နယူးကာဆယ္ကေနထြက္ခြာေတာ့မယ့္ ဘင္နီတက္ဇ္

နယူကာဆယ္အသင္းရဲ႕ပ့ဲကိုင္ရွင္ နည္းျပ ဘင္နီတက္ဇ္ဟာ ဒီအပတ္ထဲမွာျပည့္မယ့္စာခ်ဳပ္သက္တမ္းျပည့္ရင္ နယူးကာဆယ္ကေနထြက္ေတာ့မယ္လို႔ သတင္းေတြအရသိရပါတယ္။

ဘင္နီတက္ဇ္ဟာ အသင္းနဲ႔(၃)ႏွစ္သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္ခ့ဲေပမ့ဲ ေနာက္ဆံုးမွာသေဘာတူညီမႈမရခ့ဲပဲ စာခ်ဳပ္သက္တမ္းျပည့္ရင္အသင္းကေနထြက္ခြာေတာ့မွာပဲျဖစ္ပါတယ္။ ဘင္နီးတက္ဇ္နဲ႔နယူးကာဆယ္အသင္းတို႔ခ်ဳပ္ဆိုထားတ့ဲစာခ်ဳပ္ဟာ လာမယ့္တနဂၤေႏြေန႔မွာကုန္ဆံုးေတာ့မွာျဖစ္ပါတယ္။

ဘင္နီတက္ဇ္နဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ေဆြးေႏြးခ့ဲတ့ဲအေပၚမွာနယူကာဆယ္အသင္းဘက္ကအခုလိုပဲေဖာ္ျပသြားခ့ဲပါတယ္။ ” ကၽြန္ေတာ္တို႔ ရာေဖးလ္(ဘင္နီတက္ဇ္)ကိုစာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔အတြက္ ၾကိဳးစားျပီးအလုပ္လုပ္ခ့ဲၾကပါတယ္။ ဒါေပမ့ဲ အဆင္မေျပခ့ဲပါဘူး၊ ရာေဖးလ္နဲ႔ေရာ သူ႔ရဲ႕ကိုယ္စားလွယ္ေတြနဲ႔ပါ စာခ်ုပ္သက္တမ္းတိုးဖို႔ကိစၥကသေဘာတူညီခ်က္ရဖို႔ျဖစ္ႏိုင္လိမ့္မွာမဟုတ္ေတာ့ပါဘူး၊

ရာေဖးလ္နဲ႔အတူ သူ႔ရဲ႕နည္းျပအဖြဲ႔၀င္ေတြလည္း လာမယ့္တနဂၤေႏြေန႔မွာ အသင္းကေနထြက္ခြာၾကပါလိမ့္မယ္၊ ျပီးခ့ဲတ့ဲသံုးႏွစ္တာကာလအတြင္း နယူးကာဆယ္အတြက္ သူလုပ္ေပးခ့ဲတာေတြအတြက္ ရာေဖးလ္ကိုေရာ သူ႔ရဲ႕နည္းျပအဖြဲ႕၀င္ေတြကိုေရာပါ ေက်းဇူးတင္ခ်င္ပါတယ္၊ အခုအသင္းအတြက္ေနာက္ထပ္နည္းျပတစ္ေယာက္ကိုရွာေဖြရေတာ့မွာပါ ” လို႔ေျပာၾကားသြားခ့ဲပါတယ္။

ဘင္နီတက္ဇ္ဟာ ပရီးမီးယားလိဂ္မွာအေတြ႕အၾကံဳရွိတ့ဲနည္းျပတစ္ေယာက္ျဖစ္ျပီး၊ လီဗာပူးလ္အသင္းနဲ႔လည္းေအာင္ျမင္မႈေတြရယူႏိုင္ခ့ဲတ့ဲနည္းျပတစ္ေယာက္ျဖစ္ျပီး၊ (၂၀၀၅)ခုႏွစ္က လီဗာပူးလ္နဲ႔အတူခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခ့ဲတ့ဲအခ်ိန္က သူ႔ရဲ႕နည္းျပဘ၀အေအာင္ျမင္ဆံုးအခ်ိန္လို႔ေျပာလို႔ရပါတယ္။ လက္ရွိနယူးကာဆယ္အသင္းနဲ႔လည္းေအာင္ျမင္မႈေတြရယူေပးႏိုင္ခ့ဲျပီး၊ ျပီးခ့ဲတ့ဲႏွစ္က နယူးကာဆယ္ကို ခ်န္ပီယံရွစ္ကေနပရီးမီးယားလိဂ္ကိုတန္းျပန္တက္ႏိုင္ေအာင္ကူညီေပးႏိုင္ခ့ဲတ့ဲနည္းျပတစ္ေယာက္ျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

နယူးကာဆယ်ကနေထွက်ခွာတော့မယ့် ဘင်နီတက်ဇ်

နယူကာဆယ်အသင်းရဲ့ပဲ့ကိုင်ရှင် နည်းပြ ဘင်နီတက်ဇ်ဟာ ဒီအပတ်ထဲမှာပြည့်မယ့်စာချုပ်သက်တမ်းပြည့်ရင် နယူးကာဆယ်ကနေထွက်တော့မယ်လို့ သတင်းတွေအရသိရပါတယ်။

ဘင်နီတက်ဇ်ဟာ အသင်းနဲ့(၃)နှစ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာသဘောတူညီမှုမရခဲ့ပဲ စာချုပ်သက်တမ်းပြည့်ရင်အသင်းကနေထွက်ခွာတော့မှာပဲဖြစ်ပါတယ်။ ဘင်နီးတက်ဇ်နဲ့နယူးကာဆယ်အသင်းတို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ဘင်နီတက်ဇ်နဲ့စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးခဲ့တဲ့အပေါ်မှာနယူကာဆယ်အသင်းဘက်ကအခုလိုပဲဖော်ပြသွားခဲ့ပါတယ်။ ” ကျွန်တော်တို့ ရာဖေးလ်(ဘင်နီတက်ဇ်)ကိုစာချုပ်သက်တမ်းတိုးနိုင်ဖို့အတွက် ကြိုးစားပြီးအလုပ်လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ပါဘူး၊ ရာဖေးလ်နဲ့ရော သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ပါ စာချုပ်သက်တမ်းတိုးဖို့ကိစ္စကသဘောတူညီချက်ရဖို့ဖြစ်နိုင်လိမ့်မှာမဟုတ်တော့ပါဘူး၊

ရာဖေးလ်နဲ့အတူ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေလည်း လာမယ့်တနင်္ဂနွေနေ့မှာ အသင်းကနေထွက်ခွာကြပါလိမ့်မယ်၊ ပြီးခဲ့တဲ့သုံးနှစ်တာကာလအတွင်း နယူးကာဆယ်အတွက် သူလုပ်ပေးခဲ့တာတွေအတွက် ရာဖေးလ်ကိုရော သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကိုရောပါ ကျေးဇူးတင်ချင်ပါတယ်၊ အခုအသင်းအတွက်နောက်ထပ်နည်းပြတစ်ယောက်ကိုရှာဖွေရတော့မှာပါ ” လို့ပြောကြားသွားခဲ့ပါတယ်။

ဘင်နီတက်ဇ်ဟာ ပရီးမီးယားလိဂ်မှာအတွေ့အကြုံရှိတဲ့နည်းပြတစ်ယောက်ဖြစ်ပြီး၊ လီဗာပူးလ်အသင်းနဲ့လည်းအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့နည်းပြတစ်ယောက်ဖြစ်ပြီး၊ (၂၀၀၅)ခုနှစ်က လီဗာပူးလ်နဲ့အတူချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့အချိန်က သူ့ရဲ့နည်းပြဘဝအအောင်မြင်ဆုံးအချိန်လို့ပြောလို့ရပါတယ်။ လက်ရှိနယူးကာဆယ်အသင်းနဲ့လည်းအောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်က နယူးကာဆယ်ကို ချန်ပီယံရှစ်ကနေပရီးမီးယားလိဂ်ကိုတန်းပြန်တက်နိုင်အောင်ကူညီပေးနိုင်ခဲ့တဲ့နည်းပြတစ်ယောက်ဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar