အက္သလက္အသင္းကဂ်ာအိုဖိလစ္ကိုယူရိုသန္း(၁၂၀)နဲ႔ကမ္းလွမ္းခဲ့တယ္လို႔ဘင္ဖီကာအတည္ျပဳ

စပိန္ကလပ္ အက္သလက္တီကိုမက္ဒရစ္အသင္းအေနနဲ႔ ဘင္ဖီကာအသင္းရဲ႕ ေပၚတူဂီေတာင္ပံကစားသမား ဂ်ာအိုဖိလစ္ကို ယူရိုသန္း(၁၂၀) (ေဒၚလာ ၁၄၃.၁၆ သန္း) ပမာဏနဲ႔ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

ဒီသတင္းကိုေတာ့ ဘင္ဖီကာအသင္းကိုယ္တိုင္က အတည္ျပဳထုတ္ျပန္ခဲ့တာျဖစ္ျပီး အက္သလက္တီကိုအသင္းအေနနဲ႔ ဒီေျပာင္းေရႊ႕ေၾကးပမာဏအတိုင္းသာ ဂ်ာအိုဖိလစ္ကို ေခၚယူႏိုင္ခဲ့ရင္ အသင္းသမိုင္းတစ္ေလွ်ာက္ ေစ်းအၾကီးဆံုးကစားသမားျဖစ္လာေတာ့မွာပါ။

အက္သလက္တီကို အသင္းအေနနဲ႔ ျပီးခဲ့တဲ့ေဘာလံုးရာသီမွာ ျပင္သစ္လိဂူးကလပ္ မိုနာကိုအသင္းထံကေန ေသာမက္လီမာကို ယူရိုသန္း(၇၀)နဲ႔ေခၚယူခဲ့ျပီး ေျပာင္းေရႊ႕ေၾကးအျမင့္ဆံုးအျဖစ္ စံခ်ိန္တင္ထားခဲ့တာလည္းျဖစ္ပါတယ္။ အသက္ (၁၉)ႏွစ္အရြယ္သာရွိေသးတဲ့ ဂ်ာအိုဖိလစ္ဟာ ျပီးခဲ့တဲ့ရာသီက ဘင္ဖီကာအသင္းအတြက္ ပြဲေပါင္း(၄၃)ပြဲကစားခဲ့ျပီး၊ ဂိုး(၂၀)သြင္းကာ (၁၁)ၾကိမ္ဂိုးဖန္တီးမႈျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။

ဒီလိုအထင္ၾကီးဖြယ္ စြမ္းေဆာင္ရည္ေတြေၾကာင့္ ဂ်ာအိုဖိလစ္ကို မန္ခ်က္စတာျမိဳ႕ခံႏွစ္သင္းအပါအ၀င္ ဥေရာပအင္အားၾကီးအသင္းေတာ္ေတာ္မ်ားမ်ားကလည္း စိတ္၀င္စားလ်က္ရွိျပီး၊ အက္သလက္တီကိုက လက္ဦးမႈရယူႏိုင္ဖို႔ အခုလို ဘင္ဖီကာ မျငင္းႏိုင္ေလာက္တဲ့ ေၾကးနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အက်သလက်အသင်းကဂျာအိုဖိလစ်ကိုယူရိုသန်း(၁၂၀)နဲ့ကမ်းလှမ်းခဲ့တယ်လို့ဘင်ဖီကာအတည်ပြု

စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီတောင်ပံကစားသမား ဂျာအိုဖိလစ်ကို ယူရိုသန်း(၁၂၀) (ဒေါ်လာ ၁၄၃.၁၆ သန်း) ပမာဏနဲ့ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကိုတော့ ဘင်ဖီကာအသင်းကိုယ်တိုင်က အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပြီး အက်သလက်တီကိုအသင်းအနေနဲ့ ဒီပြောင်းရွှေ့ကြေးပမာဏအတိုင်းသာ ဂျာအိုဖိလစ်ကို ခေါ်ယူနိုင်ခဲ့ရင် အသင်းသမိုင်းတစ်လျှောက် ဈေးအကြီးဆုံးကစားသမားဖြစ်လာတော့မှာပါ။

အက်သလက်တီကို အသင်းအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြင်သစ်လိဂူးကလပ် မိုနာကိုအသင်းထံကနေ သောမက်လီမာကို ယူရိုသန်း(၇၀)နဲ့ခေါ်ယူခဲ့ပြီး ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားခဲ့တာလည်းဖြစ်ပါတယ်။ အသက် (၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဂျာအိုဖိလစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းအတွက် ပွဲပေါင်း(၄၃)ပွဲကစားခဲ့ပြီး၊ ဂိုး(၂၀)သွင်းကာ (၁၁)ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဒီလိုအထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေကြောင့် ဂျာအိုဖိလစ်ကို မန်ချက်စတာမြို့ခံနှစ်သင်းအပါအဝင် ဥရောပအင်အားကြီးအသင်းတော်တော်များများကလည်း စိတ်ဝင်စားလျက်ရှိပြီး၊ အက်သလက်တီကိုက လက်ဦးမှုရယူနိုင်ဖို့ အခုလို ဘင်ဖီကာ မငြင်းနိုင်လောက်တဲ့ ကြေးနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

လူညိုချော@SportsGabar