လူကာကူတကယ္ပဲအင္တာကိုေျပာင္းေတာ့မွာလား?

မန္ယူႏိုက္တက္အသင္းရဲ႕တိုက္စစ္မွဴးလူကာကူဟာ အင္တာမီလန္ကိုေျပာင္းေရႊ႕ေတာ့မယ္လို႔သတင္းေတြထြက္ေနေပမ့ဲ အေျပာင္းအေရႊ႕ကျဖစ္မလာေသးပဲခက္ခဲတ့ဲအေျခအေနမွာရွိေနတာပဲျဖစ္ပါတယ္။ ဒါေပမ့ဲလည္း လူကာကူရဲ႕ ေအးဂ်င့္ျဖစ္သူကေတာ့ မျဖစ္ဘူးဆိုတာ မရွိဘူးလို႔ ေျပာဆိုသြားခ့ဲပါတယ္။

လူကာကူဟာအေစာပိုင္းက မန္ယူႏ္ိုက္တက္ကေနထြက္ခြာျပီး၊ စီရီးေအမွာသြားကစားခ်င္တယ္လို႔ ၀န္ခံခ့ဲျပီးတ့ဲေနာက္မွာ အင္တာမီလန္နဲ႔အေျပာင္းအေရႊ႕သတင္းေတြဟာ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚလာခ့ဲတာပဲျဖစ္ပါတယ္။ လူကာကူရဲ႕ျပီးခ့ဲတ့ဲေဘာလံုးရာသီဒုတိယပိုင္းမွာပံုစံေကာင္းေတြေပ်ာက္ဆံုးခ့ဲျပီး၊ အသင္းေဖာ္ရက္စ္ဖို႔ဒ္က ပထမဦးစားေပးတိုုက္စစ္မွဴးျဖစ္လာခ့ဲတာျဖစ္ပါတယ္။

လူကာကူအတြက္ေျပာင္းေရႊ႕ေၾကးကိုမန္ယူႏိုက္တက္ဘက္က ေပါင္(၇၅)သန္းအလိုရွိေနတာျဖစ္ပါတယ္။ ဒီေျပာင္းေရႊ႕ေၾကးနဲ႔ပတ္သက္ျပီး အင္တာမီလန္အသင္းအေနနဲ႔မန္ယူႏိုက္တက္တို႔ၾကားမွာေဆြးေႏြးမႈေတြျပဳလုပ္လ်က္ရွိေနတယ္လို႔ိသိရပါတယ္။ လူကာကူဟာမန္ယူႏိုက္တက္ကို(၂၀၁၇)ခုႏွစ္က အဲဗာတန္ကေနေရာက္ရွိခ့ဲတာျဖစ္ျပီး၊ မန္ယူႏိုက္တက္နဲ႔အတူ(၂၀၂၂)ႏွစ္အထိရွိေနမယ့္ (၅)ႏွစ္စာခ်ဳပ္ကိုခ်ဳပ္ဆိုခ့ဲတာျဖစ္ပါတယ္။

လက္ရွိမွာမန္ယူႏိုက္တက္နဲ႔အတူျပိဳင္ပြဲစံု(၉၆)ပြဲပါ၀င္ကစားေပးထားခ့ဲျပီး၊ သြင္းဂိုး(၄၂)ဂိုးသြင္းယူေပးထားႏိုင္ခ့ဲပါတယ္။ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာေတာ့ လူကာကူဟာ မန္ယူႏိုက္တက္အတြက္ (၁၅)ဂိုးသာလ်ွင္သြင္းယူေပးႏိုင္ခ့ဲျပီးေတာ့ ဒါဟာတိုက္စစ္မွဴးတစ္ေယာက္အတြက္ အရမ္းကိုနည္းပါးတ့ဲသြင္းဂိုးပမာဏပဲျဖစ္ပါတယ္။

မန္ယူႏိုက္တက္မွာဂိုးသြင္းေျခပါေပ်ာက္ဆံုးေနျပီး ပံုမွန္ပြဲထြက္အတြက္ပါ မေရရာေတာ့တ့ဲအတြက္ လူကာကူဟာ မန္ယူႏိုက္တက္ကေနထြက္ခြာဖို႔ဆံုးျဖတ္ခ့ဲတာျဖစ္ျပီး၊ လက္ရွိအင္တာမီလန္နဲ႔ေဆြးေႏြးမႈေတြေအာင္ျမင္သြားရင္ေတာ့ မန္ယူႏိုက္တက္ကိုတကယ္ပဲစြန္႔ခြာသြားေတာ့မွာျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လူကာကူတကယ်ပဲအင်တာကိုပြောင်းတော့မှာလား?

မန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးလူကာကူဟာ အင်တာမီလန်ကိုပြောင်းရွှေ့တော့မယ်လို့သတင်းတွေထွက်နေပေမဲ့ အပြောင်းအရွှေ့ကဖြစ်မလာသေးပဲခက်ခဲတဲ့အခြေအနေမှာရှိနေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူကာကူရဲ့ အေးဂျင့်ဖြစ်သူကတော့ မဖြစ်ဘူးဆိုတာ မရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

လူကာကူဟာအစောပိုင်းက မန်ယူနိုက်တက်ကနေထွက်ခွာပြီး၊ စီရီးအေမှာသွားကစားချင်တယ်လို့ ဝန်ခံခဲ့ပြီးတဲ့နောက်မှာ အင်တာမီလန်နဲ့အပြောင်းအရွှေ့သတင်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ လူကာကူရဲ့ပြီးခဲ့တဲ့ဘောလုံးရာသီဒုတိယပိုင်းမှာပုံစံကောင်းတွေပျောက်ဆုံးခဲ့ပြီး၊ အသင်းဖော်ရက်စ်ဖို့ဒ်က ပထမဦးစားပေးတိုက်စစ်မှူးဖြစ်လာခဲ့တာဖြစ်ပါတယ်။

လူကာကူအတွက်ပြောင်းရွှေ့ကြေးကိုမန်ယူနိုက်တက်ဘက်က ပေါင်(၇၅)သန်းအလိုရှိနေတာဖြစ်ပါတယ်။ ဒီပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး အင်တာမီလန်အသင်းအနေနဲ့မန်ယူနိုက်တက်တို့ကြားမှာဆွေးနွေးမှုတွေပြုလုပ်လျက်ရှိနေတယ်လို့ိသိရပါတယ်။ လူကာကူဟာမန်ယူနိုက်တက်ကို(၂၀၁၇)ခုနှစ်က အဲဗာတန်ကနေရောက်ရှိခဲ့တာဖြစ်ပြီး၊ မန်ယူနိုက်တက်နဲ့အတူ(၂၀၂၂)နှစ်အထိရှိနေမယ့် (၅)နှစ်စာချုပ်ကိုချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာမန်ယူနိုက်တက်နဲ့အတူပြိုင်ပွဲစုံ(၉၆)ပွဲပါဝင်ကစားပေးထားခဲ့ပြီး၊ သွင်းဂိုး(၄၂)ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ လူကာကူဟာ မန်ယူနိုက်တက်အတွက် (၁၅)ဂိုးသာလျှင်သွင်းယူပေးနိုင်ခဲ့ပြီးတော့ ဒါဟာတိုက်စစ်မှူးတစ်ယောက်အတွက် အရမ်းကိုနည်းပါးတဲ့သွင်းဂိုးပမာဏပဲဖြစ်ပါတယ်။

မန်ယူနိုက်တက်မှာဂိုးသွင်းခြေပါပျောက်ဆုံးနေပြီး ပုံမှန်ပွဲထွက်အတွက်ပါ မရေရာတော့တဲ့အတွက် လူကာကူဟာ မန်ယူနိုက်တက်ကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ လက်ရှိအင်တာမီလန်နဲ့ဆွေးနွေးမှုတွေအောင်မြင်သွားရင်တော့ မန်ယူနိုက်တက်ကိုတကယ်ပဲစွန့်ခွာသွားတော့မှာဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar