မ်က္လံုးတစ္လံုးအတြက္ မ်က္လံုးတစ္လံုးေပးဆပ္ရမယ့္ အာဆင္နယ္

အာဆင္နယ္အသင္းဟာ ခရစၥတယ္ပဲေလ့အသင္းရဲ႕တိုက္စစ္မွဴး ဇာဟာကို ဒီေႏြေစ်းကြက္ထဲမွာေခၚယူဖို႔စိတ္၀င္စားေနတယ္လို႔သိရပါတယ္။ ဒါေပမ့ဲလည္း အာဆင္နယ္အသင္းအသင္းအေနနဲ႔ ခရစၥတယ္ပဲေလ့တိုက္စစ္မွဴးဇာဟာကိုေခၚယူဖို႔ အတြက္ အသင္းရဲ႕အဓိကတိုက္စစ္မွဴးအူဘာမီယန္ကို အရင္ေရာင္းခ်ရဖို႔လိုအပ္ေနတယ္လို႔သိရပါတယ္။

အာဆင္နယ္အသင္းအေနဟာဇာဟာကိုေခၚယူဖို႔စိတ္၀င္စားေနတာၾကာျပီျဖစ္ျပီး၊ ကစားသမားရဲ႕ေျပာင္းေရႊ႕ေၾကးေၾကာင့္ေခၚယူဖို႔အခက္ေတြ႔ေနတာျဖစ္တယ္လို႔သိရပါတယ္။ ခရစၥတယ္ပဲေလ့အသင္းဟာဇာဟာကိုေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း(၈၀)သက္မွတ္ထားတာျဖစ္ျပီး၊ ဒီပမာဏဟာ အေျပာင္းအေရႊ႕အသံုးစရိတ္ ေပါင္(၄၅)သန္းသာရရွိထားတ့ဲ အာဆင္နယ္အတြက္ေတာ့ လက္လွမ္းမွီစရာအေၾကာင္းမရွိတာပဲျဖစ္ပါတယ္။

ဒါေပမ့ဲလည္းအာဆင္နယ္ဟာ အသင္းရဲ႕တိုက္စစ္ပိုင္းကိုျပင္ဆင္ဖို႔အလိုရွိေနတာျဖစျ္ပီး၊ ဇာဟာကိုေခၚယူႏိုင္ဖို႔အတြက္ အသင္းရဲ႕တိုက္စစ္မွဴး အူဘာမီယန္ကို ျပန္လည္ေရာင္းခ်ဖို႔စီစဥ္ေနတယ္လို႔သိရပါတယ္။ ဒီအေနအထားဟာ အာဆင္နယ္အတြက္ေတာ့ စြန္႔စြားရာက်လြန္းေနျပီး၊ အသင္းမွာေျခစြမ္းျပျပီးဂိုးေတြသြင္းေပးထားႏိုင္တ့ဲ တိုက္စစ္မွဴးတစ္ေယာက္ကို ကစားသစ္အတြက္ အခုလိုရင္းတာဟာတကယ္ကို ၾကီးမားတ့ဲ စိန္ခၚမႈတစ္ခုလည္းျဖစ္ပါတယ္။

မန္ယူႏိုက္တက္အသင္းကလည္း ခရစၥတယ္ပဲေလ့ေနာက္ခံလူ ဘစ္ဆာခါကို ေခၚယူဖို႔သေဘာတူညီမႈရျပီးတ့ဲေနာက္မွာ ဇာဟာကိုပါေခၚယူႏိုင္ဖို႔ျပင္ဆင္ေနျပီလို႔သိရပါတယ္။ ျပိဳင္ဘက္အသင္းေတြဟာ အသင္းကိုျပန္လည္ျပင္ဆင္ဖို႔အတြက္ ေငြအေျမာက္အမ်ားသံုးကာျပင္ဆင္မႈေတြျပဳလုပ္ေနခ်ိန္မွာ အာဆင္နယ္အသင္းကေတာ့ ေပါင္(၄၅)သန္းနဲ႔ ရြာလည္ေနျပီး၊ ကားသမားတစ္ေယာက္ေခၚခ်င္ရင္ အသင္းမွာရွိတ့ဲကစားသမားတစ္ေယာက္ကိုျပန္ေရာင္းရမယ့္အေနအထားမ်ိဳးေရာက္ေနတာျဖစ္ပါတယ္။

မန္ယူႏိုက္တက္ကလည္း ဇာဟာကိုေခၚယူဖို႔ျပင္ဆင္လာခ်ိန္မွာအာဆင္နယ္အေနနဲ႔အူဘာမီယန္ကိုအျမန္ေရာင္းခ်ျပီး၊ ဇာဟာကိုမန္ယူႏို္က္တက္ထက္ လက္ဦးမႈရယူျပီးေခၚယူႏိုင္မလားဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ျပီး၊ အာဆင္နယ္ရဲ႕အျဖစ္က ငယ္ငယ္သမိုင္းစာအုပ္ထဲမွာသင္ခ့ဲရဖူးတ့ဲ ဟမ္မူယာဘီရဲ႕ကိုဒဥပေဒလို မ်က္လံုးတစ္လံးအတြက္ မ်က္လံုးတစ္လံုးျပန္ေပးရမယ့္အျဖစ္မ်ိဳးဆိုက္ေနတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပေးဆပ်ရမယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့အသင်းရဲ့တိုက်စစ်မှူး ဇာဟာကို ဒီနွေဈေးကွက်ထဲမှာခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဒါပေမဲ့လည်း အာဆင်နယ်အသင်းအသင်းအနေနဲ့ ခရစ္စတယ်ပဲလေ့တိုက်စစ်မှူးဇာဟာကိုခေါ်ယူဖို့ အတွက် အသင်းရဲ့အဓိကတိုက်စစ်မှူးအူဘာမီယန်ကို အရင်ရောင်းချရဖို့လိုအပ်နေတယ်လို့သိရပါတယ်။

အာဆင်နယ်အသင်းအနေဟာဇာဟာကိုခေါ်ယူဖို့စိတ်ဝင်စားနေတာကြာပြီဖြစ်ပြီး၊ ကစားသမားရဲ့ပြောင်းရွှေ့ကြေးကြောင့်ခေါ်ယူဖို့အခက်တွေ့နေတာဖြစ်တယ်လို့သိရပါတယ်။ ခရစ္စတယ်ပဲလေ့အသင်းဟာဇာဟာကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၈၀)သက်မှတ်ထားတာဖြစ်ပြီး၊ ဒီပမာဏဟာ အပြောင်းအရွှေ့အသုံးစရိတ် ပေါင်(၄၅)သန်းသာရရှိထားတဲ့ အာဆင်နယ်အတွက်တော့ လက်လှမ်းမှီစရာအကြောင်းမရှိတာပဲဖြစ်ပါတယ်။

ဒါပေမဲ့လည်းအာဆင်နယ်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကိုပြင်ဆင်ဖို့အလိုရှိနေတာဖြြစ်ပီး၊ ဇာဟာကိုခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်ကို ပြန်လည်ရောင်းချဖို့စီစဉ်နေတယ်လို့သိရပါတယ်။ ဒီအနေအထားဟာ အာဆင်နယ်အတွက်တော့ စွန့်စွားရာကျလွန်းနေပြီး၊ အသင်းမှာခြေစွမ်းပြပြီးဂိုးတွေသွင်းပေးထားနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်ကို ကစားသစ်အတွက် အခုလိုရင်းတာဟာတကယ်ကို ကြီးမားတဲ့ စိန်ခါ်မှုတစ်ခုလည်းဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းကလည်း ခရစ္စတယ်ပဲလေ့နောက်ခံလူ ဘစ်ဆာခါကို ခေါ်ယူဖို့သဘောတူညီမှုရပြီးတဲ့နောက်မှာ ဇာဟာကိုပါခေါ်ယူနိုင်ဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။ ပြိုင်ဘက်အသင်းတွေဟာ အသင်းကိုပြန်လည်ပြင်ဆင်ဖို့အတွက် ငွေအမြောက်အများသုံးကာပြင်ဆင်မှုတွေပြုလုပ်နေချိန်မှာ အာဆင်နယ်အသင်းကတော့ ပေါင်(၄၅)သန်းနဲ့ ရွာလည်နေပြီး၊ ကားသမားတစ်ယောက်ခေါ်ချင်ရင် အသင်းမှာရှိတဲ့ကစားသမားတစ်ယောက်ကိုပြန်ရောင်းရမယ့်အနေအထားမျိုးရောက်နေတာဖြစ်ပါတယ်။

မန်ယူနိုက်တက်ကလည်း ဇာဟာကိုခေါ်ယူဖို့ပြင်ဆင်လာချိန်မှာအာဆင်နယ်အနေနဲ့အူဘာမီယန်ကိုအမြန်ရောင်းချပြီး၊ ဇာဟာကိုမန်ယူနိုက်တက်ထက် လက်ဦးမှုရယူပြီးခေါ်ယူနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပြီး၊ အာဆင်နယ်ရဲ့အဖြစ်က ငယ်ငယ်သမိုင်းစာအုပ်ထဲမှာသင်ခဲ့ရဖူးတဲ့ ဟမ်မူယာဘီရဲ့ကိုဒဥပဒေလို မျက်လုံးတစ်လံးအတွက် မျက်လုံးတစ်လုံးပြန်ပေးရမယ့်အဖြစ်မျိုးဆိုက်နေတာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar