လီဗာပူးလ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး စိတ္လႈပ္ရွားေနတ့ဲ ဗန္ဒိုက္

လီဗာပူးလ္အသင္းရဲ႕ေနာက္ခံလူ ဗန္ဒိုက္ဟာလီဗာပူးလ္အသင္းနဲ႔အတူခ်န္ပီယံလိဂ္ ဖလားကိုရရွိခ့ဲျပီးတ့ဲေနာက္ အသင္းရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး စိတ္လႈပ္ရွားေနတယ္လို႔သိရပါတယ္။

လီဗာပူးလ္အသင္းဟာနည္းျပကေလာ့ရဲ႕ဦးေဆာင္မႈေအာက္မွာ လီဗာပူးလ္အသင္းရဲ႕သမိုင္းတစ္ေလ်ွာက္(၆)ၾကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားကိုရရွိႏိုင္ခ့ဲသလို၊ ပရီးမီးယားလိဂ္မွာလည္း ရမွတ္ေပါင္း(၉၇)မွတ္အထိရရွိႏိုင္ခ့ဲတ့ဲအထိစြမ္းေဆာင္ရည္ေတြကေကာင္းမြန္ခ့ဲပါတယ္။ ဒီရမွတ္ဟာ လီဗာပူးလ္အသင္းရဲ႕သမိုင္းတစ္ေလ်ွာက္အမ်ားဆံုးရမွတ္လည္းျဖစ္ပါတယ္။ ဒါေပမ့ဲ ဒုတိယသာရရွိခ့ဲတာျဖစ္ျပီး၊ မန္စီးတီးအသင္းက(၉၈)မွတ္နဲ႔ခ်န္ပီယံျဖစ္ခ့ဲတာကေတာ့စိတ္မေကာင္းစရာျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ လက္ရွိလီဗာပူးလ္အသင္းရဲ႕အေျခအေနနနဲ႔ပတ္သက္ျပီး အမ်ားၾကီးေမ်ွာ္လင့္ထားပံုရပါတယ္။ ျပီးခ့ဲတ့ဲရက္ပိုင္းကအင္တာဗ်ဳးတစ္ခုမွာ ဗန္ဒိုက္က အသင္းနဲ႔ပတ္သက္ျပီးအခုလိုေျပာၾကားသြားခ့ဲပါတယ္။ ဗန္ဒိုက္က ” အနာဂတ္ကသိပ္ကိုေတာက္ပျပီး၊ လွပေနတယ္လို႔ထင္တယ္ဗ်၊ ကၽြန္ေတာ္တို႔မွာ အသင္းအတြက္အရာရာကိုေပးဆပ္ခ်င္ေနၾကတ့ဲ၊ အသင္းတိုးတက္ဖို႔အလိုရွိေနၾကတ့ဲ ကစားသမားေတြနဲ႔ဖြဲစည္းထားတ့ဲ အ့ံၾသစရာေကာင္းတ့ဲအသင္းတစ္သင္းကုိပိုင္ဆိုင္ထားပါတယ္၊

တစ္ခါတစ္ေလက်ရင္ ကၽြန္ေတာ္တို႔အသင္းကဘာလို႔ဒီေလာက္ေကာင္းေနရတာလဲဆိုျပီးေတာ့ေတာင္နားမလည္ႏိုင္ျဖစ္ရပါတယ္၊ ကစားသမားေတြအားလံုးက အသင္းရဲ႕အစိတ္အပိုင္းျဖစ္ခ်င္ၾကတာပါ၊ ကၽြန္ေတာ္တို႔ဟာ မၾကာခင္မွာ အ့ံအားသင့္စရာအနာဂတ္တစ္ခုရွိလာမွာပါ ” လို႔ ေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

ဗန္ဒိုက္ကေတာ့အသင္းရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီးအမ်ားၾကီးကိုယံုၾကည္ေနတာပါ။ ဗန္ဒိုက္ေျပာသလိုလီဗာပူးလ္အသင္းရဲ႕လက္၇ွိစုဖြဲ႔မႈအေနအထားကလည္းအေကာင္းဆံုးမွာရွိေနတာပါ။ ဒါ့ေၾကာင့္လာမယ့္ေဘာလံုးရာသီမွာလည္း လီဗာပူးလ္တို႔ ဘာေတြမ်ားထပ္လုပ္ျပႏိုင္မလဲဆိုတာ စိတ္၀င္စားစရာေကာင္းေနတာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လီဗာပူးလ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေတဲ့ ဗန်ဒိုက်

လီဗာပူးလ်အသင်းရဲ့နောက်ခံလူ ဗန်ဒိုက်ဟာလီဗာပူးလ်အသင်းနဲ့အတူချန်ပီယံလိဂ် ဖလားကိုရရှိခဲ့ပြီးတဲ့နောက် အသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေတယ်လို့သိရပါတယ်။

လီဗာပူးလ်အသင်းဟာနည်းပြကလော့ရဲ့ဦးဆောင်မှုအောက်မှာ လီဗာပူးလ်အသင်းရဲ့သမိုင်းတစ်လျှောက်(၆)ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကိုရရှိနိုင်ခဲ့သလို၊ ပရီးမီးယားလိဂ်မှာလည်း ရမှတ်ပေါင်း(၉၇)မှတ်အထိရရှိနိုင်ခဲ့တဲ့အထိစွမ်းဆောင်ရည်တွေကကောင်းမွန်ခဲ့ပါတယ်။ ဒီရမှတ်ဟာ လီဗာပူးလ်အသင်းရဲ့သမိုင်းတစ်လျှောက်များဆုံးရမှတ်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယသာရရှိခဲ့တာဖြစ်ပြီး၊ မန်စီးတီးအသင်းက(၉၈)မှတ်နဲ့ချန်ပီယံဖြစ်ခဲ့တာကတော့စိတ်မကောင်းစရာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ လက်ရှိလီဗာပူးလ်အသင်းရဲ့အခြေအနေနနဲ့ပတ်သက်ပြီး အများကြီးမျှော်လင့်ထားပုံရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကအင်တာဗျုးတစ်ခုမှာ ဗန်ဒိုက်က အသင်းနဲ့ပတ်သက်ပြီးအခုလိုပြောကြားသွားခဲ့ပါတယ်။ ဗန်ဒိုက်က ” အနာဂတ်ကသိပ်ကိုတောက်ပပြီး၊ လှပနေတယ်လို့ထင်တယ်ဗျ၊ ကျွန်တော်တို့မှာ အသင်းအတွက်အရာရာကိုပေးဆပ်ချင်နေကြတဲ့၊ အသင်းတိုးတက်ဖို့အလိုရှိနေကြတဲ့ ကစားတွေနဲ့ဖွဲစည်းထားတဲ့ အံ့သြစရာကောင်းတဲ့အသင်းတစ်သင်းကိုပိုင်ဆိုင်ထားပါတယ်၊

တစ်ခါတစ်လေကျရင် ကျွန်တော်တို့အသင်းကဘာလို့ဒီလောက်ကောင်းနေရတာလဲဆိုပြီးတော့တောင်နားမလည်နိုင်ဖြစ်ရပါတယ်၊ ကစားသမားတွေအားလုံးက အသင်းရဲ့အစိတ်အပိုင်းဖြစ်ချင်ကြတာပါ၊ ကျွန်တော်တို့ဟာ မကြာခင်မှာ အံ့အားသင့်စရာအနာဂတ်တစ်ခုရှိလာမှာပါ ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ဗန်ဒိုက်ကတော့အသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအများကြီးကိုယုံကြည်နေတာပါ။ ဗန်ဒိုက်ပြောသလိုလီဗာပူးလ်အသင်းရဲ့လက်၇ှိစုဖွဲ့မှုအနေအထားကလည်းအကောင်းဆုံးမှာရှိနေတာပါ။ ဒါ့ကြောင့်လာမယ့်ဘောလုံးရာသီမှာလည်း လီဗာပူးလ်တို့ ဘာတွေများထပ်လုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar