ဘရန္ဒန္ဗီရာနဲ႔ထိုးသတ္ရမယ့္ပြဲအတြက္ အျပင္းအထန္ေလ့က်င့္ေနတဲ့ ေအာင္လအန္ဆန္း

ေအာင္​လအန္​ဆန္​း (ျမန္မာ့စပါးအံုး)ဟာ ဟဲဗီးဝိတ္​ကမာၻ႔ခ်န္​ပီယံတစ္​ဦးျဖစ္​တဲ့ စိန္​​ေခၚသူ ဘရန္​ဒန္​ဗီရာနဲ႔ ​ေအာက္​တိုဘာလအတြင္​း ထိုးသတ္ရ​မယ္​့ ပြဲအတြက္​ အျပင္​းအထန္​ ႀကိဳးစား​ေနပါတယ္။

လက္ရွိမွာ လိုက္ဟဲဗီး၀ိတ္တန္းနဲ႔ မစ္ဒယ္၀ိတ္တန္းႏွစ္ခုလံုးရဲ႕ ခ်န္ပီယံ ေအာင္လအန္ဆန္းကို ဖိလစ္ပိုင္ႏိုင္ငံသား ဘရန္ဒန္ဗီယာက လိုက္ဟဲဗီး၀ိတ္တန္း ခ်န္ပီယံခါးပတ္အတြက္ စိန္ေခၚခဲ့တာျဖစ္ပါတယ္။ ဒီပြဲကိုထိုးသတ္ဖို႔အတြက္ ဟဲဗီး၀ိတ္တန္းခ်န္ပီယံ ဗီရာအေနနဲ႔ သူ႔ရဲ႕ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ရမွာျဖစ္သလို မစ္ဒယ္၀ိတ္တန္းခ်န္ပီယံ ေအာင္လအန္ဆန္းအေနနဲ႔လည္း ကိုယ္အေလးခ်ိန္ျမင့္တက္လာေအာင္ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ဘရန္ဒန္ဗီယာနဲ႔ထိုးသတ္ရမဲ့ လိုက္ဟဲဗီး၀ိတ္တန္းခ်န္ပီယံကာကြယ္ပြဲအတြက္ ေအာင္လအန္ဆန္းဟာ သူ႕ရဲ႕ ကိုယ္အေလးခ်ိန္ကို ျမင့္တက္ေအာင္ အျပင္းအထန္ အခ်ိန္ယူ ေလ့က်င့္ေနခဲ့တာလည္းျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ျပီး ေအာင္လက-

“ကြၽန္​​ေတာ္​့ကို ဘရန္​ဒန္​ဗီရာ စိန္​​ေခၚခဲ့တာဟာဆိုရင္​ ၃ လျပည္​့ခဲ့ပါၿပီ။ အဲဒီညတုန္​းက ကြၽန္​​ေတာ္​့ရဲ႕ကိုယ္​အ​ေလးခ်ိန္​က ၂၀၅ ​ေပါင္​ပဲ႐ွိပါ​ေသးတယ္​၊ အဲဒီ့​ေနာက္​ပိုင္​း ကြၽန္​​ေတာ္​ ​ေျဖး​ေျဖးနဲ႔မွန္​မွန္​ ႀကိဳးစား​ေလ့က်င္​့ခဲ့ၿပီး ဒီ​ေန႔မွာ​ေတာ့ ကြၽန္​​ေတာ္​့ရဲ႕ကိုယ္​အ​ေလးခ်ိန္​ဟာ ၂၂၅ ​ေပါင္​အထိ ​ေရာက္​႐ွိခဲ့ပါၿပီ ”

“ဒါဟာ လိုက္​ဟဲဗီးဝိတ္​တန္​းအတြက္​ သတ္​မွတ္​ထားတဲ့ ကိုယ္​အ​ေလးခ်ိန္​အတိအက်ပါပဲ။ တိုက္​ခိုက္​တဲ့ပံုစံမွာ​ေတာ့ အသင့္အေနအထားမ႐ွိ​ေသး​ေပမဲ့ လာမယ္​့ ​ေအာက္​တိုဘာလအတြင္း ထိုးသတ္​မယ္​့ ပြဲမွာေတာ့ ျမန္​မာ့စပါးအံုးရဲ႕ အ​ေကာင္​းဆံုး Version ျဖစ္​လာမွာပါ ”

“ပရိသတ္​​ေတြရဲ႕ အား​ေပးမႈ​ေတြ၊ ခ်စ္​ျခင္​း​ေမတၱာ​ေတြနဲ႔ ဆု​ေတာင္​း​ေပးမႈ​ေတြအတြက္​ ​ေက်းဇူးအမ်ားႀကီးတင္​​ေနပါတယ္​ ” လို႔ သူ႔ရဲ႕ ေဖ့ဘုတ္စာမ်က္နွာထက္မွာ ဖြင့္ဟခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘရန်ဒန်ဗီရာနဲ့ထိုးသတ်ရမယ့်ပွဲအတွက် အပြင်းအထန်လေ့ကျင့်နေတဲ့ အောင်လအန်ဆန်း

အောင်လအန်ဆန်း (မြန်မာ့စပါးအုံး)ဟာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်တဲ့ စိန်ခေါ်သူ ဘရန်ဒန်ဗီရာနဲ့ အောက်တိုဘာလအတွင်း ထိုးသတ်ရမယ့် ပွဲအတွက် အပြင်းအထန် ကြိုးစားနေပါတယ်။

လက်ရှိမှာ လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်းနှစ်ခုလုံးရဲ့ ချန်ပီယံ အောင်လအန်ဆန်းကို ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီယာက လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကိုထိုးသတ်ဖို့အတွက် ဟဲဗီးဝိတ်တန်းချန်ပီယံ ဗီရာအနေနဲ့ သူ့ရဲ့ကိုယ်အလေးချိန်ကို လျှော့ချရမှာဖြစ်သလို မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်းအနေနဲ့လည်း ကိုယ်အလေးချိန်မြင့်တက်လာအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဘရန်ဒန်ဗီယာနဲ့ထိုးသတ်ရမဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံကာကွယ်ပွဲအတွက် အောင်လအန်ဆန်းဟာ သူ့ရဲ့ ကိုယ်အလေးချိန်ကို မြင့်တက်အောင် အပြင်းအထန် အချိန်ယူ လေ့ကျင့်နေခဲ့တာလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အောင်လက-

“ကျွန်တော့်ကို ဘရန်ဒန်ဗီရာ စိန်ခေါ်ခဲ့တာဟာဆိုရင် ၃ လပြည့်ခဲ့ပါပြီ။ အဲဒီညတုန်းက ကျွန်တော့်ရဲ့ကိုယ်အလေးချိန်က ၂၀၅ ပေါင်ပဲရှိပါသေးတယ်၊ အဲဒီ့နောက်ပိုင်း ကျွန်တော် ဖြေးဖြေးနဲ့မှန်မှန် ကြိုးစားလေ့ကျင့်ခဲ့ပြီး ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ကိုယ်အလေးချိန်ဟာ ၂၂၅ ပေါင်အထိ ရောက်ရှိခဲ့ပါပြီ ”

“ဒါဟာ လိုက်ဟဲဗီးဝိတ်တန်းအတွက် သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်အတိအကျပါပဲ။ တိုက်ခိုက်တဲ့ပုံစံမှာတော့ အသင့်အနေအထားမရှိသေးပေမဲ့ လာမယ့် အောက်တိုဘာလအတွင်း ထိုးသတ်မယ့် ပွဲမှာတော့ မြန်မာ့စပါးအုံးရဲ့ အကောင်းဆုံး Version ဖြစ်လာမှာပါ ”

“ပရိသတ်တွေရဲ့ အားပေးမှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဆုတောင်းပေးမှုတွေအတွက် ကျေးဇူးအများကြီးတင်နေပါတယ် ” လို့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ဖွင့်ဟခဲ့ပါတယ်။

လူညိုချော@SportsGabar