အာဆီယံႏိုင္ငံေတြအေနနဲ႔ (၂၀၃၄) ခုႏွစ္မွာ က်င္းပမယ့္ ကမၻာ့ဖလားၿပိဳင္ပြဲကို ပူးတဲြအိမ္ရွင္အျဖစ္ ျပဳလုပ္ခြင့္ရေရး အာဆီယံေဘာလံုးအဖြဲ႕ခ်ဳပ္ (AFF) က အျပည့္အ၀ ပံ့ပိုးကူညီေပးသြားမယ္လို႔ ဇြန္လ (၂၄)ရက္က တရား၀င္ထုတ္ျပန္ခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ AFF ဥကၠ႒ Major General ကိဗ္စမစ္ က-
“ဒီထုတ္ျပန္ခ်က္ကို ႀကိဳဆိုပါတယ္၊ အာဆီယံေဒသတြင္းက ႏိုင္ငံေခါင္းေဆာင္ေတြကလည္း (၂၀၃၄) ကမၻာ့ဖလားကို အာဆီယံႏိုင္ငံေတြမွာ ပူးတဲြအိမ္ရွင္ လုပ္ခြင့္ရဖို႔ ပံ့ပိုးေပးမယ္လို႕ ကတိျပဳခဲ့ပါတယ္”
“အာဆီယံေဒသဟာ အာရွမွာ တတိယ အႀကီးဆံုးစီးပြားေရးကို ပိုင္ဆိုင္ထားသလို ကမၻာ့မွာလည္း သတၱမ အႀကီးဆံုးအက်ယ္အ၀န္းကို ပိုင္ဆိုင္ထားတယ္။ ဒီအခ်က္ေတြက ကမၻာ့ဖလားကို အိမ္ရွင္အျဖစ္ ေအာင္ျမင္စြာ က်င္းပႏိုင္ဖို႔ အလားအလာ ေကာင္းေတြ ျဖစ္တယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ ဆက္လက္ၿပီး Major General ကိဗ္စမစ္ က-
“ကမၻာ့ဖလားၿပိဳင္ပြဲဟာ အာဆီယံေဒသတြင္း စီးပြားေရးေရာ အားကစား အတြက္ပါ အက်ိဳးအျမတ္ မ်ားစြာ ရရိွမွာပါ၊ ဒါ့အျပင္ လူဦးေရ သန္း ၆၄၀ အၾကားဆက္ဆံေရး ကိုပိုမိုတိုးတက္ ေကာင္းမြန္လာေစမွာပါ၊ AFF အေနနဲ႔ သက္ဆိုင္ရာ တာ၀န္ရွိသူေတြနဲ႔ ညိွႏိႈင္းေဆြးေႏြးၿပီး အိမ္ရွင္လုပ္ခြင့္အတြက္ ျဖစ္ႏိုင္ေခ်ရိွတဲ့ ႏုိင္ငံေတြအားလံုးကို ထည့္သြင္းစဥ္းစားမွာျဖစ္သလို ကမၻာ့ဖလားကို အိမ္ရွင္ျပဳလုပ္ႏိုင္ေလာက္တဲ့ အေျခခံ အေဆာက္အအံုေတြ၊ အေျခခံလိုအပ္ခ်က္ေတြ အကုန္လံုးကိုလည္း ထည့္သြင္းစဥ္းစားသြားမွာပါ။” လို႔ ကတိျပဳေျပာျကားခဲ့ပါေသးတယ္။
အာဆီယံ ဥကၠ႒ Gen Prayuth Chan ocha ရဲ႕ ထုတ္ျပန္ခ်က္မွာ အာဆီယံအဖြဲ႕၀င္ ၁၀ ႏိုင္ငံက ေခါင္းေဆာင္မ်ားဟာ ကမၻာ့ဖလားပူးတဲြအိမ္ရွင္လုပ္ခြင့္ရေရး ႀကိဳးပမ္းခ်က္ေတြကို ပူးေပါင္းေဆာင္ရြက္ဖို႔ သေဘာတူညီခဲ့ၾကပါတယ္။ အဲဒီကိစၥကို ထိုင္းႏိုင္ငံမွာ က်င္းပခဲ့တဲ့ (၃၄)ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေ၀းမွာ အဆိုျပဳခဲ့တာလည္းျဖစ္ပါတယ္။
“အာဆီယံေခါင္းေဆာင္ေတြ အားလံုးက ကမၻာ့ဖလားပူးတဲြ အိမ္ရွင္လုပ္ခြင့္ရေရးအတြက္ အစြမ္းကုန္ပံ့ပိုး ကူညီေပးမယ္ဆိုတာ အာဆီယံေဒသတြင္းက ျပည္သူေတြကို အသိေပးလိုပါတယ္ ” လို႔ ထိုင္း၀န္ႀကီးခ်ဳပ္ Gen Prayuth Chan o-cha က ေျပာၾကားခဲ့တာပါ။
ကမၻာ့ဖလားၿပိဳင္ပြဲသမိုင္းမွာ အာရွႏိုင္ငံမ်ားျဖစ္တဲ့ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားတို႔ဟာ (၂၀၀၂) ကမၻာ့ဖလားၿပိဳင္ပြဲကို ပူးတဲြအိမ္ရွင္အျဖစ္ ေအာင္ျမင္စြာ က်င္းပခဲ့ဖူးတဲ့ မွတ္တမ္းလည္း႐ွိထားပါတယ္။ ဒါ့အျပင္ အာရွတိုက္အတြင္း ဒုတိယအႀကိမ္အျဖစ္ (၂၀၂၂) ကမၻာ့ဖလားကို ကာတာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ ရထားပါတယ္။ ဖီဖာက (၂၀၂၆) ကမၻာ့ဖလားၿပိဳင္ပြဲကိုေတာ့ ကေနဒါ၊အေမရိကန္နဲ႔ မကၠဆီကို ႏိုင္ငံမ်ားမွာ ပူးတဲြအိမ္ရွင္အျဖစ္ က်င္းပခြင့္ ျပဳထားတယ္လို႔သိရပါတယ္။
လူညိဳေခ်ာ@SportsGabar
unicode
ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရေးအာဆီယံနိုင်ငံတွေကိုကူညီမယ်ဆိုတဲ့ AFF
အာဆီယံနိုင်ငံတွေအနေနဲ့ (၂၀၃၄) ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ပြုလုပ်ခွင့်ရရေး အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က အပြည့်အ၀ ပံ့ပိုးကူညီပေးသွားမယ်လို့ ဇွန်လ (၂၄)ရက်က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ AFF ဥက္ကဋ္ဌ Major General ကိဗ်စမစ် က-
“ဒီထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်၊ အာဆီယံဒေသတွင်းက နိုင်ငံခေါင်းဆောင်တွေကလည်း (၂၀၃၄) ကမ္ဘာ့ဖလားကို အာဆီယံနိုင်ငံတွေမှာ ပူးတွဲအိမ်ရှင် လုပ်ခွင့်ရဖို့ ပံ့ပိုးပေးမယ်လို့ ကတိပြုခဲ့ပါတယ်”
“အာဆီယံဒေသဟာ အာရှမှာ တတိယ အကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားသလို ကမ္ဘာ့မှာလည်း သတ္တမ အကြီးဆုံးအကျယ်အဝန်းကို ပိုင်ဆိုင်ထားတယ်။ ဒီအချက်တွေက ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ဖို့ အလားအလာ ကောင်းတွေ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး Major General Khiev Sameth က-
“ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အာဆီယံဒေသတွင်း စီးပွားရေးရော အားကစား အတွက်ပါ အကျိုးအမြတ် များစွာ ရရှိမှာပါ၊ ဒါ့အပြင် လူဦးရေ သန်း ၆၄၀ အကြားဆက်ဆံရေး ကိုပိုမိုတိုးတက် ကောင်းမွန်လာစေမှာပါ၊ AFF အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး အိမ်ရှင်လုပ်ခွင့်အတွက် ဖြစ်နိုင်ချေရှိတဲ့ နိုင်ငံတွေအားလုံးကို ထည့်သွင်းစဉ်းစားမှာဖြစ်သလို ကမ္ဘာ့ဖလားကို အိမ်ရှင်ပြုလုပ်နိုင်လောက်တဲ့ အခြေခံ အဆောက်အအုံတွေ၊ အခြေခံလိုအပ်ချက်တွေ အကုန်လုံးကိုလည်း ထည့်သွင်းစဉ်းစားသွားမှာပါ။” လို့ ကတိပြုပြောကြားခဲ့ပါသေးတယ်။
အာဆီယံ ဥက္ကဋ္ဌ Gen Prayuth Chan ocha ရဲ့ ထုတ်ပြန်ချက်မှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်များဟာ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်လုပ်ခွင့်ရရေး ကြိုးပမ်းချက်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။ အဲဒီကိစ္စကို ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အဆိုပြုခဲ့တာလည်းဖြစ်ပါတယ်။
“အာဆီယံခေါင်းဆောင်တွေ အားလုံးက ကမ္ဘာ့ဖလားပူးတွဲ အိမ်ရှင်လုပ်ခွင့်ရရေးအတွက် အစွမ်းကုန်ပံ့ပိုး ကူညီပေးမယ်ဆိုတာ အာဆီယံဒေသတွင်းက ပြည်သူတွေကို အသိပေးလိုပါတယ် ” လို့ ထိုင်းဝန်ကြီးချုပ် Gen Prayuth Chan o-cha က ပြောကြားခဲ့တာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အာရှနိုင်ငံများဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ (၂၀၀၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပခဲ့ဖူးတဲ့ မှတ်တမ်းလည်းရှိထားပါတယ်။ ဒါ့အပြင် အာရှတိုက်အတွင်း ဒုတိယအကြိမ်အဖြစ် (၂၀၂၂) ကမ္ဘာ့ဖလားကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားပါတယ်။ ဖီဖာက (၂၀၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ကနေဒါ၊အမေရိကန်နဲ့ မက္ကဆီကို နိုင်ငံများမှာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ပြုထားတယ်လို့သိရပါတယ်။
လူညိုချော@SportsGabar