ေပါ့ဘာနဲ႔ပတ္သက္ျပီးမန္ယူႏိုက္တက္ကိုသတိေပးသြားတ့ဲဂယ္ရီနဗီးလ္

မန္ယူႏိုက္တက္အသင္းရဲ႕တစ္ခ်ိန္က နာမည္ေက်ာ္ခံစစ္မွဴးၾကီးဂယ္ရီနဗီးလ္က ေပါ့ဘာအပါအ၀င္ အသင္းမွာဆက္ေနဖို႔အလိုမရွိတ့ဲ ဘယ္ကစားသမားကိုမဆိုအသင္းမွာဆက္ထိန္းထားဖို႔မလုပ္သင့္ဘူးလို႔သတိေပးေျပာဆိုသြားတာပဲျဖစ္ပါတယ္။

ဒါေပမ့ဲနဗီးလ္ဟာေပါ့ဘာပါရင္အသင္းကပိုေကာင္းတယ္ဆိုတာကိုလည္းထည့္သြင္းေျပာဆိုသြားခ့ဲပါတယ္။ နဗီးလ္က”အသင္းမွာမေနခ်င္ေတာ့တ့ဲဘယ္ကစားသမားကိုမဆို ဆက္ထိန္းမထားသင့္ပါဘူး၊ မန္ယူႏိုက္တက္ဟာေပါ့ဘာပါရင္ပိုေကာင္းတ့ဲအသင္းတစ္သင္းျဖစ္ပါတယ္၊ ဒါေပမ့ဲ ကစားသမားေတြဟာအသင္းမွာဆက္ေနဖို႔အလိုမရွိဘူးဆိုရင္၊ ဒီစကားကေပါ့ဘာကိုဆိုလိုတာမဟုတ္ပါဘူး၊ သူ႔အေနနဲ႔ အသင္းမွာေနခ်င္ရင္လည္းေနခ်င္မွာပါ၊ ကၽြန္ေတာ္ေျပာတာက ဘက္မလိုက္

ဖို႔လိုပါတယ္၊ ကစားတစ္ေယာက္အသင္းမွာမေနခ်င္ေတာ့ဘူးဆိုရင္ ဆက္ထိန္းမထားတာေကာင္းပါတယ္ ” လို႔ မန္ယူႏိုက္တက္ကိုသတိေပးေျပာၾကားသြားခ့ဲတာပဲျဖစ္ျဖစ္ပါတယ္။ နဗီးလ္ရဲ႕စကားဟာေပါ့ဘာကိုမဆိုလိုဘူးဆိုေပမ့ဲ အသင္းရဲ႕နည္းျပ ဆိုးလ္ရွားနဲ႔ အမႈေဆာင္ခ်ဳပ္ အက္၀ုဒ္၀က္တို႔အေနနဲ႔အသင္းကေနထြက္ခြာဖို႔ၾကိဳးစားေနတ့ဲေပါ့ဘာကိုအသင္းမွာဆက္ရွိဖို႔ၾကိဳးစားေနတ့ဲအေပၚဦးတည္ျပီး ေသခ်ာသတိေပးသြားခ့ဲတာပဲျဖစ္ပါတယ္။

သတင္းေတြအရ ဂ်ဳဗင္တပ္ဟာ အက္ဒီးဒက္စ္ရဲ႕အကူအညီနဲ႔ ေပါ့ဘာကိုေခၚယူဖို႔ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။ မန္ယူႏိုက္တက္က ေပါ့ဘာအတြက္ေျပာင္းေရႊ႕ေၾကးကိုယူရိုသန္း(၁၅၀)အထိအလိုရွိေနတယ္လို႔ သိရျပီး၊ ဂ်ဳဗင္တပ္ကလည္းေပါ့ဘာကိုေခၚယူႏိုင္ဖို႔ အက္ဒီးဒက္စ္ကိုအကူအညီေတာင္ခံသြားမယ္လို႔သိရပါတယ္။ အက္ဒီးဒက္စ္ဟာ ဂ်ဳဗင္တပ္ကိုတစ္ႏွစ္ကိုယူရိုသန္း(၅၀) စပြန္ဆာေပထားတာလည္းျဖစ္ပါတယ္။

ေပါ့ဘာတစ္ေယာက္ဟာလည္းမန္ယူႏိုက္တက္ကေနထြက္ခြာဖို႔အလို၇ွိေနတာေၾကာင့္ ဂ်ဳဗင္တပ္သာအက္ဒီးဒက္စ္ဆီက အကူအညီကိုရရွိႏိုင္ခ့ဲမယ္ဆိုရင္ေပါ့ဘာရဲ႕အေျပာင္းအေရႊ႕ဟာ ျဖစ္ေျမာက္လာႏိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ပေါ့ဘာနဲ့ပတ်သက်ပြီးမန်ယူနိုက်တက်ကိုသတိပေးသွားတဲ့ဂယ်ရီနဗီးလ်

မန်ယူနိုက်တက်အသင်းရဲ့တစ်ချိန်က နာမည်ကျော်ခံစစ်မှူးကြီးဂယ်ရီနဗီးလ်က ပေါ့ဘာအပါအဝင် အသင်းမှာဆက်နေဖို့အလိုမရှိတဲ့ ဘယ်ကစားသမားကိုမဆိုအသင်းမှာဆက်ထိန်းထားဖို့မလုပ်သင့်ဘူးလို့သတိပေးပြောဆိုသွားတာပဲဖြစ်ပါတယ်။

ဒါပေမဲ့နဗီးလ်ဟာပေါ့ဘာပါရင်အသင်းကပိုကောင်းတယ်ဆိုတာကိုလည်းထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ နဗီးလ်က”အသင်းမှာမနေချင်တော့တဲ့ဘယ်ကစားသမားကိုမဆို ဆက်ထိန်းမထားသင့်ပါဘူး၊ မန်ယူနိုက်တက်ဟာပေါ့ဘာပါရင်ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်၊ ဒါပေမဲ့ ကစားသမားတွေဟာအသင်းမှာဆက်နေဖို့အလိုမရှိဘူးဆိုရင်၊ ဒီစကားကပေါ့ဘာကိုဆိုလိုတာမဟုတ်ပါဘူး၊ သူ့အနေနဲ့ အသင်းမှာနေချင်ရင်လည်းနေချင်မှာပါ၊ ကျွန်တော်ပြောတာက ဘက်မလိုက်

ဖို့လိုပါတယ်၊ ကစားတစ်ယောက်အသင်းမှာမနေချင်တော့ဘူးဆိုရင် ဆက်ထိန်းမထားတာကောင်းပါတယ် ” လို့ မန်ယူနိုက်တက်ကိုသတိပေးပြောကြားသွားခဲ့တာပဲဖြစ်ဖြစ်ပါတယ်။ နဗီးလ်ရဲ့စကားဟာပေါ့ဘာကိုမဆိုလိုဘူးဆိုပေမဲ့ အသင်းရဲ့နည်းပြ ဆိုးလ်ရှားနဲ့ အမှုဆောင်ချုပ် အက်ဝုဒ်ဝက်တို့အနေနဲ့အသင်းကနေထွက်ခွာဖို့ကြိုးစားနေတဲ့ပေါ့ဘာကိုအသင်းမှာဆက်ရှိဖို့ကြိုးစားနေတဲ့အပေါ်ဦးတည်ပြီး သေချာသတိပေးသွားခဲ့တာပဲဖြစ်ပါတယ်။

သတင်းတွေအရ ဂျုဗင်တပ်ဟာ အက်ဒီးဒက်စ်ရဲ့အကူအညီနဲ့ ပေါ့ဘာကိုခေါ်ယူဖို့ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်က ပေါ့ဘာအတွက်ပြောင်းရွှေ့ကြေးကိုယူရိုသန်း(၁၅၀)အထိအလိုရှိနေတယ်လို့ သိရပြီး၊ ဂျုဗင်တပ်ကလည်းပေါ့ဘာကိုခေါ်ယူနိုင်ဖို့ အက်ဒီးဒက်စ်ကိုအကူအညီတောင်ခံသွားမယ်လို့သိရပါတယ်။ အက်ဒီးဒက်စ်ဟာ ဂျုဗင်တပ်ကိုတစ်နှစ်ကိုယူရိုသန်း(၅၀) စပွန်ဆာပေထားတာလည်းဖြစ်ပါတယ်။

ပေါ့ဘာတစ်ယောက်ဟာလည်းမန်ယူနိုက်တက်ကနေထွက်ခွာဖို့အလို၇ှိနေတာကြောင့် ဂျုဗင်တပ်သာအက်ဒီးဒက်စ်ဆီက အကူအညီကိုရရှိနိုင်ခဲ့မယ်ဆိုရင်ပေါ့ဘာရဲ့အပြောင်းအရွှေ့ဟာ ဖြစ်မြောက်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar