မေရရာမေသခ်ာေသးတ့ဲေကာ္တင္ဟိုရဲ႕အေျပာင္းအေရႊ႕ပံုျပင္

ဘာစီလိုနာအသင္းရဲ႕တိုက္စစ္မွဴးေကာ္တင္ဟိုက သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး၊ သူဘာမွမသိဘူးလို႔ အင္တာဗ်ဳးတစ္ခုမွာ ၀န္ခံေျပာၾကားခ့ဲပါတယ္။ ေကာ္တင္ဟိုဟာ(၂၀၁၈)ခုႏွစ္ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလကေရာက္ရွိခ့ဲတာျဖစ္ျပီး၊ ဘာစီလိုနာမွာ ထင္သေလာက္ေျခစြမ္းမျပႏိုင္ျဖစ္ေနတာေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ေကာ္တင္ဟိုကိုေခၚယူဖို႔ခ်ဲလ္ဆီးနဲ႔ မန္ယူႏိုက္တက္တို႔က ခ်ိတ္ဆက္ေနတာျဖစ္ျပီး၊ ဒီအေျပာင္းအေရႊ႕သတင္းေတြနဲ႔ပတ္သက္ျပီး အင္တာဗ်ဳးတစ္ခုမွာ ေကာ္တင္ဟိုက အခုလိုပဲေျပာၾကားသြားခ့ဲပါတယ္။ ေကာ္တင္ဟိုက ” ကၽြန္ေတာ္မွာအခုဘာစီလိုနာနဲ႔စာခ်ဳပ္ရွိထားပါတယ္၊ ကၽြန္ေတာ္ဟာ ဒီအသင္းမွာေအာင္ျမင္ဖို႔အတြက္ ေမ်ွာ္လင့္ခ့ဲတာပါ၊ အခုကေတာ့ ဒီအေပၚမွာအျပည့္အ၀အာရံုမစိုက္ႏိုင္ေတာ့ပါဘူး၊ အနာဂတ္နဲ႔ပတ္သက္ျပီးေတာ့လည္း ဘာေတြျဖစ္လိမ့္မယ္ဆိုတာ ကမန္ေတာ္မသိပါဘူး၊

သတင္းမီဒီယာေတြဆီကထြက္လာတ့ဲအရာေတာ္ေတာ္မ်ားမ်ားက မမွန္ပါဘူး၊ ဒါေပမ့ဲကၽြန္ေတာ့္အနာဂတ္နဲ႔ပတ္သက္ျပီး ဘာမွမသိပါဘူး၊ ဒါကေတာ့အမွန္တရားပါ၊ ရိုးရိုးသားသား၀န္ခံရရင္ ကၽြန္ေတာ့္အတြက္ ေကာင္းမြန္တဲ့ေဘာလံုးရာသီတစ္ခုမဟုတ္ခ့ဲပါဘူး၊ ကၽြန္ေတာ္အလိုရွိသေလာက္ေျခစြမ္းမျပႏိုင္ခ့ဲပါဘူး၊ ကၽြန္ေတာ္ေမ်ွာ္လင့္သလိုျဖစ္မလာခ့ဲပါဘူး ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ေကာ္တင္ဟိုရဲ႕ေျပာစကားအရ သူ႔ရဲ႕အနာ၈တ္ဟာေသခ်ာမႈမရွိေသးပဲ ဘာေတြဆက္ျဖစ္လာမလဲဆိုတာက စိတ္၀င္စားစရာေကာင္းေနပါတယ္။ လက္ရွိမွာ ဘာစီလိုနာဟာ အက္သလက္က ဂရစ္မန္းနဲ႔ပီအက္စ္ဂ်ီက ေနမာတို႔ကိုေခၚယူဖို႔လည္းခ်ိတ္ဆက္လ်က္ရွိေနတာေၾကာင့္ တကယ္တမ္း ဂရစ္မန္းနဲ႔ေနမာသာေရာက္လာခ့ဲရင္ ေကာ္တင္ဟိုဟာဘာစီလိုနာမွာေနရာေပ်ာက္သြားႏိုင္တ့ဲအေနအထားမ်ိဳးျဖစ္ေနပါတယ္။

ဒီေႏြရာသီေစ်းကြက္ကေတာ့တကယ္ကို စိတ္၀င္စားမႈေတြနဲ႔ျပည့္ႏွက္ေနတာျဖစ္ျပီး၊ဘာေတြဆက္ျဖစ္ၾကမလဲဆိုတာကေတာ့ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မရေရာမသေချာသေးတဲ့ကော်တင်ဟိုရဲ့အပြောင်းအရွှေ့ပုံပြင်

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးကော်တင်ဟိုက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး၊ သူဘာမှမသိဘူးလို့ အင်တာဗျုးတစ်ခုမှာ ဝန်ခံပြောကြားခဲ့ပါတယ်။ ကော်တင်ဟိုဟာ(၂၀၁၈)ခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ကာလကရောက်ရှိခဲ့တာဖြစ်ပြီး၊ ဘာစီလိုနာမှာ ထင်သလောက်ခြေစွမ်းမပြနိုင်ဖြစ်နေတာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ကော်တင်ဟိုကိုခေါ်ယူဖို့ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့က ချိတ်ဆက်နေတာဖြစ်ပြီး၊ ဒီအပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး အင်တာဗျုးတစ်ခုမှာ ကော်တင်ဟိုက အခုလိုပဲပြောကြားသွားခဲ့ပါတယ်။ ကော်တင်ဟိုက ” ကျွန်တော်မှာအခုဘာစီလိုနာနဲ့စာချုပ်ရှိထားပါတယ်၊ ကျွန်တော်ဟာ ဒီအသင်းမှာအောင်မြင်ဖို့အတွက် မျှော်လင့်ခဲ့တာပါ၊ အခုကတော့ ဒီအပေါ်မှာအပြည့်အဝအာရုံမစိုက်နိုင်တော့ပါဘူး၊ အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း ဘာတွေဖြစ်လိမ့်မယ်ဆိုတာ ကမန်တော်မသိပါဘူး၊

သတင်းမီဒီယာတွေဆီကထွက်လာတဲ့အရာတော်တော်များများက မမှန်ပါဘူး၊ ဒါပေမဲ့ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှမသိပါဘူး၊ ဒါကတော့အမှန်တရားပါ၊ ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော့်အတွက် ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုမဟုတ်ခဲ့ပါဘူး၊ ကျွန်တော်အလိုရှိသလောက်ခြေစွမ်းမပြနိုင်ခဲ့ပါဘူး၊ ကျွန်တော်မျှော်လင့်သလိုဖြစ်မလာခဲ့ပါဘူး ” လို့ပြောကြားသွားခဲ့ပါတယ်။

ကော်တင်ဟိုရဲ့ပြောစကားအရ သူ့ရဲ့အနာ၈တ်ဟာသေချာမှုမရှိသေးပဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။ လက်ရှိမှာ ဘာစီလိုနာဟာ အက်သလက်က ဂရစ်မန်းနဲ့ပီအက်စ်ဂျီက နေမာတို့ကိုခေါ်ယူဖို့လည်းချိတ်ဆက်လျက်ရှိနေတာကြောင့် တကယ်တမ်း ဂရစ်မန်းနဲ့နေမာသာရောက်လာခဲ့ရင် ကော်တင်ဟိုဟာဘာစီလိုနာမှာနေရာပျောက်သွားနိုင်တဲ့အနေအထားမျိုးဖြစ်နေပါတယ်။

ဒီနွေရာသီဈေးကွက်ကတော့တကယ်ကို စိတ်ဝင်စားမှုတွေနဲ့ပြည့်နှက်နေတာဖြစ်ပြီး၊ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar