စီေရာ္နယ္ဒိုျဖစ္ခ်င္ခ့ဲတာဆိုတ့ဲ ဒီလစ္

ဂ်ဳဗင္တပ္ကိုေရာက္ရွိဖို႔နီးစပ္ေနတ့ဲ ဒီလစ္ဟာ သူ႔ရဲ႕ငယ္ဘ၀အိပ္မက္က စီေရာ္နယ္ဒို ျဖစ္ခ်င္ခ့ဲတာဆိုျပီး ဂ်ဳဗင္တပ္အသင္းရဲ႕တိုက္စစ္မွဴးၾကီးကိုခ်ီးမႊမ္းခန္းဖြင့္ခ့ဲပါတယ္။

ျပီးခ့ဲတ့ဲခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ စီေရာ္နယ္ဒိုဦးေဆာင္တ့ဲ ဂ်ဳဗင္တပ္ကို ေနာက္ေကာက္ခ်ႏိုင္ခ့ဲတ့ဲ ေအဂ်က္အသင္းမွာ အဓိက ကစားသမားျဖစ္ခ့ဲတ့ဲ ဒီလစ္ဟာ ငယ္ရြယ္ျပီး၊ တက္ၾကြတ့ဲကစားဟန္ေတြေၾကာင့္ ဥေရာပအသင္းၾကီးေတြရဲ႕အဓိကပစ္မွတ္ျဖစ္ေနတာျဖစ္ပါတယ္။ ဒီလစ္ကုိေခၚယူဖို႔ မန္ယူႏိုက္တက္၊ ဘာစီလိုနာနဲ႔ ဂ်ဳဗင္တပ္အသင္းတို႔က ခ်ိတ္ဆက္ေနတာျဖစ္ျပီး၊ သတင္းေတြအရ ဂ်ဳဗင္တပ္ကိုေရာက္ရွိဖို႔ ရာခိုင္ႏႈန္းမ်ားေနတယ္လို႔သိရပါတယ္။

ဒီလစ္ဟာ ျပီးခ့ဲတ့ဲရက္ပိုင္းက သူ႔ရဲ႕ငယ္ဘ၀နဲ႔ပတ္သက္ျပီး ေျပာဆိုမႈအခ်ိဳ႕ျပဳလုပ္သြားခ့ဲပါတယ္။ ဒီလစ္က ” ကၽြန္ေတာ္တို႔ ငယ္ငယ္ကသူငယ္ခ်င္းေတြနဲ႔ ဥယ်ာဥ္ထဲမွာေဘာလံုးကစားတ့ဲအခ်ိန္ကဆို ကၽြန္ေတာ္ကအျမဲတမ္း စီေရာ္နယ္ဒိုျဖစ္ခ်င္ခ့ဲတာကို အမွတ္ရေနမိေသးတယ္၊ အ့ဲဒီတုန္းကဆိုကၽြန္ေတာ္မွာ သူ႔ရဲ႕ဂ်ာစီေတြရွိတယ္ဗ်၊ သူ မန္ယူႏိုက္တက္အတြက္ကစားေနတုန္းကဆို အရမ္းမိုက္ခ့ဲတာဗ်ာ ” လို႔ စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ငယ္ဘ၀တုန္းက အိုင္ေဒါတစ္ေယာက္ျဖစ္ခ့ဲတ့ဲအေၾကာင္းကို ေျပာျပသြားခ့ဲပါတယ္။

လက္ရွိမွာေတာ့ ဒီလစ္ဟာသူ႔ရဲ႕အိုင္ေဒါနဲ႔တစ္သင္းထဲအတူကစားခြင့္ရမယ့္ အခြင့္အေရးကိုပိုင္ဆိုင္ေနျပီပဲျဖစ္ပါတယ္။ အေစာပိုင္းက ဒီလစ္ဟာ မန္ယူႏိုက္တက္နဲ႔ ဘာစီလိုနာတို႔ကိုေရာက္ရွိဖို႔ ပိုျပီးေတာ့နီးစပ္တ့ဲ အေျခအေနကိုေရာက္ရွိခ့ဲျပီး၊ ေနာက္ပိုင္းမွာေတာ့ ဂ်ဳဗင္တပ္ကိုေရာက္ရွိဖို႔ ပိုျပီးနီးစပ္လာခ့ဲတာျဖစ္ပါတယ္။ ဘာစီလိုနာကလည္း ဒီလစ္ကိုရရွိဖို႔ အခြင့္အေရးနည္းသြားျပီျဖစ္တာေၾကာင့္ မန္ယူႏိုက္တက္ ေနာက္ခံလူ လင္ဒီေလာ့ကို ခ်ိန္ရြယ္ေနျပီပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဒီလစ္ဟာဂ်ဳဗင္တပ္ကိုပဲေရာက္ရွိဖို႔ေသခ်ာေနျပီး၊ ဂ်ဳဗင္တပ္နဲ႔လည္း ႏႈတ္အားျဖင့္သေဘာတူညီမႈရခ့ဲျပီလို႔လည္းသတင္းေတြထြက္ေပၚေနျပီျဖစ္ပါတယ္။ မၾကာခင္မွာပဲ ဒီလစ္ရဲ႕အျပီးသတ္အေျပာင္းအေရႊ႕သတင္းကို ၾကားရဖို႔ရွိေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

စီရော်နယ်ဒိုဖြစ်ချင်ခဲ့တာဆိုတဲ့ ဒီလစ်

ဂျုဗင်တပ်ကိုရောက်ရှိဖို့နီးစပ်နေတဲ့ ဒီလစ်ဟာ သူ့ရဲ့ငယ်ဘဝအိပ်မက်က စီရော်နယ်ဒို ဖြစ်ချင်ခဲ့တာဆိုပြီး ဂျုဗင်တပ်အသင်းရဲ့တိုက်စစ်မှူးကြီးကိုချီးမွှမ်းခန်းဖွင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ စီရော်နယ်ဒိုဦးဆောင်တဲ့ ဂျုဗင်တပ်ကို နောက်ကောက်ချနိုင်ခဲ့တဲ့ အေဂျက်အသင်းမှာ အဓိက ကစားသမားဖြစ်ခဲ့တဲ့ ဒီလစ်ဟာ ငယ်ရွယ်ပြီး၊ တက်ကြွတဲ့ကစားဟန်တွေကြောင့် ဥရောပအသင်းကြီးတွေရဲ့အဓိကပစ်မှတ်ဖြစ်နေတာဖြစ်ပါတယ်။ ဒီလစ်ကိုခေါ်ယူဖို့ မန်ယူနိုက်တက်၊ ဘာစီလိုနာနဲ့ ဂျုဗင်တပ်အသင်းတို့က ချိတ်ဆက်နေတာဖြစ်ပြီး၊ သတင်းတွေအရ ဂျုဗင်တပ်ကိုရောက်ရှိဖို့ ရာခိုင်နှုန်းများနေတယ်လို့သိရပါတယ်။

ဒီလစ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ငယ်ဘဝနဲ့ပတ်သက်ပြီး ပြောဆိုမှုအချို့ပြုလုပ်သွားခဲ့ပါတယ်။ ဒီလစ်က ” ကျွန်တော်တို့ ငယ်ငယ်ကသူငယ်ချင်းတွေနဲ့ ဥယျာဉ်ထဲမှာဘောလုံးကစားတဲ့အချိန်ကဆို ကျွန်တော်ကအမြဲတမ်း စီရော်နယ်ဒိုဖြစ်ချင်ခဲ့တာကို အမှတ်ရနေမိသေးတယ်၊ အဲ့ဒီတုန်းကဆိုကျွန်တော်မှာ သူ့ရဲ့ဂျာစီတွေရှိတယ်ဗျ၊ သူ မန်ယူနိုက်တက်အတွက်ကစားနေတုန်းကဆို အရမ်းမိုက်ခဲ့တာဗျာ ” လို့ စီရော်နယ်ဒိုဟာ သူ့ရဲ့ငယ်ဘဝတုန်းက အိုင်ဒေါတစ်ယောက်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီလစ်ဟာသူ့ရဲ့အိုင်ဒေါနဲ့တစ်သင်းထဲအတူကစားခွင့်ရမယ့် အခွင့်အရေးကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ အစောပိုင်းက ဒီလစ်ဟာ မန်ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ကိုရောက်ရှိဖို့ ပိုပြီးတော့နီးစပ်တဲ့ အခြေအနေကိုရောက်ရှိခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ဂျုဗင်တပ်ကိုရောက်ရှိဖို့ ပိုပြီးနီးစပ်လာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကလည်း ဒီလစ်ကိုရရှိဖို့ အခွင့်အရေးနည်းသွားပြီဖြစ်တာကြောင့် မန်ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ကို ချိန်ရွယ်နေပြီပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီလစ်ဟာဂျုဗင်တပ်ကိုပဲရောက်ရှိဖို့သေချာနေပြီး၊ ဂျုဗင်တပ်နဲ့လည်း နှုတ်အားဖြင့်သဘောတူညီမှုရခဲ့ပြီလို့လည်းသတင်းတွေထွက်ပေါ်နေပြီဖြစ်ပါတယ်။ မကြာခင်မှာပဲ ဒီလစ်ရဲ့အပြီးသတ်အပြောင်းအရွှေ့သတင်းကို ကြားရဖို့ရှိနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar