လီဗာပူးလ္ကလိုခ်င္ေနတဲ့ ဂိုမက္ဇ္ကို ေပါင္(၁၂၀၀၀၀)ေပးျပီး ခ်ဳပ္မယ့္ အဲဗာတန္

ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္အသင္းဟာ ဘာစီလိုနာထံကေန အငွားလာေရာက္ကစားေနတဲ့ အန္ဒရီဂိုမက္ဇ္ကို အျပီးသတ္ေခၚယူဖို႔အတြက္ ဆံုးျဖတ္လိုက္ျပီျဖစ္ပါတယ္။

ဂိုမက္ဇ္ဟာ (၂၀၁၆)ခုႏွစ္မွာ ဗလင္စီယာအသင္းထံကေန ဘာစီလိုနာအသင္းကို ေျပာင္းေရႊ႕လာခဲ့ေပမဲ့ ႏူးကမ့္မွာ ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးခဲ့တာေၾကာင့္ အဲဗာတန္အသင္းထံကို အငွားျပန္လည္ခ်ထားျခင္းခံခဲ့ရပါတယ္။

အဲဗာတန္အသင္းကို (၂၀၁၈)ခုႏွစ္ ၾသဂုတ္လမွာ ေရာက္ရွိလာခဲ့တဲ့ ဂိုမက္ဇ္ဟာ လာမယ့္ရက္ပိုင္းအတြင္း အငွားစာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဂိုမက္ဇ္အေနနဲ႔ ဘာစီလိုနာကိုပဲျပန္မလား ဒါမွမဟုတ္ အဲဗာတန္အသင္းထံကိုပဲ အျပီးသတ္ေျပာင္းေရႊ႕မလား စဥ္းစားဆံုးျဖတ္ရမယ့္ အခ်ိန္ကာလတစ္ခုကို ေရာက္ရွိလာခဲ့ျပီလည္းျဖစ္ပါတယ္။

ဂိုမက္ဇ္ရဲ႕ေျခစြမ္းကို ၾကိဳက္ေတြ႕ေနတဲ့ အဲဗာတန္အသင္းကေတာ့ အျပီးသတ္ေခၚယူႏိုင္ဖို႔ ဘာစီလိုနာကို ေပါင္(၂၂)သန္းေပးေခ်သြားဖို႔အသင့္ရွိေနျပီး၊ အဆိုပါအသက္ (၂၅)ႏွစ္အရြယ္ ကစားသမားကို တစ္ပတ္လုပ္ခ ပေါင္(၁၂၀၀၀၀) နဲ႔ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆို ေခၚယူသြားမယ္လို႔သိရပါတယ္။

အဆိုပါကြင္းလယ္ကစားသမားကို အျခားပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါး၊ ၀က္စ္ဟမ္းနဲ႔ လီဗာပူးလ္အသင္းေတြကလည္း အလိုရွိေနေပမဲ့ အဲဗာတန္နည္းျပ မားကို႔စ္ေဆးလ္ဗားရဲ႕ကစားကြက္နဲ႔အံ၀င္မႈရွိျပီး နည္းစနစ္ပိုင္းေကာင္းမြန္တဲ့ ဂိုမက္ဇ္အေနနဲ႔ သူနဲ႔သင့္ေတာ္တဲ့ မာေဆးဆိုဒ္ကလပ္မွာပဲဆက္ေနသြားဖို႔ ဆံုးျဖတ္ဖြယ္ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

လီဗာပူးလ်ကလိုချင်နေတဲ့ ဂိုမက်ဇ်ကို ပေါင်(၁၂၀၀၀၀)ပေးပြီး ချုပ်မယ့် အဲဗာတန်

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ ဘာစီလိုနာထံကနေ အငှားလာရောက်ကစားနေတဲ့ အန်ဒရီဂိုမက်ဇ်ကို အပြီးသတ်ခေါ်ယူဖို့အတွက် ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဂိုမက်ဇ်ဟာ (၂၀၁၆)ခုနှစ်မှာ ဗလင်စီယာအသင်းထံကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာခဲ့ပေမဲ့ နူးကမ့်မှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့တာကြောင့် အဲဗာတန်အသင်းထံကို အငှားပြန်လည်ချထားခြင်းခံခဲ့ရပါတယ်။

အဲဗာတန်အသင်းကို (၂၀၁၈)ခုနှစ် သြဂုတ်လမှာ ရောက်ရှိလာခဲ့တဲ့ ဂိုမက်ဇ်ဟာ လာမယ့်ရက်ပိုင်းအတွင်း အငှားစာချုပ်သက်တမ်းကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဂိုမက်ဇ်အနေနဲ့ ဘာစီလိုနာကိုပဲပြန်မလား ဒါမှမဟုတ် အဲဗာတန်အသင်းထံကိုပဲ အပြီးသတ်ပြောင်းရွှေ့မလား စဉ်းစားဆုံးဖြတ်ရမယ့် အချိန်ကာလတစ်ခုကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ဂိုမက်ဇ်ရဲ့ခြေစွမ်းကို ကြိုက်တွေ့နေတဲ့ အဲဗာတန်အသင်းကတော့ အပြီးသတ်ခေါ်ယူနိုင်ဖို့ ဘာစီလိုနာကို ပေါင်(၂၂)သန်းပေးချေသွားဖို့အသင့်ရှိနေပြီး၊ အဆိုပါအသက် (၂၅)နှစ်အရွယ် ကစားသမားကို တစ်ပတ်လုပ်ခ ပေါင်(၁၂၀၀၀၀) နဲ့ (၅)နှစ်စာချုပ်ချုပ်ဆို ခေါ်ယူသွားမယ်လို့သိရပါတယ်။

အဆိုပါကွင်းလယ်ကစားသမားကို အခြားပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး၊ ဝက်စ်ဟမ်းနဲ့ လီဗာပူးလ်အသင်းတွေကလည်း အလိုရှိနေပေမဲ့ အဲဗာတန်နည်းပြ မားကို့စ်ဆေးလ်ဗားရဲ့ကစားကွက်နဲ့အံဝင်မှုရှိပြီး နည်းစနစ်ပိုင်းကောင်းမွန်တဲ့ ဂိုမက်ဇ်အနေနဲ့ သူနဲ့သင့်တော်တဲ့ မာဆေးဆိုဒ်ကလပ်မှာပဲဆက်နေသွားဖို့ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

လူညိုချော@SportsGabar