နယူးကာဆယ္အသင္းရဲ႕ကမ္းလွမ္းမႈကို ခပ္ေခ်ေခ်တုန္႔ျပန္လိုက္တ့ဲေမာ္ရင္ဟို

နယူးကာဆယ္အသင္းရဲ႕နည္းျပ ဘင္နီတက္ဇ္ဟာ ဒီအပတ္ထဲမွာပဲ နယူကားဆယ္နဲ႔ခ်ဳပ္ဆိုထားတ့ဲစာခ်ဳပ္သက္တမ္းကျပည့္ေတာ့မွာျဖစ္ျပီး၊ ေနာက္ထပ္စာခ်ဳပ္သက္တမ္းတိုးမွာမဟုတ္ေတာ့ဘူးလို႔သိရပါတယ္။ အ့ဲဒီအတြက္နယူးကာဆယ္အသင္းဟာ နည္းျပသစ္ရွာေဖြလ်က္ရွိေနျပီး၊ လက္ရွိအသင္းလက္မ့ဲျဖစ္ေနတ့ဲ ေမာ္ရင္ဟိုကို နည္းျပရာထူးအတြက္ကမ္းလွမ္းခ့ဲရာမွာ နယူးကာဆယ္တို႔ ေခ်ႏိုင္လြန္းသူၾကီး မမညိဳရဲ႕ ခပ္ေခ်ေခ်တုန္႔ျပန္မႈနဲ႔ရင္ဆိုင္ခ့ဲရတယ္လို႔သိရပါတယ္။

ေမာ္ရင္ဟိုဟာမန္ယူႏိုက္တက္ကေနထြက္ခြာျပီးကတည္းက အသင္းလက္မ့ဲျဖစ္ေနတာျဖစ္ျပီး၊ နယူးကားဆယ္အသင္းကကမ္းလွမ္းလာခ့ဲခ်ိန္မွာေတာ့ ေမာ္ရင္ဟိုဟာ အခုလိုပဲ ခပ္ေခ်ေခ်တုန္႔ျပန္ေျပာဆိုသြားခ့ဲတာျဖစ္ပါတယ္။ ေမာ္ရင္ဟိုက ” ကၽြန္ေတာ္သိတ့ဲတစ္ခုထဲေသာအရာက ကၽြန္ေတာ္ဒါကိုအလိုမရွိဘူးဆိုတာပါပဲ၊ ဘာလို႔အလိုမ၇ွိတာလဲဆိုတာက အရမ္းကိုရွင္းပါတယ္၊ အျမဲတမ္းအႏိုင္ကစားဖို႔ပဲစိတ္ကူးရွိတ့ဲကၽြန္ေတာ့္အတြက္ ဒါက အက်ိဳးေၾကာင္းမညီညြတ္ပါဘူး၊

တစ္ေယာက္ေယာက္က ကၽြန္ေတာ့္ကို(၁၀)ႏွစ္စာခ်ဳပ္နဲ႔လာကမ္းလွမ္းရင္ေတာင္ အမွတ္ေပးဇယားရဲ႕အလယ္အလတ္အဆင့္မွာရွိေနတ့ဲအသင္းမ်ိဳးက ကၽြန္ေတာ့္အတြက္မဟုတ္ပါဘူး၊ ကၽြန္ေတာ္ဒါမ်ိဳးကိုအလိုရွိတာမဟုတ္ပါဘူး၊ ကၽြန္ေတာ္ရဲ႕ရည္ရြယ္ခ်က္က အႏိုင္ရဖို႔အတြက္ တိုက္ပြဲ၀င္မွာပါ ” လို႔ ေျပာဆိုသြားခ့ဲတာျဖစ္ပါတယ္။

ေမာ္ရင္ဟိုရဲ႕ေျပာစကားဟာ နယူးကာဆယ္အသင္းအတြက္ေတာ့ အေတာ္ေလး စိတ္ကသိကေအာက္ျဖစ္စရာေကာင္းေနမွာေသခ်ာပါတယ္။ ကမ္းလွမ္းမႈကိုရိုးရိုးတန္းတန္းျငင္းပယ္လိုလည္းရတ့ဲအေျခအေနမ်ိဳးမွာ ေမာရင္ဟိုကေတာ့ သူ႔ရဲ႕ဗီဇအတိုင္း တစ္ဖက္လူ မခံခ်င္ေအာင္ ေျပာဆိုျပီး ျငင္းပယ္သြားခ့ဲတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

နယူးကာဆယ်အသင်းရဲ့ကမ်းလှမ်းမှုကို ခပ်ချေချေတုန့်ပြန်လိုက်တဲ့မော်ရင်ဟို

နယူးကာဆယ်အသင်းရဲ့နည်းပြ ဘင်နီတက်ဇ်ဟာ ဒီအပတ်ထဲမှာပဲ နယူကားဆယ်နဲ့ချုပ်ဆိုတထားတဲ့စာချုပ်သက်တမ်းကပြည့်တော့မှာဖြစ်ပြီး၊ နောက်ထပ်စာချုပ်သက်တမ်းတိုးမှာမဟုတ်တော့ဘူးလို့သိရပါတယ်။ အဲ့ဒီအတွက်နယူးကာဆယ်အသင်းဟာ နည်းပြသစ်ရှာဖွေလျက်ရှိနေပြီး၊ လက်ရှိအသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ဟိုကို နည်းပြရာထူးအတွက်ကမ်းလှမ်းခဲ့ရာမှာ နယူးကာဆယ်တို့ ချေနိုင်လွန်းသူကြီး မမညိုရဲ့ ခပ်ချေချေတုန့်ပြန်မှုနဲ့ရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။

မော်ရင်ဟိုဟာမန်ယူနိုက်တက်ကနေထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပြီး၊ နယူးကားဆယ်အသင်းကကမ်းလှမ်းလာခဲ့ချိန်မှာတော့ မော်ရင်ဟိုဟာ အခုလိုပဲ ခပ်ချေချေတုန့်ပြန်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုက ” ကျွန်တော်သိတဲ့တစ်ခုထဲသောအရာက ကျွန်တော်ဒါကိုအလိုမရှိဘူးဆိုတာပါပဲ၊ ဘာလို့အလိုမ၇ှိတာလဲဆိုတာက အရမ်းကိုရှင်းပါတယ်၊ အမြဲတမ်းအနိုင်ကစားဖို့ပဲစိတ်ကူးရှိတဲ့ကျွန်တော့်အတွက် ဒါက အကျိုးကြောင်းမညီညွတ်ပါဘူး၊

တစ်ယောက်ယောက်က ကျွန်တော့်ကို(၁၀)နှစ်စာချုပ်နဲ့လာကမ်းလှမ်းရင်တောင် အမှတ်ပေးဇယားရဲ့အလယ်အလတ်အဆင့်မှာရှိနေတဲ့အသင်းမျိုးက ကျွန်တော့်အတွက်မဟုတ်ပါဘူး၊ ကျွန်တော်ဒါမျိုးကိုအလိုရှိတာမဟုတ်ပါဘူး၊ ကျွန်တော်ရဲ့ရည်ရွယ်ချက်က အနိုင်ရဖို့အတွက် တိုက်ပွဲဝင်မှာပါ ” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ပြောစကားဟာ နယူးကာဆယ်အသင်းအတွက်တော့ အတော်လေး စိတ်ကသိကအောက်ဖြစ်စရာကောင်းနေမှာသေချာပါတယ်။ ကမ်းလှမ်းမှုကိုရိုးရိုးတန်းတန်းငြင်းပယ်လိုလည်းရတဲ့အခြေအနေမျိုးမှာ မောရင်ဟိုကတော့ သူ့ရဲ့ဗီဇအတိုင်း တစ်ဖက်လူ မခံချင်အောင် ပြောဆိုပြီး ငြင်းပယ်သွားခဲ့တာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar