ယူႏိုက္တက္အသင္းထံ ျပန္ခ်င္လားဆိုတဲ့ေမးခြန္းကို ေျဖၾကားခဲ့တဲ့ ဇာဟာ

ခရစ္စတယ္ပဲေလ့အသင္းကစားသမား ဇာဟာက သူ႔အေနနဲ႔ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္ကို ျပန္သြားဖို႔ ဆံုးျဖတ္ရခက္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ေတာင္ပံကစားသမားဇာဟာ ဟာမန္ယူႏိုက္တက္အသင္းမွာရွိစဥ္က ပထမအသင္းၾကီးမွာ ပရီးမီးယားလိဂ္ (၂)ပြဲအပါအ၀င္ စုစုေပါင္း (၄)ပြဲသာ ကစားခြင့္ရခဲ့ျပီး စိတ္ပ်က္စရာေဘာလံုးရာသီကို ျဖတ္သန္းခဲ့ရဖူးတဲ့သူပါ။

လြန္ခဲ့တဲ့ (၂၀၁၃) ခုႏွစ္ တုန္းက ခရစ္စတယ္ပဲေလ့အသင္းကေန မန္ယူႏိုက္တက္ကို ေျပာင္းေရြ႕ေရာက္ရွိလာခဲ့တဲ့ အိုင္ဗရီကို႔ ကစားသမားဟာ ေရာက္ျပီးမၾကာခင္မွာပဲ ခရစ္စတယ္ပဲေလ့အသင္းထံ အငွားျပန္လည္ခ်ထားခံခဲ့ရျပီး၊ ကာဒစ္စီးတီး အသင္းအထိပါ ေရာက္သြားခဲ့ပါေသးတယ္။

ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ဇာဟာ အေနနဲ႔ ခရစ္စတယ္ပဲေလ့အသင္းထံ ျပန္လည္ေရာက္ရွိလာခဲ့ျပီးေနာက္ ေျခစြမ္းျပသႏိုင္ခဲ့ျပီး၊ အသင္းအတြက္ ဒီရာသီမွာ (၁၀)ဂိုးသြင္းကာ၊ (၁၀)ၾကိမ္ဂိုးဖန္တီးေပးထားႏိုင္ခဲ့တာဆိုရင္ မန္ခ်က္စတာယူႏိုက္တက္အသင္းက သူ႔ကိုျပန္လည္ေခၚယူဖို႔ စီစဥ္လာတဲ့အထိပါပဲ။

ဒါေၾကာင့္ ပဲေလ့အသင္းကလည္း ဇာဟာအတြက္ ေပါင္သန္း (၈၀)သတ္မွတ္ထားျပီး သူ႔ကို ေခၚယူစဥ္ကတန္ဖိုးထက္ ေပါင္သန္း(၇၀)အထိ တိုးျမွင့္သတ္မွတ္ထားပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းထံ ျပန္ခ်င္သလားဆိုတဲ့ေမးခြန္းကို ဇာဟာက-

” အိုး! တကယ္ၾကီးလား? ကြ်န္ေတာ္အေနနဲ႔ ေတာ္ေတာ္ဆိုးတဲ့ အေျခအေနေတြနဲ႔ ၾကံဳခဲ့ရျပီးပါျပီ၊ အခုအခ်ိန္မွာေတာ့ အဆင္ေျပေနျပီေလ…”

” ဆာအဲလက္ဖာဂူဆန္လက္ထက္က ကြ်န္ေတာ္ ယူႏိုက္တက္နဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တယ္၊ သူ႔အေနနဲ႔ ယူႏိုက္တက္နည္းျပအျဖစ္ဆက္ရွိမယ္လို႔လည္း ထင္ခဲ့တယ္၊ ျပီးေတာ့ အသင္းကို ေဒးဗစ္မိုရက္ ေရာက္လာခဲ့တယ္၊ သူက လူငယ္ကစားသမားေတြထက္ ၀ါရင့္ကစားသမားေတြကိုသာ အသံုးျပဳခဲ့တယ္…”

” တစ္ခ်ိဳ႕ပြဲေတြဆိုရင္ ကြ်န္ေတာ္ အရံခံုမွာေတာင္ မထိုင္ခဲ့ရပါဘူး၊ ဒါဟာေတာ္ေတာ္ ခက္ခဲတဲ့အေျခအေနျဖစ္ခဲ့ပါတယ္၊ နည္းျပက ကြ်န္ေတာ့္ကို မယံုၾကည္ခဲ့ဘူး…” လို႔ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ယူနိုက်တက်အသင်းထံ ပြန်ချင်လားဆိုတဲ့မေးခွန်းကို ဖြေကြားခဲ့တဲ့ ဇာဟာ

ခရစ်စတယ်ပဲလေ့အသင်းကစားသမား ဇာဟာက သူ့အနေနဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ပြန်သွားဖို့ ဆုံးဖြတ်ရခက်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။တောင်ပံကစားသမားဇာဟာ ဟာမန်ယူနိုက်တက်အသင်းမှာရှိစဉ်က ပထမအသင်းကြီးမှာ ပရီးမီးယားလိဂ် (၂)ပွဲအပါအဝင် စုစုပေါင်း (၄)ပွဲသာ ကစားခွင့်ရခဲ့ပြီး စိတ်ပျက်စရာဘောလုံးရာသီကို ဖြတ်သန်းခဲ့ရဖူးတဲ့သူပါ။

လွန်ခဲ့တဲ့ (၂၀၁၃) ခုနှစ် တုန်းက ခရစ်စတယ်ပဲလေ့အသင်းကနေ မန်ယူနိုက်တက်ကို ပြောင်းရွေ့ရောက်ရှိလာခဲ့တဲ့ အိုင်ဗရီကို့ ကစားသမားဟာ ရောက်ပြီးမကြာခင်မှာပဲ ခရစ်စတယ်ပဲလေ့အသင်းထံ အငှားပြန်လည်ချထားခံခဲ့ရပြီး၊ ကာဒစ်စီးတီး အသင်းအထိပါ ရောက်သွားခဲ့ပါသေးတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ဇာဟာ အနေနဲ့ ခရစ်စတယ်ပဲလေ့အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ခြေစွမ်းပြသနိုင်ခဲ့ပြီး၊ အသင်းအတွက် ဒီရာသီမှာ (၁၀)ဂိုးသွင်းကာ၊ (၁၀)ကြိမ်ဂိုးဖန်တီးပေးထားနိုင်ခဲ့တာဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းက သူ့ကိုပြန်လည်ခေါ်ယူဖို့ စီစဉ်လာတဲ့အထိပါပဲ။

ဒါကြောင့် ပဲလေ့အသင်းကလည်း ဇာဟာအတွက် ပေါင်သန်း (၈၀)သတ်မှတ်ထားပြီး သူ့ကို ခေါ်ယူစဉ်ကတန်ဖိုးထက် ပေါင်သန်း(၇၀)အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းထံ ပြန်ချင်သလားဆိုတဲ့မေးခွန်းကို ဇာဟာက-

” အိုး! တကယ်ကြီးလား? ကျွန်တော်အနေနဲ့ တော်တော်ဆိုးတဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရပြီးပါပြီ၊ အခုအချိန်မှာတော့ အဆင်ပြေနေပြီလေ…”

” ဆာအဲလက်ဖာဂူဆန်လက်ထက်က ကျွန်တော် ယူနိုက်တက်နဲ့ စာချုပ်ချုပ်ခဲ့တယ်၊ သူ့အနေနဲ့ ယူနိုက်တက်နည်းပြအဖြစ်ဆက်ရှိမယ်လို့လည်း ထင်ခဲ့တယ်၊ ပြီးတော့ အသင်းကို ဒေးဗစ်မိုရက် ရောက်လာခဲ့တယ်၊ သူက လူငယ်ကစားသမားတွေထက် ဝါရင့်ကစားသမားတွေကိုသာ အသုံးပြုခဲ့တယ်…”

” တစ်ချို့ပွဲတွေဆိုရင် ကျွန်တော် အရံခုံမှာတောင် မထိုင်ခဲ့ရပါဘူး၊ ဒါဟာတော်တော် ခက်ခဲတဲ့အခြေအနေဖြစ်ခဲ့ပါတယ်၊ နည်းပြက ကျွန်တော့်ကို မယုံကြည်ခဲ့ဘူး…” လို့ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar