စီးရီးေအဘက္ျမွားဦးလွည့္လာျပန္တ့ဲ ေဘးလ္ရဲ႕အေျပာင္းအေရႊ႕

ရီးရဲလ္မက္ဒရစ္အသင္းကေနထြက္ခြာဖို႔ ေသခ်ာသေလာက္ရွိေနတ့ဲ ဂါရက္ေဘးလ္ဟာ အေစာပိုင္းမွာပရီးမီးယားလိဂ္အသင္းတစ္သင္းကိုေျပာင္းေရႊ႕ေတာ့မယ္လို႔သတင္းေတြထြက္ေနေပမယ့္ ဘယ္အသင္းကိုေျပာင္းေရႊ႕မလဲဆိုတာေတာ့ ေသခ်ာမသိရပါဘူး။ အသင္းေဟာင္းစပါးကိုေျပာင္းေရႊ႕မယ္လို႔သတင္းေတြထြက္ေနေပမယ့္ လက္ရွိမွာေတာ့ ဂါရက္ေဘးလ္ရဲ႕အေျပာင္းအေရႊ႕သတင္းေတြက စီးရီေအဘက္ကိုေရာက္ရွိလာခ့ဲျပန္ျပီျဖစ္ပါတယ္။

အင္တာနည္းျပသစ္ျဖစ္လာတ့ဲ ကြန္တီက သူ႔အေနနဲ႔ အင္တာမီလန္အသင္းကိုျပန္လည္တည္ေဆာက္ဖို႔အတြက္ လိုအပ္တ့ဲ ကစားသမားျဖည့္တင္းမႈေတြျပဳလုပ္ဖို႔ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ အေစာပိုင္းက အသင္းရဲ႕တိုက္စစ္ပိုင္းကိုျဖည့္တင္းဖို႔အတြက္ အသင္းရဲ႕တိုက္စစ္မွဴး အိုင္ကာဒီနဲ႔အလဲအထပ္ျပဳလုပ္ျပီး မန္ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွဴး လူကာကူကို ေခၚယူဖို႔ ၾကိဳးစားခ့ဲေပမ့ဲ မန္ယူႏိုက္တက္အသင္းကပယ္ခ်ခ့ဲတာေၾကာင့္အင္တာရဲ႕ပစ္မွတ္ဟာ ရီးရဲလ္ကထြက္ခြာမယ့္ ဂါရက္ေဘးလ္ဆီကို ဦးတည္လာခ့ဲတာပဲျဖစ္ပါတယ္။

ဂါရက္ေဘးလ္ဟာ ရီးရဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို ေလးၾကိမ္အထိရရွိခ့ဲျပီး၊ ေတာ့တင္ဟမ္းအသင္းကေန အရင္က ရီးရဲလ္အသင္းရဲ႕တိုက္စစ္မွဴး စီေရာ္နယ္ဒိုေနရာမွာ အစားထိုးဖို႔ ေခၚယူခ့ဲတာျဖစ္ပါတယ္။ ဒါေပမယ့္ ေဘးလ္ဟာရီးရဲလ္မွာ ဒဏ္ရာျပႆနာေတြနဲ႔သာရုန္းကန္ေနခ့ဲရျပီး၊ ရီးရဲလ္အသင္းမွာ ရွိခ့ဲတ့ဲ(၆)ရာသီအတြင္းမွာ ပြဲေပါင္း(၁၅၅)ပြဲ ပြဲထြက္ပါ၀င္ကစားခ့ဲရာမွာ သြင္းဂိုး(၇၈)ဂိုးသာသြင္းယူႏိုင္ခ့ဲတာျဖစ္ပါတယ္။

ဒီရာသီမွာလည္းဂါရက္ေဘးလ္ဟာ ရီးရဲလ္အသင္းအတြက္ျပိဳင္ပြဲစံု (၄၂)ပြဲပါ၀င္ကစားေပးထားနိုင္ခ့ဲျပီး၊ သြင္းဂိုး(၁၄)ဂိုးနဲ႔ ဂိုးဖန္တီးမႈ( ၄)ၾကိမ္သာလ်ွင္ျပဳလုပ္ေပးထားနိုင္ခ့ဲတာျဖစ္ပါတယ္။ အသင္းရဲ႕တစ္ေက်ာ့ျပန္နည္းျပ ဇီဒန္းကေတာ့ သူ႔ရဲ႕အနာဂတ္အစီအစဥ္ေတြမွာ ဂါရက္ေဘးလ္မပါ၀င္ဘူးလို႔ေျပာၾကားထားတာေၾကာင့္ ဂါရက္ေဘးလ္အေနနဲ႔ကေတာ့ေသခ်ာေပါက္ ဒီရာသီအသင္းကေနထြက္ခြာဖို႔ျဖစ္လာမွာပါ။

ဘယ္အသင္းကိုေရာက္ရွိသြားမလဲဆိုတာေတာ့ ဒီေႏြေစ်းကြက္ထဲမွာ အားလံုးတူတူေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

စီးရီးအေဘက်မြှားဦးလှည့်လာပြန်တဲ့ ဘေးလ်ရဲ့အပြောင်းအရွှေ့

ရီးရဲလ်မက်ဒရစ်အသင်းကနေထွက်ခွာဖို့ သေချာသလောက်ရှိနေတဲ့ ဂါရက်ဘေးလ်ဟာ အစောပိုင်းမှာပရီးမီးယားလိဂ်အသင်းတစ်သင်းကိုပြောင်းရွှေ့တော့မယ်လို့သတင်းတွေထွက်နေပေမယ့် ဘယ်အသင်းကိုပြောင်းရွှေ့မလဲဆိုတာတော့ သေချာမသိရပါဘူး။ အသင်းဟောင်းစပါးကိုပြောင်းရွှေ့မယ်လို့သတင်းတွေထွက်နေပေမယ့် လက်ရှိမှာတော့ ဂါရက်ဘေးလ်ရဲ့အပြောင်းအရွှေ့သတင်းတွေက စီးရီအေဘက်ကိုရောက်ရှိလာခဲ့ပြန်ပြီဖြစ်ပါတယ်။

အင်တာနည်းပြသစ်ဖြစ်လာတဲ့ ကွန်တီက သူ့အနေနဲ့ အင်တာမီလန်အသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ကစားသမားဖြည့်တင်းမှုတွေပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ အစောပိုင်းက အသင်းရဲ့တိုက်စစ်ပိုင်းကိုဖြည့်တင်းဖို့အတွက် အသင်းရဲ့တိုက်စစ်မှူး အိုင်ကာဒီနဲ့အလဲအထပ်ပြုလုပ်ပြီး မန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ မန်ယူနိုက်တက်အသင်းကပယ်ချခဲ့တာကြောင့်အင်တာရဲ့ပစ်မှတ်ဟာ ရီးရဲလ်ကထွက်ခွာမယ့် ဂါရက်ဘေးလ်ဆီကို ဦးတည်လာခဲ့တာပဲဖြစ်ပါတယ်။

ဂါရက်ဘေးလ်ဟာ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို လေးကြိမ်အထိရရှိခဲ့ပြီး၊ တော့တင်ဟမ်းအသင်းကနေ အရင်က ရီးရဲလ်အသင်းရဲ့တိုက်စစ်မှူး စီရော်နယ်ဒိုနေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘေးလ်ဟာရီးရဲလ်မှာ ဒဏ်ရာပြဿနာတွေနဲ့သာရုန်းကန်နေခဲ့ရပြီး၊ ရီးရဲလ်အသင်းမှာ ရှိခဲ့တဲ့(၆)ရာသီအတွင်းမှာ ပွဲပေါင်း(၁၅၅)ပွဲ ပွဲထွက်ပါဝင်ကစားခဲ့ရာမှာ သွင်းဂိုး(၇၈)ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာလည်းဂါရက်ဘေးလ်ဟာ ရီးရဲလ်အသင်းအတွက်ပြိုင်ပွဲစုံ (၄၂)ပွဲပါဝင်ကစားပေးထားနိုင်ခဲ့ပြီး၊ သွင်းဂိုး(၁၄)ဂိုးနဲ့ ဂိုးဖန်တီးမှု( ၄)ကြိမ်သာလျှင်ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့တစ်ကျော့ပြန်နည်းပြ ဇီဒန်းကတော့ သူ့ရဲ့အနာဂတ်အစီအစဉ်တွေမှာ ဂါရက်ဘေးလ်မပါဝင်ဘူးလို့ပြောကြားထားတာကြောင့် ဂါရက်ဘေးလ်အနေနဲ့ကတော့သေချာပေါက် ဒီရာသီအသင်းကနေထွက်ခွာဖို့ဖြစ်လာမှာပါ။

ဘယ်အသင်းကိုရောက်ရှိသွားမလဲဆိုတာတော့ ဒီနွေဈေးကွက်ထဲမှာ အားလုံးတူတူစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar