မန္ယူႏိုက္တက္ကိုသာေျပာင္းေရႊ႕လိုေနတ့ဲ ဘရူႏိုုဖာနန္ဒက္စ္

မန္ယူႏိုက္တက္ကေခၚယူဖို႔စိတ္၀င္ေစားေနတ့ဲ စပို႔တင္းလစၥဘြန္းကစားသမား ဖာနန္ဒက္စ္ကို စပါးနဲ႔ လီဗာပူးလ္တို႔ကလည္းေခၚယူဖို႔စိတ္၀င္စားေနတာျဖစ္ပါတယ္။ ဒါေပမ့ဲ ဖာနန္ဒက္စ္ဟာ မန္ယူႏိုက္တက္ကိုသာေျပာင္းေရႊ႕ဖို႔အလိုရွိေနတယ္လို႔သိရပါတယ္။ ဖာနန္ဒက္စ္ဟာ မန္ယူႏိုက္တက္နဲ႔သတင္းေတြထြက္ေနတာအခ်ိန္ၾကာျမင့္ျပီျဖစ္ေပမ့ဲ အေျပာင္းအေေရႊ႕ဟာ အခုခ်ိန္ထိအျပီးမသတ္ႏိုင္ေသးပဲ မန္ယူႏိုက္တက္ရဲ႕ျပိဳင္ဘက္လီဗာပူးလ္ကလည္း ဖာနန္ဒက္စ္ကိုေခၚယူႏိုင္လိမ့္မယ္လို႔ယံုၾကည္ေနတယ္လို႔လည္းသိရပါတယ္။

ဖာနန္ဒက္စ္ဟာ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာ စပို႔တင္းလစၥဘြြန္းအတြက္ အမွတ္ေပးျပိဳင္ပြဲမွာ (၃၃)ပြဲပါ၀င္ကစားေပးခ့ဲျပီး၊ သြင္းဂိုး(၂၀)နဲ႔ဂိုးဖန္တီးမႈ (၁၃)ၾကိမ္ျပဳလုပ္ေပးထားႏိုင္ခ့ဲျပီး၊ ေျခစြမ္းျပႏိုင္ခ့ဲတ့ဲကစားသမားတစ္ေယာက္ျဖစ္ခ့ဲပါတယ္။ ေပၚတူဂီအသင္းမွာလည္း ေရြးခ်ယ္ခံခ့ဲရျပီး၊ ျပီးခ့ဲတ့ဲေနရွင္လိဂ္ျပိဳင္ပြဲမွာလည္း ေပၚတူဂီအသင္းနဲ႔အတူ ဗိုလ္စြဲႏိုင္ခ့ဲပါတယ္။

ဖာနန္ဒက္စ္ရဲ႕ေျခစြမ္းေတြေၾကာင့္ ဥေရာပအသင္းၾကီးေတြရဲ႕ မ်က္စိက်ျခင္းကိုခံေနရျပီး၊ လက္ရွိဖာနန္ဒက္စ္ကို ေခၚယူဖို႔ မန္ယူႏိုက္တက္၊ လီဗာပူးလ္နဲ႔ စပါးတို႔ကေခၚယူဖို႔ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။ မန္ယူႏိုက္တက္ကေတာ့ လီဗာပူးလ္နဲ႔ စပါးတို႔ထက္ ဖာနန္ဒက္စ္ကိုေခၚယူႏိုင္ဖို႔အခြင့္သာေနတာျဖစ္ပါတယ္။ ကစားသမားကိုယ္တိုင္ကလည္း မန္ယူႏိုက္တက္ကိုသာေျပာင္းေရႊ႕ဖို႔အလိုရွိေနတယ္လို႔ သိရပါတယ္။

မန္ယူႏိုက္တက္ဟာ ဖာနန္ဒက္စ္အတြက္ ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၇၀)နဲ႔ေခၚယူႏိုင္ဖို႔ ေမ်ွာ္လင့္ထားတယ္လို႔လည္းသိရပါတယ္။ လက္ရွိေစ်းကြက္ထဲမွာ မန္ယူႏိုက္တက္ဟာ ဆြမ္ဆီးက ဂ်ိမ္းစ္နဲ႔ ခရစၥတယ္ပဲေလ့ က ဘစ္ဆာခါတို႔ကိုေခၚယူႏိုင္ခ့ဲျပီျဖစ္တာေၾကာင့္ ဖာနန္ဒက္စ္ကိုပါေခၚယူႏိုင္ခ့ဲမယ္ဆိုရင္ ဒီေႏြရာသီမွာ မန္ယူႏိုက္တက္ရဲ႕ကစားေခၚယူမႈ ဟာ အျပီးသတ္သေလာက္ရွိသြားမွာျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မန်ယူနိုက်တက်ကိုသာပြောင်းရွှေ့လိုနေတဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ယူနိုက်တက်ကခေါ်ယူဖို့စိတ်ဝင်စေားနေတဲ့ စပို့တင်းလစ္စဘွန်းကစားသမား ဖာနန်ဒက်စ်ကို စပါးနဲ့ လီဗာပူးလ်တို့ကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်ကိုသာပြောင်းရွှေ့ဖို့အလိုရှိနေတယ်လို့သိရပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်နဲ့သတင်းတွေထွက်နေတာအချိန်ကြာမြင့်ပြီဖြစ်ပေမဲ့ အပြောင်းအေရွှေ့ဟာ အခုချိန်ထိအပြီးမသတ်နိုင်သေးပဲ မန်ယူနိုက်တက်ရဲ့ပြိုင်ဘက်လီဗာပူးလ်ကလည်း ဖာနန်ဒက်စ်ကိုခေါ်ယူနိုင်လိမ့်မယ်လို့ယုံကြည်နေတယ်လို့လည်းသိရပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ စပို့တင်းလစ္စဘွန်းအတွက် အမှတ်ပေးပြိုင်ပွဲမှာ (၃၃)ပွဲပါဝင်ကစားပေးခဲ့ပြီး၊ သွင်းဂိုး(၂၀)နဲ့ဂိုးဖန်တီးမှု (၁၃)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပြီး၊ ခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းမှာလည်း ရွေးချယ်ခံခဲ့ရပြီး၊ ပြီးခဲ့တဲ့နေရှင်လိဂ်ပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ရဲ့ခြေစွမ်းတွေကြောင့် ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျခြင်းကိုခံနေရပြီး၊ လက်ရှိဖာနန်ဒက်စ်ကို ခေါ်ယူဖို့ မန်ယူနိုက်တက်၊ လီဗာပူးလ်နဲ့ စပါးတို့ကခေါ်ယူဖို့ချိတ်ဆက်နေတာဖြစ်ပါတယ်။ မန်ယူနိုက်တက်ကတော့ လီဗာပူးလ်နဲ့ စပါးတို့ထက် ဖာနန်ဒက်စ်ကိုခေါ်ယူနိုင်ဖို့အခွင့်သာနေတာဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း မန်ယူနိုက်တက်ကိုသာပြောင်းရွှေ့ဖို့အလိုရှိနေတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၇၀)နဲ့ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်းသိရပါတယ်။ လက်ရှိဈေးကွက်ထဲမှာ မန်ယူနိုက်တက်ဟာ ဆွမ်ဆီးက ဂျိမ်းစ်နဲ့ ခရစ္စတယ်ပဲလေ့ က ဘစ်ဆာခါတို့ကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ဖာနန်ဒက်စ်ကိုပါခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒီနွေရာသီမှာ မန်ယူနိုက်တက်ရဲ့ကစားခေါ်ယူမှု ဟာ အပြီးသတ်သလောက်ရှိသွားမှာဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar