အီတလီမွျပင္သစ္သို႔၊ ျပင္သစ္မွအီတလီသို႔

အီတလီနဲ႔ဂ်ဳဗင္တပ္အသင္းတို႔ရဲ႕ဂႏၱ၀င္ၾကီးျဖစ္တ့ဲ ဂိုးသမားၾကီး ဘူဖြန္ဟာ ဂ်ဳဗင္တပ္ဆီကို ဒီေႏြေစ်းကြက္ထဲမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ျပန္လာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ဘူဖြန္ဟာျပီးခ့ဲတ့ဲေႏြရာသီကမွ ဂ်ဳဗင္တပ္ကေန ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းကိုေျပာင္းေရႊ႕ခ့ဲတာျဖစ္ျပီး၊ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ပြဲေပါင္း(၂၅)ပြဲပါ၀င္ကစားေပးခ့ဲကာ ျပင္သစ္လီဂူးတစ္ဖလယးကို သိမ္းပိုက္ရရွိႏိုင္ခ့ဲပါတယ္။

လက္ရွိထြက္ေပၚေနတ့ဲသတင္းေတြအရ ဘူဖြန္ဟာ ဂ်ဳဗင္တပ္ကိုျပန္လာဖို႔အလြန္နီးစပ္လ်က္ရွိေနတယ္လို႔သိရပါတယ္။ ဘူဖြန္ဟာ ဂ်ဳဗင္တပ္မွာ(၁၇)ၾကာအတူရွိခ့ဲတာျဖစ္ျပီး၊ စီးရီးေအဖလား(၉)ၾကိမ္၊ ကိုပါအီတာလီယာဖလား(၄)ၾကိမ္နဲ႔ စူပါကိုပါအီတာလီယာဖလား(၅)ၾကိမ္ထိဆြတ္ခူးရရွိႏိုင္ခ့ဲျပီးေတာ့ အသင္းနဲ႔အတူ ေအာင္ျမင္မႈေတြအလီလီ ရယူႏိုင္ခ့ဲတာပဲျဖစ္ပါတယ္။

ဂ်ဳဗင္တပ္ကေန ဘူဖြန္ထြက္ခြာသြားျပီးတ့ဲေနာက္မွာ အသင္းရဲ႕ဦးစားေပးဂိုးသမားအျဖစ္ ဘူဖြန္ရွိစဥ္က ဒုတိယဂိုးသမားအျဖစ္သာရွိေနခ့ဲတ့ဲ ဇက္စနီက ပြဲထြက္ခြင့္ရေနခ့ဲတာျဖစ္ပါတယ္။ ဘူဖြန္ဟာအသက္(၄၁)ႏွစ္အရြယ္ရွိေနျပီးေတာ့ ဒီေန႔အခ်ိန္ထိအေကာင္းဆံုးလက္စြမ္းေတြျပသႏိုင္ဆဲျဖစ္တာေၾကာင့္ ဘူဖြန္သာ ဂ်ဳဗင္တပ္ကိုျပန္ေရာက္ရွိလာခ့ဲရင္ ဇက္စနီဟာ ေနရာျပန္ေပ်ာက္သြားႏိုင္ဖြယ္ရွိေနပါတယ္။

ဘူဖြန္တစ္ေယာက္ ဂ်ဳဗင္တပ္နဲ႔အတူဖလားေပါင္းမ်ားစြာရယူႏိုင္ခ့ဲေပမ့ဲ ခ်န္ပီယံလိဂ္ဖလားကိုေတာ့တစ္ခါမွ မရဖူးေသးတာပဲျဖစ္ပါတယ္။ ေနာက္ထပ္သတင္းေတြအရ ဘူဖြန္ဟာဂ်ဳဗင္္တပ္ကိုျပန္လာတာဟာ ခ်န္ပီယံလိဂ္ဖလားကို အသင္းနဲ႔အတူ ရယူႏိုင္ဖို႔အလိုရွိေနတာေၾကာင့္ျဖစ္တယ္လို႔လည္းသိရပါတယ္။ ဂ်ဳဗင္တပ္ဟာ ျပီးခ့ဲတ့ဲေနြရာသီက ခ်န္ပီယံလိဂ္ဖလားိကုရရွိႏိုင္ဖို႔ စီေရာ္နယ္ဒိုကိုေခၚယူခ့ဲေပမ့ဲ ကြာတားဖိုင္နယ္မွာပဲ ေအဂ်က္အသင္းကိုရံႈးနိမ့္ကာျပိဳင္ပြဲကေနထြက္ခြာခ့ဲရတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အီတလီမှပြင်သစ်သို့၊ ပြင်သစ်မှအီတလီသို့

အီတလီနဲ့ဂျုဗင်တပ်အသင်းတို့ရဲ့ဂန္တဝင်ကြီးဖြစ်တဲ့ ဂိုးသမားကြီး ဘူဖွန်ဟာ ဂျုဗင်တပ်ဆီကို ဒီနွေဈေးကွက်ထဲမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဘူဖွန်ဟာပြီးခဲ့တဲ့နွေရာသီကမှ ဂျုဗင်တပ်ကနေ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊ ပီအက်စ်ဂျီအသင်းနဲ့အတူ ပွဲပေါင်း(၂၅)ပွဲပါဝင်ကစားပေးခဲ့ကာ ပြင်သစ်လီဂူးတစ်ဖလယးကို သိမ်းပိုက်ရရှိနိုင်ခဲ့ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ဘူဖွန်ဟာ ဂျုဗင်တပ်ကိုပြန်လာဖို့အလွန်နီးစပ်လျက်ရှိနေတယ်လို့သိရပါတယ်။ ဘူဖွန်ဟာ ဂျုဗင်တပ်မှာ(၁၇)ကြာအတူရှိခဲ့တာဖြစ်ပြီး၊ စီးရီးအေဖလား(၉)ကြိမ်၊ ကိုပါအီတာလီယာဖလား(၄)ကြိမ်နဲ့ စူပါကိုပါအီတာလီယာဖလား(၅)ကြိမ်ထိဆွတ်ခူးရရှိနိုင်ခဲ့ပြီးတော့ အသင်းနဲ့အတူ အောင်မြင်မှုတွေအလီလီ ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဂျုဗင်တပ်ကနေ ဘူဖွန်ထွက်ခွာသွားပြီးတဲ့နောက်မှာ အသင်းရဲ့ဦးစားပေးဂိုးသမားအဖြစ် ဘူဖွန်ရှိစဉ်က ဒုတိယဂိုးသမားအဖြစ်သာရှိနေခဲ့တဲ့ ဇက်စနီက ပွဲထွက်ခွင့်ရနေခဲ့တာဖြစ်ပါတယ်။ ဘူဖွန်ဟာအသက်(၄၁)နှစ်အရွယ်ရှိနေပြီးတော့ ဒီနေ့အချိန်ထိအကောင်းဆုံးလက်စွမ်းတွေပြသနိုင်ဆဲဖြစ်တာကြောင့် ဘူဖွန်သာ ဂျုဗင်တပ်ကိုပြန်ရောက်ရှိလာခဲ့ရင် ဇက်စနီဟာ နေရာပြန်ပျောက်သွားနိုင်ဖွယ်ရှိနေပါတယ်။

ဘူဖွန်တစ်ယောက် ဂျုဗင်တပ်နဲ့အတူဖလားပေါင်းများစွာရယူနိုင်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ဖလားကိုတော့တစ်ခါမှ မရဖူးသေးတာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းတွေအရ ဘူဖွန်ဟာဂျုဗင်တပ်ကိုပြန်လာတာဟာ ချန်ပီယံလိဂ်ဖလားကို အသင်းနဲ့အတူ ရယူနိုင်ဖို့အလိုရှိနေတာကြောင့်ဖြစ်တယ်လို့လည်းသိရပါတယ်။ ဂျုဗင်တပ်ဟာ ပြီးခဲ့တဲ့နွေရာသီက ချန်ပီယံလိဂ်ဖလားိကုရရှိနိုင်ဖို့ စီရော်နယ်ဒိုကိုခေါ်ယူခဲ့ပေမဲ့ ကွာတားဖိုင်နယ်မှာပဲ အေဂျက်အသင်းကိုရှုံးနိမ့်ကာပြိုင်ပွဲကနေထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar