ေနမာကိုေခၚယူဖို႔မန္ယူႏိုက္တက္အသင္းထံကမ္းလွမ္းမႈေတြျပဳလုပ္ခ့ဲတယ္ဆိုတ့ဲ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီအသင္းဟာ အသင္းနဲ႔အဆင္မေျပျဖစ္ေနတ့ဲတိုက္စစ္မွဴးေနမာကို မန္ယူႏုိက္တက္ကြင္းလယ္လူေပါ့ဘာနဲ႔အလဲအထပ္ျပဳလုပ္ဖို႔မန္ယူႏုိ္က္တက္အသင္းထံကမ္းလွမ္းမႈျပဳလုပ္ခ့ဲတယ္လို႔သိရပါတယ္။

ေနမာဟာ ဘာစီလိုနာကိုေျပာင္းေရႊ႕ဖို႔စိတ္အားထက္သန္ေနေပမ့ဲ ပီအက္စ္ဂ်ီအသင္းကေတာ့မန္ယူႏိုက္တက္ကိုအခုလိုအ့ံအားသင့္စရာအေျခအေနနဲ႔ကမ္းလွမ္းလာခ့ဲတာပဲျဖစ္ပါတယ္။ ေပါ့ဘာကလည္းမန္ယူႏိုက္တက္ကေနထြက္ခြာဖို႔အလိုရွိေနတာျဖစ္ျပီး၊ ေဘာလံုးေ၀ဖန္သူေတြကေတာ့ ဒီအေျပာင္းအေရႊ႕ဟာ ျဖစ္ေျမာက္လာႏိုင္ဖြယ္ရွိတယ္လို႔ ထင္ေၾကးေပးခ့ဲၾကတာျဖစ္ပါတယ္။

ဒါေပမ့ဲလည္းမန္ယူႏိုက္တက္အသင္းရဲ႕အမႈေဆာင္အရာရွိခ်ဳပ္အက္၀ုဒ္၀က္က ပီအက္ဂ်ီအသင္းရဲ႕ကမ္းလွမ္းမႈကိုပယ္ခ်သြားခ့ဲတယ္လို႔သိရပါတယ္။ အက္၀ုဒ္၀က္ဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ကမ္းလွမ္းမႈကိုအေၾကာင္းအရင္း(၂)ခ်က္ေၾကာင့္ပယ္သြားခ့ဲတာျဖစ္တယ္လို႔လည္း သတင္းေတြက ေဖာ္ျပထားတာကိုေတြ႔ရတာျဖစ္ပါတယ္။

ပထမအခ်က္ကေနမာကိုေခၚယူလိုက္ရင္ အက္၀ုဒ္၀က္ဟာ ေနမာရဲ႕လစာကိုလက္ရွိအသင္းရဲ႕လစာအမ်ားဆံုးရေနတ့ဲဆန္းခ်က္ရဲ႕ႏွစ္ဆေပါင္(၉၀၀,၀၀၀)အထိေပးေခ်ရဖို႔ရွိေနျပီး၊ ဒီအေနအထားဟာ အသင္းရဲ႕အျခားျပႆနာေတြကိုျဖစ္ေစႏိုင္တယ္လို႔အက္၀ုဒ္၀က္ကယံုၾကည္ေနတာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အက္၀ုဒ္၀က္ဟာ ေပါ့ဘာကို အသင္းမွာဆက္ရွိေနဖို႔အလိုရွိေနတာလည္းျဖစ္ပါတယ္။

ဒါ့ေၾကာင့္အေျပာင္းအေရႊ႕ဟာျဖစ္လာႏိုင္ဖို႔ရာခိုင္ႏႈန္းအရမ္းနည္းေနတာျဖစ္ျပီး၊ လက္ရွိထြက္လာတ့ဲ သတင္းေတြဟာလည္း ေကာလဟာလသာျဖစ္ဖို႔မ်ားေနတာျဖစ္ပါတယ္။ ေနမာဟာ ဘာစီလိုနာကိုပဲျပန္ဖို႔မ်ားေနျပီး၊ ေပါ့ဘာဟာလည္း ျပီးခ့ဲတ့ဲရက္ပိုင္းက ဂ်ဳဗင္တပ္နည္းျပသစ္ဆာရီကိုဖုန္းေခၚဆိုမႈေတြရွိခ့ဲတယ္လို႔သတင္းေတြထြက္ေနတာေၾကာင့္ အသင္းေျပာင္းျဖစ္ခ့ဲရင္ေတာင္ ဂ်ဳဗင္တပ္ကိုပဲေရာက္ဖို႔မ်ားေနတာျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

နေမာကိုခေါ်ယူဖို့မန်ယူနိုက်တက်အသင်းထံကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့တိုက်စစ်မှူးနေမာကို မန်ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာနဲ့အလဲအထပ်ပြုလုပ်ဖို့မန်ယူနိုက်တက်အသင်းထံကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

နေမာဟာ ဘာစီလိုနာကိုပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေပေမဲ့ ပီအက်စ်ဂျီအသင်းကတော့မန်ယူနိုက်တက်ကိုအခုလိုအံ့အားသင့်စရာအခြေအနေနဲ့ကမ်းလှမ်းလာခဲ့တာပဲဖြစ်ပါတယ်။ ပေါ့ဘာကလည်းမန်ယူနိုက်တက်ကနေထွက်ခွာဖို့အလိုရှိနေတာဖြစ်ပြီး၊ ဘောလုံးဝေဖန်သူတွေကတော့ ဒီအပြောင်းအရွှေ့ဟာ ဖြစ်မြောက်လာနိုင်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့လည်းမန်ယူနိုက်တက်အသင်းရဲ့အမှုဆောင်အရာရှိချုပ်အက်ဝုဒ်ဝက်က ပီအက်ဂျီအသင်းရဲ့ကမ်းလှမ်းမှုကိုပယ်ချသွားခဲ့တယ်လို့သိရပါတယ်။ အက်ဝုဒ်ဝက်ဟာ ပီအက်စ်ဂျီအသင်းရဲ့ကမ်းလှမ်းမှုကိုအကြောင်းအရင်း(၂)ချက်ကြောင့်ပယ်သွားခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြထားတာကိုတွေ့ရတာဖြစ်ပါတယ်။

ပထမအချက်ကနေမာကိုခေါ်ယူလိုက်ရင် အက်ဝုဒ်ဝက်ဟာ နေမာရဲ့လစာကိုလက်ရှိအသင်းရဲ့လစာအများဆုံးရနေတဲ့ဆန်းချက်ရဲ့နှစ်ဆပေါင်(၉၀၀,၀၀၀)အထိပေးချေရဖို့ရှိနေပြီး၊ ဒီအနေအထားဟာ အသင်းရဲ့အခြားပြဿနာတွေကိုဖြစ်စေနိုင်တယ်လို့အက်ဝုဒ်ဝက်ကယုံကြည်နေတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အက်ဝုဒ်ဝက်ဟာ ပေါ့ဘာကို အသင်းမှာဆက်ရှိနေဖို့အလိုရှိနေတာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့်အပြောင်းအရွှေ့ဟာဖြစ်လာနိုင်ဖို့ရာခိုင်နှုန်းအရမ်းနည်းနေတာဖြစ်ပြီး၊ လက်ရှိထွက်လာတဲ့ သတင်းတွေဟာလည်း ကောလဟာလသာဖြစ်ဖို့များနေတာဖြစ်ပါတယ်။ နေမာဟာ ဘာစီလိုနာကိုပဲပြန်ဖို့များနေပြီး၊ ပေါ့ဘာဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဂျုဗင်တပ်နည်းပြသစ်ဆာရီကိုဖုန်းခေါ်ဆိုမှုတွေရှိခဲ့တယ်လို့သတင်းတွေထွက်နေတာကြောင့် အသင်းပြောင်းဖြစ်ခဲ့ရင်တောင် ဂျုဗင်တပ်ကိုပဲရောက်ဖို့များနေတာဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar