ရီးရဲလ္တာ၀န္ရွိသူေတြၾကိဳးဆြဲရာကရမယ့္အရုပ္ကေလးပါလို႔ဆိုလာတ့ဲဂ်ိမ္းစ္

ရီးရဲလ္အသင္းရဲ႕ကြင္းလယ္ကစားဂ်ိမ္းစ္ရိုဒရီဂြတ္ဟာ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီးေျပာဆိုေနၾကတ့ဲအေပၚ သူ႔အေနနဲ႔ဘာမွမလုပ္ႏိုင္ပဲ၊ ဒီဆံုးျဖတ္ခ်က္ေတြဟာအသင္းတာ၀န္ရွိသူေတြလက္ထဲမွာပဲရွိတယ္လို႔ ေျပာၾကားသြားခ့ဲပါတယ္။

ဂ်ိမ္းစ္ဟာ ဘိုင္ယန္ျမဴးနစ္မွာ(၂)ရာသီၾကာအငွားသြားကစားခ့ဲျပီးတ့ဲေနာက္ ဒီေႏြရာသီမွာ ရီးရဲလ္ကိုျပန္လည္ေရာက္ရွိလာခ့ဲတာပဲျဖစ္ပါတယ္။ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာဂ်ိမ္းစ္ဟာ ဘိုင္ယန္အတြက္ျပိဳင္ပြဲစံု သြင္းဂိုး(၇)ဂိုးနဲ႔ဂိုးဖန္တီးမႈ(၆)ၾကိမ္သာလ်ွင္ျပဳလုပ္ေပးႏုိင္ခ့ဲပါတယ္။ ဘိုင္ယန္ရဲ႕နည္းျပသစ္ျဖစ္လာတ့ဲ ကိုဗက္ရဲ႕လက္ေအာက္မွာ ဂ်ိမ္းစ္ရဲ႕ပံုမွန္ပြဲထြက္ခြင့္ဟာ ေပ်ာက္ဆံုးခ့ဲတာပဲျဖစ္ပါတယ္။

ဂ်ိမ္းစ္ဟာ သူ႔ရဲရီးရဲလ္ကစားသမားဘ၀အစျဖစ္တ့ဲ နည္းျပအန္ဆယ္ေလာ့တီလက္ေအာက္မွာေအာင္ျမင္ခ့ဲေပမ့ဲ ဇီဒန္းနည္းျပသစ္ျဖစ္လာခ်ိန္မွာေတာ့ ဂ်ိမ္းစ္ရဲ႕ရီးရဲလ္ကစားသမားဘ၀ကအဆံုးသတ္သြားခ့ဲျပီး၊ ဘိုင္ယန္ျမဴးနစ္အသင္းကို(၂)ရာသီၾကာအငွားခ်ထားခံခ့ဲရတာပဲျဖစ္ပါတယ္။ ယခုတစ္ဖန္ရီးရဲလ္ကိုျပန္လည္ေရာက္ရွိလာခ်ိန္မွာလည္း ဇီဒန္းက ရီးရဲလ္မွာဂ်ိမ္းစ္ရဲ႕အနာဂတ္မရွိေတာ့ဘူးလို႔ေျပာၾကားထားခ့ဲတာေၾကာင့္ ဂ်ိမ္းစ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး ေျပာဆိုမႈေတြဟာ ျပန္႔ႏွံ႔ေနတာပဲျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဂ်ိမ္းဟာသူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီးအခုလိုပဲေျပာၾကားသြားခ့ဲပါတယ္။ ဂ်ိမ္းစ္က ” အခုကၽြန္ေတာ္ကိုပါအေမရိကျပိဳင္ပြဲအတြက္ပဲစဥ္းစားေနပါတယ္၊ ဘယ္ကိုသြားရမလဲဆိုတာကမန္ေတာ္မသိပါဘူး၊ ဒါကအသင္းတာ၀န္ရွိသူေေတြအေပၚမွာမူတည္ပါတယ္၊ ကၽြန္ေတာ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး ဆံုးျဖတ္မယ့္သူေတြ အသင္းမွာအမ်ားၾကီးရွိပါတယ္၊ ကၽြန္ေတာ္ဘာမွမတတ္ႏိုင္ပါဘူး ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ဒါ့အျပင္ ဂ်ိမ္းစ္ဟာ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး နည္းျပဇီဒန္းနဲ႔စကားေျပာဆိုမႈေတြမရွိေသးဘူးလို႔ ၀န္ခံေျပာၾကားသြားခ့ဲပါတယ္။ လက္ရွိမွာဂ်ိမ္းစ္ကိုေခၚယူဖို႔နာပိုလီအသင္းကစိတ္၀င္စားမႈေတြရွိေနတယ္လို႔သိရပါတယ္။ တစ္ခ်ိန္ကဥေရာပေဘာလံုးေဇာတ္ခံုေပၚမွာ မင္းသားတစ္ေယာက္ျဖစ္ခ့ဲဖူးတ့ဲ ဂ်ိမ္းစ္တစ္ေယာက္ ေဘာလံုးေလာကရဲ႕ေလာကဓံေတြၾကားကေန ျပန္လည္ေတာက္ပလာႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ရီးရဲလ်တာဝန်ရှိသူတွေကြိုးဆွဲရာကရမယ့်အရုပ်ကလေးပါလို့ဆိုလာတဲ့ရိုဒရီဂွတ်

ရီးရဲလ်အသင်းရဲ့ကွင်းလယ်ကစားဂျိမ်းစ်ရိုဒရီဂွတ်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြောဆိုနေကြတဲ့အပေါ် သူ့အနေနဲ့ဘာမှမလုပ်နိုင်ပဲ၊ ဒီဆုံးဖြတ်ချက်တွေဟာအသင်းတာဝန်ရှိသူတွေလက်ထဲမှာပဲရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဂျိမ်းစ်ဟာ ဘိုင်ယန်မြူးနစ်မှာ(၂)ရာသီကြာအငှားသွားကစားခဲ့ပြီးတဲ့နောက် ဒီနွေရာသီမှာ ရီးရဲလ်ကိုပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာဂျိမ်းစ်ဟာ ဘိုင်ယန်အတွက်ပြိုင်ပွဲစုံ သွင်းဂိုး(၇)ဂိုးနဲ့ဂိုးဖန်တီးမှု(၆)ကြိမ်သာလျှင်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ရဲ့နည်းပြသစ်ဖြစ်လာတဲ့ ကိုဗက်ရဲ့လက်အောက်မှာ ဂျိမ်းစ်ရဲ့ပုံမှန်ပွဲထွက်ခွင့်ဟာ ပျောက်ဆုံးခဲ့တာပဲဖြစ်ပါတယ်။

ဂျိမ်းစ်ဟာ သူ့ရဲရီးရဲလ်ကစားသမားဘဝအစဖြစ်တဲ့ နည်းပြအန်ဆယ်လော့တီလက်အောက်မှာအောင်မြင်ခဲ့ပေမဲ့ ဇီဒန်းနည်းပြသစ်ဖြစ်လာချိန်မှာတော့ ဂျိမ်းစ်ရဲ့ရီးရဲလ်ကစားသမားဘဝကအဆုံးသတ်သွားခဲ့ပြီး၊ ဘိုင်ယန်မြူးနစ်အသင်းကို(၂)ရာသီကြာအငှားချထားခံခဲ့ရတာပဲဖြစ်ပါတယ်။ ယခုတစ်ဖန်ရီးရဲလ်ကိုပြန်လည်ရောက်ရှိလာချိန်မှာလည်း ဇီဒန်းက ရီးရဲလ်မှာဂျိမ်းစ်ရဲ့အနာဂတ်မရှိတော့ဘူးလို့ပြောကြားထားခဲ့တာကြောင့် ဂျိမ်းစ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေဟာ ပြန့်နှံ့နေတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျိမ်းဟာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအခုလိုပဲပြောကြားသွားခဲ့ပါတယ်။ ဂျိမ်းစ်က ” အခုကျွန်တော်ကိုပါအမေရိကပြိုင်ပွဲအတွက်ပဲစဉ်းစားနေပါတယ်၊ ဘယ်ကိုသွားရမလဲဆိုတာကမန်တော်မသိပါဘူး၊ ဒါကအသင်းတာဝန်ရှိသူေတွေအပေါ်မှာမူတည်ပါတယ်၊ ကျွန်တော်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်မယ့်သူတွေ အသင်းမှာအများကြီးရှိပါတယ်၊ ကျွန်တော်ဘာမှမတတ်နိုင်ပါဘူး ” လို့ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဂျိမ်းစ်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နည်းပြဇီဒန်းနဲ့စကားပြောဆိုမှုတွေမရှိသေးဘူးလို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာဂျိမ်းစ်ကိုခေါ်ယူဖို့နာပိုလီအသင်းကစိတ်ဝင်စားမှုတွေရှိနေတယ်လို့သိရပါတယ်။ တစ်ချိန်ကဥရောပဘောလုံးဇောတ်ခုံပေါ်မှာ မင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ဂျိမ်းစ်တစ်ယောက် ဘောလုံးလောကရဲ့လောကဓံတွေကြားကနေ ပြန်လည်တောက်ပလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar