ဘာစီလိုနာနဲ႔ ေနမာ သေဘာတူညီမႈရျပီ

လက္ရွိမွာ ဘရာဇီးလ္ႏိုင္ငံကို ေရာက္ရွိေနျပီး ပီအက္စ္ဂ်ီထံ ျပန္မသြားလိုေတာ့တဲ့ ေနမာကေတာ့ ဘာစီလိုနာနဲ႔ (၅)ႏွစ္သက္တမ္းရွိစာခ်ဳပ္တစ္ရပ္ ကို အျပဳသေဘာ လက္ခံလိုက္ျပီလို႔သိရပါတယ္။

ေနမာဟာ (၂၀၁၇)ခုႏွစ္မွာ ဘာစီလိုနာအသင္းကေန ပီအက္စ္ဂ်ီအသင္းထံကို ေပါင္(၁၉၈)သန္းနဲ႔ေျပာင္းေရႊ႕ခဲ့ျပီးေနာက္ ကမာၻ႔ေစ်းအၾကီးဆံုးကစားသမားျဖစ္လာခဲ့ပါတယ္။ ဒါပေမဲ့လည္း ပီအက္စ္ဂ်ီမွာ ဒဏ္ရာျပႆနာအပါအ၀င္ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ အဆင္မေျပမႈေတြ ၾကံဳခဲ့ရျပီးေနာက္ ေနမာက ျပင္သစ္ေျမကို စြန္႔ခြာဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာလည္း ေျခခ်င္း၀တ္ဒဏ္ရာ ရရွိထားတဲ့ ေနမာဟာ ကိုပါအေမရိက ျပိဳင္ပြဲ၀င္ဘရာဇီးလ္အသင္းနဲ႔အတူ အမိႏိုင္ငံကို ျပန္လည္ေရာက္ရွိေနျပီး၊ သူ႔အေနနဲ႔ ပီအက္စ္ဂ်ီအသင္းထံ ျပန္သြားဖို႔ အစီအစဥ္မရွိေတာ့တာလည္းျဖစ္ပါတယ္။

ေနမာဟာ ဘာစီလိုနာမွာ လစာကို (၅၀)ရာခိုင္ႏႈန္းေလ်ာ့ျပီး ရရွိမွာျဖစ္ေပမဲ့ ႏူးကမ့္ကို ျပန္သြားခ်င္ေနတဲ့ သူ႔ရဲ႕စိတ္ဆႏၵက ျပင္းထန္ေနတာေၾကာင့္ ကမ္းလွမ္းမႈကို မူမေနပဲ ေခါင္းညိတ္လိုက္တာျဖစ္တယ္လို႔လည္းသိရပါတယ္။ ဘာစီလိုနာအေနနဲ႔ကေတာ့ ေနမာရဲ႕လစာအတြက္ အမ်ားၾကီးေပးေခ်ရဖို႔ မရွိေပမဲ့လည္း ကုန္က်မယ့္ ေျပာင္းေရႊ႕ေၾကးကေတာ့ ေသးမွာမဟုတ္ဘူးလို႔သိရပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘာစီလိုနာနဲ့ နေမာ သဘောတူညီမှုရပြီ

လက်ရှိမှာ ဘရာဇီးလ်နိုင်ငံကို ရောက်ရှိနေပြီး ပီအက်စ်ဂျီထံ ပြန်မသွားလိုတော့တဲ့ နေမာကတော့ ဘာစီလိုနာနဲ့ (၅)နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ကို အပြုသဘော လက်ခံလိုက်ပြီလို့သိရပါတယ်။

နေမာဟာ (၂၀၁၇)ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းထံကို ပေါင်(၁၉၈)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက် ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါပမေဲ့လည်း ပီအက်စ်ဂျီမှာ ဒဏ်ရာပြဿနာအပါအဝင် ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ အဆင်မပြေမှုတွေ ကြုံခဲ့ရပြီးနောက် နေမာက ပြင်သစ်မြေကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ခြေချင်းဝတ်ဒဏ်ရာ ရရှိထားတဲ့ နေမာဟာ ကိုပါအမေရိက ပြိုင်ပွဲဝင်ဘရာဇီးလ်အသင်းနဲ့အတူ အမိနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး၊ သူ့အနေနဲ့ ပီအက်စ်ဂျီအသင်းထံ ပြန်သွားဖို့ အစီအစဉ်မရှိတော့တာလည်းဖြစ်ပါတယ်။

နေမာဟာ ဘာစီလိုနာမှာ လစာကို (၅၀)ရာခိုင်နှုန်းလျော့ပြီး ရရှိမှာဖြစ်ပေမဲ့ နူးကမ့်ကို ပြန်သွားချင်နေတဲ့ သူ့ရဲ့စိတ်ဆန္ဒက ပြင်းထန်နေတာကြောင့် ကမ်းလှမ်းမှုကို မူမနေပဲ ခေါင်းညိတ်လိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။ ဘာစီလိုနာအနေနဲ့ကတော့ နေမာရဲ့လစာအတွက် အများကြီးပေးချေရဖို့ မရှိပေမဲ့လည်း ကုန်ကျမယ့် ပြောင်းရွှေ့ကြေးကတော့ သေးမှာမဟုတ်ဘူးလို့သိရပါတယ်။

လူညိုချော@SportsGabar