ကြာတားဖိုင္နယ္မွာလက္ရွိခ်န္ပီယံအေမရိကန္နဲ႔အိမ္ရွင္ျပင္သစ္တို႔ထိပ္တို္က္ေတြ႔ျပီ

တနလၤာေန႔ညက ယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ ဖီဖာအမ်ိဳးသမီး ကမာၻ႔ဖလားျပိဳင္ပြဲရဲ႕ (၁၆)သင္းအဆင့္ပြဲစဥ္ေတြမွာ လက္ရွိခ်န္ပီယံ အေမရိကန္နဲ႔ ဆြီဒင္အသင္းတို႔ဟာ ျပိဳင္ဘက္ေတြျဖစ္တဲ့ စပိန္နဲ႔ကေနဒါတို႔ကို အသီးသီးအႏိုင္ရခဲ့ျပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ၾကပါတယ္။

ပထမပြဲစဥ္ျဖစ္တဲ့ အေမရိကန္အမ်ိဳးသမီးအသင္းနဲ႔ စပိန္အမ်ိဳးသမီးအသင္းတို႔ရဲ႕ပြဲမွာ အေမရိကန္အသင္းက စပိန္အသင္းကို (၂)ဂိုး (၁)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ ထူးထူးျခားျခားပဲ အေမရိကန္အသင္းဟာ အႏိုင္ဂိုး(၂)ဂိုးစလံုးကို ပင္နယ္တီေတြကေနတစ္ဆင့္ရရွိခဲ့တာျဖစ္ျပီး ပြဲခ်ိန္ (၇)မိနစ္မွာ တစ္လံုး၊ ပြဲခ်ိန္ (၇၆)မိနစ္မွာ တစ္လံုး ရခဲ့တာပါ။ စပိန္က (၉)မိနစ္မွာ ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္လိုအပ္တဲ့ ေခ်ပဂိုး တစ္ဂိုးကိုေတာ့ ထပ္မသြင္းႏိုင္ခဲ့လို႔ (၁၆)သင္းအဆင့္နဲ႔သာ ကေ်နပ္ခဲ့ရပါတယ္။

ဒါေၾကာင့္ ကြာတားဖိုင္နယ္ တက္ေရာက္သြားခဲ့တဲ့ လက္ရွိခ်န္ပီယံ အေမရိကန္ဟာ အိမ္ရွင္ျပင္သစ္နဲ႔ထိပ္တိုက္ေတြရေတာ့မွာပါ။ ဒုတိယပြဲစဥ္ျဖစ္တဲ့ ဆြီဒင္နဲ႔ ကေနဒါတို႔ရဲ႕ပြဲမွာေတာ့ ဆြီဒင္က ဒုတိယပိုင္း (၅၅)မိနစ္မွာ ရခဲ့တဲ့ ဘလက္စတီးနီယပ္ ရဲ႕တစ္လံုးတည္းေသာ သြင္းဂိုးနဲ႔ ကေနဒါကို အႏိုင္ရကာ ကြာတားအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ကြာတားဖိုင္နယ္မွာေတာ့ ဆြီဒင္အမ်ိဳးသမီးအသင္းဟာ ကမာၻ႔ဖလားႏွစ္ထပ္ကြင္းခ်န္ပီယံ ဂ်ာမနီအမ်ိဳးသမီးအသင္းနဲ႔ ေတြ႔ဆံုယွဥ္ျပိဳင္သြားရဖို႔ရွိေနပါတယ္။ က်န္ရွိေနတဲ့ (၁၆)သင္းအဆင့္ပြဲစဥ္ (၂)ပြဲျဖစ္တဲ့ အီတလီနဲ႔တရုတ္၊ နယ္သာလန္နဲ႔ဂ်ပန္တို႔ရဲ႕ပြဲစဥ္ေတြကိုေတာ့ ဒီေန႔ညမွာ ဆက္လက္ယွဥ္ျပိဳင္ကစားသြားၾကမွာပဲျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ကွာတားဖိုင်နယ်မှာလက်ရှိချန်ပီယံအမေရိကန်နဲ့အိမ်ရှင်ပြင်သစ်တို့ထိပ်တိုက်တွေ့ပြီ

တနင်္လာနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ အမေရိကန်နဲ့ ဆွီဒင်အသင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ စပိန်နဲ့ကနေဒါတို့ကို အသီးသီးအနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ကြပါတယ်။

ပထမပွဲစဉ်ဖြစ်တဲ့ အမေရိကန်အမျိုးသမီးအသင်းနဲ့ စပိန်အမျိုးသမီးအသင်းတို့ရဲ့ပွဲမှာ အမေရိကန်အသင်းက စပိန်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ထူးထူးခြားခြားပဲ အမေရိကန်အသင်းဟာ အနိုင်ဂိုး(၂)ဂိုးစလုံးကို ပင်နယ်တီတွေကနေတစ်ဆင့်ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် (၇)မိနစ်မှာ တစ်လုံး၊ ပွဲချိန် (၇၆)မိနစ်မှာ တစ်လုံး ရခဲ့တာပါ။ စပိန်က (၉)မိနစ်မှာ ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ထပ်လိုအပ်တဲ့ ချေပဂိုး တစ်ဂိုးကိုတော့ ထပ်မသွင်းနိုင်ခဲ့လို့ (၁၆)သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒါကြောင့် ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့တဲ့ လက်ရှိချန်ပီယံ အမေရိကန်ဟာ အိမ်ရှင်ပြင်သစ်နဲ့ထိပ်တိုက်တွေရတော့မှာပါ။ ဒုတိယပွဲစဉ်ဖြစ်တဲ့ ဆွီဒင်နဲ့ ကနေဒါတို့ရဲ့ပွဲမှာတော့ ဆွီဒင်က ဒုတိယပိုင်း (၅၅)မိနစ်မှာ ရခဲ့တဲ့ ဘလက်စတီးနီယပ် ရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ ကနေဒါကို အနိုင်ရကာ ကွာတားအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ကွာတားဖိုင်နယ်မှာတော့ ဆွီဒင်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားနှစ်ထပ်ကွင်းချန်ပီယံ ဂျာမနီအမျိုးသမီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရဖို့ရှိနေပါတယ်။ ကျန်ရှိနေတဲ့ (၁၆)သင်းအဆင့်ပွဲစဉ် (၂)ပွဲဖြစ်တဲ့ အီတလီနဲ့တရုတ်၊ နယ်သာလန်နဲ့ဂျပန်တို့ရဲ့ပွဲစဉ်တွေကိုတော့ ဒီနေ့ညမှာ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်။

လူညိုချော@SportsGabar