လာမယ့္ေဘာလံုးရာသီကုန္ရင္ေဆးလ္ဗား မန္စီးတီးကထြက္ခြာမည္

မန္စီးတီးအသင္းရဲ႕ကြင္းလယ္ကစားသမားေဒးဗစ္ေဆးလ္ဗား လာမယ့္(၂၀၁၉-၂၀)ေဘာလံုးရာသီကုန္ရင္ မန္စီးတီးအသင္းကေနထြက္ခြာေတာ့မယ္လို႔ အတည္ျပဳေျပာၾကားသြားခ့ဲပါတယ္။

ေဆးလ္ဗားဟာ မန္္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား(၄)ၾကိမ္၊ အက္ဖ္ေအဖလားတစ္ၾကိမ္၊ အီးအပ္ဖ္အယ္လ္ဖလား(၄)ၾကိမ္တို႔ကိုရရွိခ့ဲျပီး၊ မန္စီးတီးအသင္းသမိုင္းတစ္ေလ်ွာက္ အေကာင္းဆံုးကစားသမားေတြထဲကတစ္ေယာက္အျဖစ္သက္မွတ္ထားတာလည္းျဖစ္ပါတယ္။ ေဆးလ္ဗားဟာ မန္စီးတီးအသင္းကို(၂၀၁၀၀ခုႏွစ္က ဗလင္ဆီယာအသင္းကေနေျပာင္းေရႊ႕ခ့ဲတာျဖစ္ျပီး၊ လာမယ့္ရာသီဟာ သူ႔ရဲ႕မန္စီးတီးကစားသမားဘ၀ေနာက္ဆံုးရာသီျဖစ္လာလိမ့္မယ္လို႔ ဆံုးျဖတ္ထားတ့ဲသူျဖစ္ပါတယ္။

ေဆးလ္ဗားက ” ဒါကကၽြန္ေတာ့္အတြက္ေနာက္ဆံုးျဖစ္ပါလိမ့္မယ္၊ ဆယ္ႏွစ္ဆိုတာက ကၽြန္ေတာ္အတြက္တကယ္ကိုလံုေလာက္မႈရွိပါတယ္၊ အစပိုင္းက အသင္းဘက္က ကၽြန္ေတာ္ကို(၂)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ ေျပာဆိုမႈေတြရွိခ့ဲပါတယ္၊ ဒါေပမ့ဲ ကၽြန္ေတာ္ဒီမွာဆယ္ႏွစ္ကုန္ဆံုးခ့ဲျပီးျပီေလ၊ ဒါ့ေၾကာင့္ လာမယ့္ရာသီမွာအသင္းကထြက္ခြာဖို႔ ဆံုးျဖတ္ခ့ဲတာပါ ” လို႔ေဆးလ္ဗားက မန္စီးတီးကေနထြက္ခြာေတာ့မယ့္ သူ႔ရဲ႕ဆံုးျဖတ္ခ်က္နဲ႔ပတ္သက္ျပီးအခုလိုေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

ေနာက္ျပီး သူ႔အေနနဲ႔ကစားသမားဘ၀ရဲ႕ေနာက္ဆံုးအခ်ိန္ေတြကို တရုတ္မွာသြားကစားျပီးကုန္ဆံုးမွာမဟုတ္ဘူးလို႔ေျပာၾကားသြားခ့ဲပါတယ္။ မန္စီးတီးအသင္းရဲ႕နည္းျပပတ္ဂြာဒီယိုလာကေတာ့ သူ႔အေနနဲ႔ ေဆးလ္ဗားကိုစာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ ေဖ်ာင္းဖ်ေျပာဆိုသြားမယ္လို႔သိရပါတယ္။ ေဆးလ္ဗားဟာ မန္စီးတီးနဲ႔အတူ ဆယ္ႏွစ္တာကာလအတြင္းမွာ အသင္းအတြက္ျပိဳင္ပြဲစံု (၃၉၅)ပြဲကစားေပးခ့ဲျပီး၊ ဂိုး(၇၀)သြင္းယူေပးႏိုင္ခ့ဲတ့ဲ ကစားသမားျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လာမယ့်ဘောလုံးရာသီကုန်ရင်ဆေးလ်ဗား မန်စီးတီးကထွက်ခွာမည်

မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမားဒေးဗစ်ဆေးလ်ဗား လာမယ့်(၂၀၁၉-၂၀)ဘောလုံးရာသီကုန်ရင် မန်စီးတီးအသင်းကနေထွက်ခွာတော့မယ်လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။

ဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား(၄)ကြိမ်၊ အက်ဖ်အေဖလားတစ်ကြိမ်၊ အီးအပ်ဖ်အယ်လ်ဖလား(၄)ကြိမ်တို့ကိုရရှိခဲ့ပြီး၊ မန်စီးတီးအသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်အဖြစ်သက်မှတ်ထားတာလည်းဖြစ်ပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးအသင်းကို(၂၀၁၀၀ခုနှစ်က ဗလင်ဆီယာအသင်းကနေပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊ လာမယ့်ရာသီဟာ သူ့ရဲ့မန်စီးတီးကစားသမားဘဝနောက်ဆုံးရာသီဖြစ်လာလိမ့်မယ်လို့ ဆုံးဖြတ်ထားတဲ့သူဖြစ်ပါတယ်။

ဆေးလ်ဗားက ” ဒါကကျွန်တော့်အတွက်နောက်ဆုံးဖြစ်ပါလိမ့်မယ်၊ ဆယ်နှစ်ဆိုတာက ကျွန်တော်အတွက်တကယ်ကိုလုံလောက်မှုရှိပါတယ်၊ အစပိုင်းက အသင်းဘက်က ကျွန်တော်ကို(၂)နှစ်စာချုပ်သက်တမ်းတိုးဖို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်ဒီမှာဆယ်နှစ်ကုန်ဆုံးခဲ့ပြီးပြီလေ၊ ဒါ့ကြောင့် လာမယ့်ရာသီမှာအသင်းကထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ ” လို့ဆေးလ်ဗားက မန်စီးတီးကနေထွက်ခွာတော့မယ့် သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးအခုလိုပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

နောက်ပြီး သူ့အနေနဲ့ကစားသမားဘဝရဲ့နောက်ဆုံးအချိန်တွေကို တရုတ်မှာသွားကစားပြီးကုန်ဆုံးမှာမဟုတ်ဘူးလို့ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့နည်းပြပတ်ဂွာဒီယိုလာကတော့ သူ့အနေနဲ့ ဆေးလ်ဗားကိုစာချုပ်သက်တမ်းတိုးနိုင်ဖို့ ဖျောင်းဖျပြောဆိုသွားမယ်လို့သိရပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးနဲ့အတူ ဆယ်နှစ်တာကာလအတွင်းမှာ အသင်းအတွက်ပြိုင်ပွဲစုံ (၃၉၅)ပွဲကစားပေးခဲ့ပြီး၊ ဂိုး(၇၀)သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar