အာရွအင္အားၾကီးေတြနဲ႔ ကမာၻ႔စာမ်က္ႏွာထက္က အထင္ကရ ျပိဳင္ပြဲၾကီး(၂)ခု

တစ္ကမာၻလံုးက ေဘာလံုးပရိသတ္ေတြ စိတ္၀င္တစား ေစာင့္ၾကည့္ေနၾကတဲ့ လတ္တေလာက်င္းပေနဆဲ ကိုပါအေမရိကျပိဳင္ပြဲ (အမ်ိဳးသား)၊နဲ႔ ဖီဖာအမ်ိဳးသမီးကမာၻ႔ဖလားျပိဳင္ပြဲၾကီးေတြမွာ အာရွကိုယ္စားျပဳ (၆)ႏိုင္ငံ ပါ၀င္ယွဥ္ျပိဳင္ခဲ့ပါတယ္။ ကိုပါအေမရိကျပိဳင္ပြဲမွာ ပါ၀င္ယွဥ္ျပိဳင္ဖို႔ အာရွအေကာင္းဆံုး(၂)သင္းျဖစ္တဲ့ ဂ်ပန္နဲ႔ကာတာတို႔ဖိတ္ၾကားခံခဲ့ရသလို အမ်ိဳးသမီးကမာၻ႔ဖလားမွာလည္း အာရွဇုန္က ဂ်ပန္၊ ထိုင္း၊ ေတာင္ကိုရီးယား၊ တရုတ္၊ ၾသစေၾတးလ် စတဲ့အင္အားၾကီး (၅)သင္း ပါ၀င္လာခဲ့တယ္။

ထိုင္းလက္ေရြးစင္အမ်ိဳးသမီးအသင္း

ဒါေပမဲ့လည္း ဒီျပိဳင္ပြဲေတြမွာ အာရွအသင္းေတြဟာ ေမွ်ာ္လင့္ထားတာထက္ ပိုမိုရုန္းကန္ခဲ့ရျပီး ကြာတားအဆင့္မတိုင္ခင္မွာပဲ တစ္သင္းျပီးတစ္သင္း တျဖဳတ္ျဖဳတ္ ေၾကြလြင့္လာလိုက္ၾကတာ ေနာက္ဆံုး ေမွ်ာ္လင့္စရာဆိုလို႔ အမ်ိဳးသမီးကမာၻ႔ဖလားျပိဳင္ပြဲက ဂ်ပန္နဲ႔တရုတ္(၂)သင္းပဲက်န္ပါေတာ့တယ္။ လက္ရွိမွာ အုပ္စုပြဲစဥ္ေတြအားလံုးက်င္းပျပီးစီးခဲ့ျပီျဖစ္တဲ့ ကိုပါအေမရိကျပိဳင္ပြဲမွာ ဂ်ပန္နဲ႔ အာရွရဲ႕ပူပူေႏြးေႏြးခ်န္ပီယံ ကာတာတို႔ကေတာ့ အိမ္ျပန္ခဲ့ရျပီျဖစ္ပါတယ္။

မက္ဆီရဲ႕ဖရီးကစ္ကို ကာတာေနာက္တန္း ကာကြယ္ေနစဥ္

ဂ်ပန္ဟာ အဖြင့္မွာ ခ်ီလီကို ရံႈးခဲ့ျပီး ဥရုေဂြးနဲ႔အက္ေကြေဒါတို႔ကို သေရရေအာင္ကစားႏိုင္ခဲ့လို႔ အေကာင္းဆံုးအုပ္စုတတိယ(၂)ေနရာစာမွာ ေမွ်ာ္လင့္ခြင့္ရွိခဲ့ေပမဲ့
ဂိုးကြာျခားခ်က္ေၾကာင့္ ကြာတားတက္ခြင့္မရခဲ့ပါဘူး။ ကာတာကေတာ့ ကိုလံဘီယာနဲ႔အာဂ်င္တီးနားအသင္းတို႔ကို ရႈံးနိမ့္ခဲ့ျပီး၊ ပါရာေဂြးကို သေရက်ခဲ့တဲ့ (၁)မွတ္သာရရွိခဲ့လို႔ အုပ္စုေအာက္ဆံုးအဆင့္နဲ႔ပဲ ျပိဳင္ပြဲကို ႏႈတ္ဆက္လိုက္ရတာပါ။

ၾသစေၾတးလ်အမ်ိဳးသမီးအသင္း

အမ်ိဳးသမီးကမာၻ႔ဖလားမွာေတာ့ အာရွအသင္းေတြ အနည္းငယ္ အေျခအေနေကာင္းခဲ့တယ္လို႔ဆိုရမွာျဖစ္ျပီး၊ အာဆီယံထိပ္သီး ထိုင္းနဲ႔ အေ႔ရွအာရွအင္အားၾကီးေတာင္ကိုရီးယားအသင္းတို႔ကလြဲရင္ က်န္တဲ့ (၃)သင္းစလံုး (၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၾကပါတယ္။ ဒါေပမဲ့ (၁၆)သင္းအဆင့္မွာေတာ့ ၾသစေၾတးလ်ဟာ ေနာ္ေ၀ကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ ရံႈးခဲ့လို႔ ကမာၻ႔ဖလားကေန ထြက္ခဲ့ရျပန္ပါျပီ။

တရုတ္အမ်ိဳးသမီးအသင္း

က်န္ရွိေနတဲ့ တရုတ္အသင္းနဲ႔(၂၀၁၁)ကမာၻ႔ဖလားခ်န္ပီယံ ဂ်ပန္အသင္းတို႔ဟာ (၁၆)သင္းအဆင့္မွာ ဥေရာပအင္အားၾကီးအသင္းေတြျဖစ္တဲ့ အီတလီနဲ႔နယ္သာလန္အသင္းေတြကို ရင္ဆိုင္ရမွာျဖစ္လို႔ ဘယ္အသင္းက အိမ္ျပန္ရမလဲ၊ ဘယ္အသင္းကေတာ့ ေနာက္တစ္ဆင့္တက္ေရာက္သြားႏိုင္မလဲဆိုတာကို ဒီေန႔ည ယွဥ္ျပိဳင္ကစားဖို႔ရွိတဲ့ ပြဲစဥ္ေတြမွာ ေမွ်ာ္လင့္ၾကီးစြာနဲ႔ ေစာင့္ၾကည့္လိုက္ၾကပါစို႔ဗ်ာ။

လူညိဳေခ်ာ@SportsGabar

unicode

အာရှအင်အားကြီးတွေနဲ့ ကမ္ဘာ့စာမျက်နှာထက်က အထင်ကရ ပြိုင်ပွဲကြီး(၂)ခု

တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ လတ်တလောကျင်းပနေဆဲ ကိုပါအမေရိကပြိုင်ပွဲ (အမျိုးသား)၊နဲ့ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွေမှာ အာရှကိုယ်စားပြု (၆)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အာရှအကောင်းဆုံး(၂)သင်းဖြစ်တဲ့ ဂျပန်နဲ့ကာတာတို့ဖိတ်ကြားခံခဲ့ရသလို အမျိုးသမီးကမ္ဘာ့ဖလားမှာလည်း အာရှဇုန်က ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ စတဲ့အင်အားကြီး (၅)သင်း ပါဝင်လာခဲ့တယ်။

ဒါပေမဲ့လည်း ဒီပြိုင်ပွဲတွေမှာ အာရှအသင်းတွေဟာ မျှော်လင့်ထားတာထက် ပိုမိုရုန်းကန်ခဲ့ရပြီး ကွာတားအဆင့်မတိုင်ခင်မှာပဲ တစ်သင်းပြီးတစ်သင်း တဖြုတ်ဖြုတ် ကြွေလွင့်လာလိုက်ကြတာ နောက်ဆုံး မျှော်လင့်စရာဆိုလို့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲက ဂျပန်နဲ့တရုတ်(၂)သင်းပဲကျန်ပါတော့တယ်။ လက်ရှိမှာ အုပ်စုပွဲစဉ်တွေအားလုံးကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ဂျပန်နဲ့ အာရှရဲ့ပူပူနွေးနွေးချန်ပီယံ ကာတာတို့ကတော့ အိမ်ပြန်ခဲ့ရပြီဖြစ်ပါတယ်။

ဂျပန်ဟာ အဖွင့်မှာ ချီလီကို ရှုံးခဲ့ပြီး ဥရုဂွေးနဲ့အက်ကွေဒေါတို့ကို သရေရအောင်ကစားနိုင်ခဲ့လို့ အကောင်းဆုံးအုပ်စုတတိယ(၂)နေရာစာမှာ မျှော်လင့်ခွင့်ရှိခဲ့ပေမဲ့
ဂိုးကွာခြားချက်ကြောင့် ကွာတားတက်ခွင့်မရခဲ့ပါဘူး။ ကာတာကတော့ ကိုလံဘီယာနဲ့အာဂျင်တီးနားအသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီး၊ ပါရာဂွေးကို သရေကျခဲ့တဲ့ (၁)မှတ်သာရရှိခဲ့လို့ အုပ်စုအောက်ဆုံးအဆင့်နဲ့ပဲ ပြိုင်ပွဲကို နှုတ်ဆက်လိုက်ရတာပါ။

အမျိုးသမီးကမ္ဘာ့ဖလားမှာတော့ အာရှအသင်းတွေ အနည်းငယ် အခြေအနေကောင်းခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး၊ အာဆီယံထိပ်သီး ထိုင်းနဲ့ အေ့ရှအာရှအင်အားကြီးတောင်ကိုရီးယားအသင်းတို့ကလွဲရင် ကျန်တဲ့ (၃)သင်းစလုံး (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ (၁၆)သင်းအဆင့်မှာတော့ သြစတြေးလျဟာ နော်ဝေကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့လို့ ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရပြန်ပါပြီ။

ကျန်ရှိနေတဲ့ တရုတ်အသင်းနဲ့(၂၀၁၁)ကမ္ဘာ့ဖလားချန်ပီယံ ဂျပန်အသင်းတို့ဟာ (၁၆)သင်းအဆင့်မှာ ဥရောပအင်အားကြီးအသင်းတွေဖြစ်တဲ့ အီတလီနဲ့နယ်သာလန်အသင်းတွေကို ရင်ဆိုင်ရမှာဖြစ်လို့ ဘယ်အသင်းက အိမ်ပြန်ရမလဲ၊ ဘယ်အသင်းကတော့ နောက်တစ်ဆင့်တက်ရောက်သွားနိုင်မလဲဆိုတာကို ဒီနေ့ည ယှဉ်ပြိုင်ကစားဖို့ရှိတဲ့ ပွဲစဉ်တွေမှာ မျှော်လင့်ကြီးစွာနဲ့ စောင့်ကြည့်လိုက်ကြပါစို့ဗျာ။

လူညိုချော@SportsGabar