ဒီလစ္ကိုမရႏိုင္လို႔ လင္ဒီေလာ့ကုိခ်ိန္ရြယ္လာျပန္တ့ဲ ဘာစီလိုနာ

ဘာစီလိုနာအသင္းေနာက္တန္းမွာ ပီေကး၊လန္ဂလတ္နဲ႔အမ္တီတီတို႔လို႔ကစားသမားေကာင္းေတြရွိေနေသာ္လည္း ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ေနာက္တန္းအတြက္ ေအဂ်က္ေနာက္ခံလူ ဒီလစ္ေခၚယူႏို္င္ဖို႔ခ်ိတ္ဆက္မႈေတြျပဳလုပ္လ်က္ရွိေနခ့ဲတာျဖစ္ပါတယ္။ ဒါေပမ့ဲ ဒီလစ္ဟာ ဂ်ဳဗင္တပ္ကိုေျပာင္းေရႊ႕ဖို႔သေဘာတူညီမႈရရွိခ့ဲျပီလို႔သတင္းေတြထြက္ေပၚလာခ့ဲျပီးတ့ဲေနာက္မွာ မန္ယူႏိိုက္တက္ေနာက္ခံလူ လင္ဒီေလာ့ကိုေခၚယူဖို႔ပစ္မွတ္ထားလာတာပဲျဖစ္ပါတယ္။

လင္ဒီေလာ့ဟာ(၂၀၁၇)ခုႏွစ္ကမွ ဘင္ဖီကာအသင္းကေနေျပာင္းေရႊ႕ယူရို(၃၅)သန္းနဲ႔မန္ယူႏိုက္တက္ကိုေျပာင္းေရႊ႕ခ့ဲတာျဖစ္ပါတယ္။ လင္ဒီေလာ့ဟာ မန္ယူႏိုက္တက္နဲ႔သူ႔ရဲ႕ပထမဆံုးေဘာလံုးရာသီမွာထင္ေသလာက္ေျခစြမ္းမျပႏိုင္ခ့ဲပဲ အရႏ္အျဖစ္နဲ႔သာ အခ်ိန္ကုန္ခ့ဲရတာျဖစ္ပါတယ္။ ဒုတိယေျမာက္ရာသီမွာေတာ့ အသင္းနဲ႔အတူအေကာင္းဆံုးေျခစြမ္းေတြျပန္လည္ျပသႏိုင္ခ့ဲျပီး၊ မန္ယူႏိုက္တက္ရဲ႕အားဒထားရတ့ဲေနာက္ခံလူတစ္ဦးျဖစ္လာခ့ဲပါတယ္။

ဘာစီလိုနာအသင္းဟာ ပီေကး၊လန္ဂလတ္နဲ႔အမ္တီတီတို႔အသင္းရဲကေနာက္တန္းမွာရွိေနေပမ့ဲ ေနာက္ခံလူ အမ္တီတီဟာ ဘာစီလိုနာမွာရုန္းကန္ေနရတာေၾကာင့္ အသင္းရဲ႕ေနာက္တန္းကိုေျခစြမ္းပိုင္းစိတ္ခ်ရတ့ဲ ေနာက္တန္းကစားသမားတစ္ဦးကိုေခၚယူဖို႔ ဒီေႏြရာသီေစ်းကြက္ထဲမွာအသည္းအသန္ ျပင္ဆင္လ်က္ရွိေနတာပဲျဖစ္ပါတယ္။

မန္ယူႏိုက္တက္အသင္းဟာလည္း သူတို႔ရဲ႕ယိုယြင္းေနတ့ဲခံစစ္ကိုျပင္ဆင္ေနဖို႔ၾကိဳးစားေနတာျဖစ္ျပီး၊ ဒီလိုအခ်ိန္မွာ အသင္းမွာပံုမွန္ေျခစြမ္းျပႏိုင္ေနတ့ဲ လင္ဒီေလာ့ကို ဘာစီလိုနာသို႔ေရာင္းခ်သြားမလားဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။ ဘာစီလိုနာကလည္း ေနာက္တန္းလူတစ္ဦးကိုေသခ်ာေပါက္အရေခၚယူဖို႔ျပင္ဆင္ေနတာေၾကာင့္ လင္ဒီေလာ့ကိုေခၚယူႏိုင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဒီလစ်ကိုမရနိုင်လို့ လင်ဒီလော့ကိုချိန်ရွယ်လာပြန်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းနောက်တန်းမှာ ပီကေး၊လန်ဂလတ်နဲ့အမ်တီတီတို့လို့ကစားသမားကောင်းတွေရှိနေသော်လည်း ဘာစီလိုနာအသင်းဟာ အသင်းရဲ့နောက်တန်းအတွက် အေဂျက်နောက်ခံလူ ဒီလစ်ခေါ်ယူနိုင်ဖို့ချိတ်ဆက်မှုတွေပြုလုပ်လျက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလစ်ဟာ ဂျုဗင်တပ်ကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီလို့သတင်းတွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ မန်ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ကိုခေါ်ယူဖို့ပစ်မှတ်ထားလာတာပဲဖြစ်ပါတယ်။

လင်ဒီလော့ဟာ(၂၀၁၇)ခုနှစ်ကမှ ဘင်ဖီကာအသင်းကနေပြောင်းရွှေ့ယူရို(၃၅)သန်းနဲ့မန်ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လင်ဒီလော့ဟာ မန်ယူနိုက်တက်နဲ့သူ့ရဲ့ပထမဆုံးဘောလုံးရာသီမှာထင်သေလာက်ခြေစွမ်းမပြနိုင်ခဲ့ပဲ အရန်အဖြစ်နဲ့သာ အချိန်ကုန်ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယမြောက်ရာသီမှာတော့ အသင်းနဲ့အတူအကောင်းဆုံးခြေစွမ်းတွေပြန်လည်ပြသနိုင်ခဲ့ပြီး၊ မန်ယူနိုက်တက်ရဲ့အားဒထားရတဲ့နောက်ခံလူတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပီကေး၊လန်ဂလတ်နဲ့အမ်တီတီတို့အသင်းရဲကနောက်တန်းမှာရှိနေပေမဲ့ နောက်ခံလူ အမ်တီတီဟာ ဘာစီလိုနာမှာရုန်းကန်နေရတာကြောင့် အသင်းရဲ့နောက်တန်းကိုခြေစွမ်းပိုင်းစိတ်ချရတဲ့ နောက်တန်းကစားသမားတစ်ဦးကိုခေါ်ယူဖို့ ဒီနွေရာသီဈေးကွက်ထဲမှာအသည်းအသန် ပြင်ဆင်လျက်ရှိနေတာပဲဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာလည်း သူတို့ရဲ့ယိုယွင်းနေတဲ့ခံစစ်ကိုပြင်ဆင်နေဖို့ကြိုးစားနေတာဖြစ်ပြီး၊ ဒီလိုအချိန်မှာ အသင်းမှာပုံမှန်ခြေစွမ်းပြနိုင်နေတဲ့ လင်ဒီလော့ကို ဘာစီလိုနာသို့ရောင်းချသွားမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။ ဘာစီလိုနာကလည်း နောက်တန်းလူတစ်ဦးကိုသေချာပေါက်အရခေါ်ယူဖို့ပြင်ဆင်နေတာကြောင့် လင်ဒီလော့ကိုခေါ်ယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar