အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာေပါင္(၄၅)သန္းနဲ႔ရြာလည္ေနတ့ဲအမ္မရီရဲ႕ပစ္မွတ္

ရီးရဲလ္အသင္းဟာဒီေနြေစ်းကြက္အတြင္းကစားသမား(၆)ဦးအထိေခၚယူခ့ဲအျပီးမွာေတာ့ အသင္းရဲ႕အေျပာင္းအေရႊ႕အသံုးစရိတ္ဟာေပါင္သန္း(၃၀၀)နီးပါးရွိသြားျပီပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ရီးရဲလ္အသင္းဟာ၀င္ေငြနဲ႔ထြက္ေငြမ်ွတေစဖို႔ အသင္းမွာရွိတ့ဲကစားတစ္ခ်ိဳ႕ကိုေရာင္းထုက္ဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။

လက္ရွိထြက္ေပၚေနတ့ဲသတင္းေတြအရ အာဆင္နယ္အသင္းဟာ ရီးရဲလ္အသင္းကေရာင္းခ်ဖို႔ျပင္ဆင္ေနတ့ဲ ဒယ္နီစီဘယ္လ္လို႔စ္ကိုေခၚယူဖို႔ရီးရဲလ္အသင္းနဲ႔ေတြ႔ဆံုေဆြးေနြဖို႔အလိုရွိေနတယ္လို႔သိရပါတယ္။ အာဆင္နယ္အသင္းဟာ စီဘယ္လ္လို႔စ္အတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၄၅)သန္းခန္႔ေပးေခ်ဖို႔ဆႏၵရွိေနတယ္လို႔သိရပါတယ္။

အာဆင္နယ္အသင္းတာ၀န္ရွိသူေတြဟာ ဒီေႏြရာသီထဲမွာကစားသမားေခၚယူခြင့္အသံုးစရိတ္အတြက္ အမ္မရီကိုေပါင္(၄၅)သန္းသာထုက္ေပးထားတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အမ္မရီဟာ စီဘယ္လ္လို႔စ္အတြက္ေျပာင္းေရႊ႕ေၾကးကို ေပါင္(၄၅)သန္းေလာက္နဲ႔ရရွိႏိုင္ဖို႔ ရီးရဲလ္နဲ႔ေဆြးေႏြးမႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။ သို႔ေပမ့ဲ အမ္မရီဟာ အသင္းရဲ႕ေႏြရာသီအေျပာင္းအေရႊ႕စရိတ္ကိုျမင့္တက္ေစဖို႔အတြက္ အသင္းရဲ႕ကြင္းလယ္လူ အိုေဇးလ္ကိုေရာင္းခ်ဖို႔ စီစဥ္ေနတယ္လို႔လည္းသိရပါတယ္။

ေနာက္ထပ္သတင္းေတြအရ စီဘယ္လ္လို႔စ္ကိုေခၚယူဖို႔ စပါးအသင္းကလည္းစိတ္၀င္စားမႈရွိေနတာျဖစ္ျပီး၊ ဒါဟာ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္းေငြသိပ္သံုးေလ့မရွိတ့ဲအာဆင္နယ္အတြက္ေတာ့ ေခါင္းခဲစရာကိစၥျဖစ္မွာေသခ်ာပါတယ္။ ဒါ့ေၾကာင့္ အမ္မရီအေနနဲ႔ စပါးအသင္းထက္လက္ဦးမႈရယူျပီး၊ စီဘယ္လ္လို႔စ္အတြက္ေျပာင္းေရႊ႕ေၾကးကို အသင္းကခ်ေပးထားတ့ဲ အသံုးစရိတ္နဲ႔ရေအာင္ေခၚယူသြားႏိုင္မလားဆိုတာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အပြောင်းအရွှေ့ဈေးကွက်ထဲမှာပေါင်(၄၅)သန်းနဲ့ရွာလည်နေတဲ့အမ်မရီရဲ့ပစ်မှတ်

ရီးရဲလ်အသင်းဟာဒီနွေဈေးကွက်အတွင်းကစားသမား(၆)ဦးအထိခေါ်ယူခဲ့အပြီးမှာတော့ အသင်းရဲ့အပြောင်းအရွှေ့အသုံးစရိတ်ဟာပေါင်သန်း(၃၀၀)နီးပါးရှိသွားပြီပဲဖြစ်ပါတယ်။ ဒါ့ကြောင့်ရီးရဲလ်အသင်းဟာဝင်ငွေနဲ့ထွက်ငွေမျှတစေဖို့ အသင်းမှာရှိတဲ့ကစားတစ်ချို့ကိုရောင်းထုက်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ အာဆင်နယ်အသင်းဟာ ရီးရဲလ်အသင်းကရောင်းချဖို့ပြင်ဆင်နေတဲ့ ဒယ်နီစီဘယ်လ်လို့စ်ကိုခေါ်ယူဖို့ရီးရဲလ်အသင်းနဲ့တွေ့ဆုံဆွေးနွေဖို့အလိုရှိနေတယ်လို့သိရပါတယ်။ အာဆင်နယ်အသင်းဟာ စီဘယ်လ်လို့စ်အတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၄၅)သန်းခန့်ပေးချေဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။

အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ ဒီနွေရာသီထဲမှာကစားသမားခေါ်ယူခွင့်အသုံးစရိတ်အတွက် အမ်မရီကိုပေါင်(၄၅)သန်းသာထုက်ပေးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် အမ်မရီဟာ စီဘယ်လ်လို့စ်အတွက်ပြောင်းရွှေ့ကြေးကို ပေါင်(၄၅)သန်းလောက်နဲ့ရရှိနိုင်ဖို့ ရီးရဲလ်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ သို့ပေမဲ့ အမ်မရီဟာ အသင်းရဲ့နွေရာသီအပြောင်းအရွှေ့စရိတ်ကိုမြင့်တက်စေဖို့အတွက် အသင်းရဲ့ကွင်းလယ်လူ အိုဇေးလ်ကိုရောင်းချဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။

နောက်ထပ်သတင်းတွေအရ စီဘယ်လ်လို့စ်ကိုခေါ်ယူဖို့ စပါးအသင်းကလည်းစိတ်ဝင်စားမှုရှိနေတာဖြစ်ပြီး၊ ဒါဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်းငွေသိပ်သုံးလေ့မရှိတဲ့အာဆင်နယ်အတွက်တော့ ခေါင်းခဲစရာကိစ္စဖြစ်မှာသေချာပါတယ်။ ဒါ့ကြောင့် အမ်မရီအနေနဲ့ စပါးအသင်းထက်လက်ဦးမှုရယူပြီး၊ စီဘယ်လ်လို့စ်အတွက်ပြောင်းရွှေ့ကြေးကို အသင်းကချပေးထားတဲ့ အသုံးစရိတ်နဲ့ရအောင်ခေါ်ယူသွားနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar