) ကျော်လာပြီဖြစ်တဲ့အတွက် အရင်လို သူ့ဆီကဂိုးတွေကို မျှော်လင့်လို့ မရတော့ပါဘူး။ ဒါကြောင့် အဆန်စီရို၊ ဗင်နီရှပ် တို့လိုလူငယ်ကစားသမားတွေကို နေရာပေးထားတဲ့ ရီးရဲလ်အသင်းမှာ လူငယ်တိုက်စစ်မှူး လုကာဂျိုဗစ်အနေနဲ့ သေချာပေါက် နေရာတစ်နေရာ ရဖို့ရှိပြီး၊ သူ့ရဲ့သွင်းဂိုးတွေအတွက် အခွင့်အရေး ပိုရှိလာမှာပါ။

(၂) ဂျိုဗစ်ရဲ့ကစားပုံ

လုကာဂျိုဗစ်ဟာ သူ့ရဲ့အရည်အသွေးကို ဖရန့်ဖတ်နဲ့အတူ သက်သေပြခဲ့ပြီးဖြစ်လို့ ကစားပုံကလည်း အထူးပြောစရာမလိုလောက်အောင်ကို ကောင်းမွန်ပြီးသားဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ပင်နယ်တီဧရိယာအတွင်းမှာ သူ့ရဲ့လှုပ်ရှားမှုက ပါးနပ်ပြီး၊ ပြိုင်ဘက်အသင်းကို ဒုက္ခကောင်းကောင်းကြီးပေးတက်သူပါ။ ပြီးတော့ ဂျိုဗစ်ဟာ အသင်းဖော်တွေနဲ့ နားလည်မှုရှိရှိ ချိတ်ဆက်ကစားနိုင်ရုံသာမက ဘယ်ခြေ၊ ညာခြေမရွေး ဂိုးသွင်းယူနိုင်စွမ်းရှိပြီး၊ ခေါင်းတိုက်ဂိုးသွင်းယူရာမှာလည်း ထူးချွန်သူဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒို ထွက်ခွာသွားပြီးတဲ့နောက် ဂိုးရဖို့ အတွက် ဘန်ဇီမာတစ်ဦးတည်းအပေါ်မှာ မှီခိုနေရတဲ့ ရီးရဲလ်အတွက် အားကိုးရမှာ အသေအချာပါပဲ။

(၃) ရီးရဲလ်အသင်းရဲ့ ရေရှည်ရည်မှန်းချက်

လာမယ့်ဘောလုံးရာသီတွေမှာ ရီးရဲလ်အသင်းရဲ့တိုက်စစ်အတွက် ဘန်ဇီမာဆီမှာ အရင်လို ငယ်ရွယ်နုပျိုတဲ့ အရည်အသွေးတွေ မြင်တွေ့ရဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် ဂိုးတွေအတွက် အားကိုးရမယ့် တိုက်စစ်မှူးစစ်စစ်မျိုးလည်း ရီးရဲလ်မှာ မရှိပါဘူး။ ဒီအတွက် ရီးရဲလ်အသင်းဟာ ဂျိုဗစ်ကိုခေါ်ယူခဲ့ပြီး၊ (၆) နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာကို ကြည့်ခြင်းအားဖြင့် ဂျိုဗစ်အနေနဲ့ တကယ်လို့ ရီးရဲလ်မှာ ရောက်ရောက်ချင်း ခြေစွမ်းမပြနိုင်ခဲ့ရင်တောင်မှ ကြိုးစားဖို့ အချိန်တွေ အများကြီးရဦးမှာဖြစ်ပါတယ်။

လူညိုချော@SportsGabar