ဘာစီလိုနာကိုျပန္လာေနျပီလို႔အသင္းေဖာ္ေဟာင္းေတြကိုေျပာၾကားခ့ဲတ့ဲေနမာ

ေနမာတစ္ေယာက္ဘာစီိလိုနာကိုျပန္လည္ေရာက္ရွိလာဖို႔က ျဖစ္ႏိုင္ေျခမ်ားေနပါတယ္။ ေနာမာဟာ ပီအက္စ္ဂ်ီအသင္းကေနထြက္ခြာဖို႔ျပင္ဆင္ေနတာျဖစ္ျပီး၊ ေနမာကိုေခၚယူဖို႔ ဘာစီလိုနာရဲ႕ျပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းကလည္းစိတ္၀င္စားေနတာျဖစ္ပါတယ္။

ဒါေပမ့ဲလည္ ေနမာကို ဘာစီလိုနာမွာပဲေနာက္တစ္ၾကိမ္ျပန္ျမင္ရဖို႔ရွိေနျပီး၊ ေနမာကိုယ္တိုင္က ဘာစီလိုနာကိုပဲျပန္လည္ေျပာင္းေရႊ႕ဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။ ေနမာဟာ ပီအက္စ္ဂ်ီအသင္းမွာအဆင္မေျပျဖစ္ေနျပီး၊ ဒဏ္ရာျပႆနာေတြနဲ႔ရုန္းကန္ေနခ့ဲ၇ကာ၊ လက္ရွိမွာလည္း ဒဏ္ရာေၾကာင့္ ဘရာဇီးနဲ႔အတူ ကိုပါအေမရိကျပိဳင္ပြဲကိုပါ၀င္ခြင့္ရဖို႔လြဲေခ်ာ္ထားခ့ဲတ့ဲသူျဖစ္ပါတယ္။

သတင္းေတြအရ ေနမာဟာ ဘာစီလိုနာကစားေဖာ္ေဟာင္းေတြက္ို သူ႔အေနနဲ႔ဘာစီလိုနာကိုျပန္လာလိမ့္မယ္လို႔ေျပာၾကားခ့ဲတယ္လို႔သိရပါတယ္။ ေနမာဟာ ျပီးခ့ဲတ့ဲ(၂၀၁၇)ခုႏွစ္က ပီအက္စ္ဂ်ီအသင္းကိုေျပာင္းေရႊ႕ေၾကးယူရို(၂၂၂)သန္းနဲ႔ေျပာင္းေရႊ႕ခ့ဲတာျဖစ္ျပီး၊ ေနမာရဲ႕ေျပာင္းေရႊ႕ေၾကးဟာ ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးတစ္ရပ္ျဖစ္ခ့ဲပါတယ္။

ေနမာဟာပီအက္စ္ဂ်ီအသင္းအတြက္ႏွစ္ရာသီအတြင္းပြဲေပါင္း(၃၇)ပါ၀င္ကစားေပးႏိုင္ခ့ဲကာ သြင္းဂိုး(၃၄)၈ိုးသြင္းယူေပးႏိုင္ခ့ဲတ့ဲကစားသမားျဖစ္ပါတယ္။ ဒီပမာဏဟာ ေနမာလိုကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူထားတ့ဲကစားသမားတစ္ေယာက္အတြက္အလြန္ကိုနည္းပါးတ့ဲအေနအထားပဲျဖစ္ပါတယ္။ ဒါ့အျပင္ေနမာဟာ အသင္းရဲ႕ကစားေဖာ္အခ်ိဳ႕နဲ႔လည္းအဆင္မေျပမႈေတြရွိေနျပီး၊ အထူးသျဖင့္ ကာဗာနီနဲ႔ဆိုးရြားတ့ဲဆက္ဆံေရးေတြရွိခ့ဲတာပဲျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ဥကၠဌျဖစ္သူကလည္း ေနမာရဲ႕အသင္းေဖာ္ေတြၾကား ထင္ေပၚခ်င္တ့ဲ အျပဳအမူေတြကိုစိတ္ပ်က္လ်က္၇ွိေနတာလည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေနမာဟာဘာစီလိုနာကိုျပန္ေျပာင္းဖို႔ ျပင္ဆင္ေနခ့ဲတာျဖစ္ျပီး၊ ေျပာင္းေရႊ႕ေၾကးကိစၥသာအဆင္ေျပရင္ေနမာတစ္ေယာက္ဘာစီလိုနာကိုေသခ်ာေပါက္ျပန္လည္ေရာက္၇ွိလာေတာ့မွာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘာစီလိုနာကိုပြန်လာနေပြီလို့အသင်းဖော်ဟောင်းတွေကိုပြောကြားခဲ့တဲ့နေမာ

နေမာတစ်ယောက်ဘာစီလိုနာကိုပြန်လည်ရောက်ရှိလာဖို့က ဖြစ်နိုင်ခြေများနေပါတယ်။ နောမာဟာ ပီအက်စ်ဂျီအသင်းကနေထွက်ခွာဖို့ပြင်ဆင်နေတာဖြစ်ပြီး၊ နေမာကိုခေါ်ယူဖို့ ဘာစီလိုနာရဲ့ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကလည်းစိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဒါပေမဲ့လည် နေမာကို ဘာစီလိုနာမှာပဲနောက်တစ်ကြိမ်ပြန်မြင်ရဖို့ရှိနေပြီး၊ နေမာကိုယ်တိုင်က ဘာစီလိုနာကိုပဲပြန်လည်ပြောင်းရွှေ့ဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းမှာအဆင်မပြေဖြစ်နေပြီး၊ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေခဲ့၇ကာ၊ လက်ရှိမှာလည်း ဒဏ်ရာကြောင့် ဘရာဇီးနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲကိုပါဝင်ခွင့်ရဖို့လွဲချော်ထားခဲ့တဲ့သူဖြစ်ပါတယ်။

သတင်းတွေအရ နေမာဟာ ဘာစီလိုနာကစားဖော်ဟောင်းတွေကို သူ့အနေနဲ့ဘာစီလိုနာကိုပြန်လာလိမ့်မယ်လို့ပြောကြားခဲ့တယ်လို့သိရပါတယ်။ နေမာဟာ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်က ပီအက်စ်ဂျီအသင်းကိုပြောင်းရွှေ့ကြေးယူရို(၂၂၂)သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊ နေမာရဲ့ပြောင်းရွှေ့ကြေးဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်ခဲ့ပါတယ်။

နေမာဟာပီအက်စ်ဂျီအသင်းအတွက်နှစ်ရာသီအတွင်းပွဲပေါင်း(၃၇)ပါဝင်ကစားပေးနိုင်ခဲ့ကာ သွင်းဂိုး(၃၄)၈ိုးသွင်းယူပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဒီပမာဏဟာ နေမာလိုကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားတဲ့ကစားသမားတစ်ယောက်အတွက်အလွန်ကိုနည်းပါးတဲ့အနေအထားပဲဖြစ်ပါတယ်။ ဒါ့အပြင်နေမာဟာ အသင်းရဲ့ကစားဖော်အချို့နဲ့လည်းအဆင်မပြေမှုတွေရှိနေပြီး၊ အထူးသဖြင့် ကာဗာနီနဲ့ဆိုးရွားတဲ့ဆက်ဆံရေးတွေရှိခဲ့တာပဲဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ဥက္ကဌဖြစ်သူကလည်း နေမာရဲ့အသင်းဖော်တွေကြား ထင်ပေါ်ချင်တဲ့ အပြုအမူတွေကိုစိတ်ပျက်လျက်၇ှိနေတာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် နေမာဟာဘာစီလိုနာကိုပြန်ပြောင်းဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး၊ ပြောင်းရွှေ့ကြေးကိစ္စသာအဆင်ပြေရင်နေမာတစ်ယောက်ဘာစီလိုနာကိုသေချာပေါက်ပြန်လည်ရောက်၇ှိလာတော့မှာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar