မက္ဆီကို အျပစ္တင္လိုက္တဲ့ လူး၀စ္ဗန္ေဂါ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕နည္းျပေဟာင္းျဖစ္သူ လူး၀စ္ဗန္ေဂါကေတာ့ ဘာစီလိုနာအသင္း ခ်န္ပီယံလိဂ္ေအာင္ျမင္မႈမရတဲ့အေပၚ မက္ဆီအေပၚေ၀ဖန္အျပစ္တင္လိုက္ပါတယ္။

ဗန္ေဂါက ေခတ္အဆက္ဆက္ဘာစီလိုနာနည္းျပေတြအေနနဲ႔ မက္ဆီရဲ႕တစ္ကိုယ္ေတာ္စြမ္းရည္အေပၚ မွီခိုလြန္းအားၾကီးျပီး တိုက္စစ္မွာ မက္ဆီဟာ လြတ္လပ္လြန္းအားၾကီးေနတယ္လို႔ ယူဆေနပါတယ္။ ျပီးခဲ့တဲ့ႏွစ္မွာ ဘာစီလိုနာဟာ လာလီဂါဖလားကို ရယူႏိုင္ခဲ့ေပမဲ့ အဓိကဖလားျဖစ္တဲ့ ခ်န္ပီယံလိဂ္မွာေတာ့ ဗိုလ္မစြဲႏိုင္ခဲ့ပါဘူး။

လြန္ခဲ့တဲ့(၂၀၁၅)ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလားကို ရရွိခဲ့ျပီးတဲ့ေနာက္ ဘာစီလိုနာဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ခ်န္ပီယံလိဂ္ရဲ႕ဗိုလ္လုပြဲကိုေတာင္ တက္ေရာက္ႏိုင္ခဲ့ျခင္းမရွိေတာ့တာပါ။ ဒါနဲ႔ပတ္သက္ျပီး ဘာစီလိုနာမွာ တစ္ခုခုေတာ့ မွားယြင္းေနတယ္လို႔ ဗန္ေဂါက ယံုၾကည္ေနပံုရပါတယ္။ ဗန္ေဂါက-

” အသင္းထက္ ဘယ္ကစားသမားကမွ ပိုျပီးအေရးမၾကီးဘူးလို႔ ကြ်န္ေတာ္ထင္တယ္၊ ဘာစီလိုနာက အဲဒီ့ဒဏ္ကို ခံေနရတာပါ၊ မက္ဆီအေနနဲ႔ ခ်န္ပီယံလိဂ္ေအာင္ပြဲမရခဲ့တာ ဘာေၾကာင့္လဲလို႔ သူ႔ကိုယ္သူျပန္ေမးသင့္ပါတယ္ ”

” ဘာစီလိုနာကို ၾကည့္လိုက္၊ လူတိုင္းက ကမာၻ႔အေကာင္းဆံုးကစားသမားလို႔ သတ္မွတ္ထားတဲ့ မက္ဆီရွိလ်က္နဲ႔ သူတို႔ခ်န္ပီယံလိဂ္ဖလားမရတာ ဘယ္ေလာက္ေတာင္ၾကာေနျပီလဲ၊ မက္ဆီအေနနဲ႔ အသင္းနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္ သူ႔ေဘးက အသင္းေဖာ္ေတြနဲ႔ တြဲဖက္ကစားဖို႔ လိုေနတယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္ ” လို႔ ေ၀ဖန္ေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

မက်ဆီကို အပြစ်တင်လိုက်တဲ့ လူးဝစ်ဗန်ဂေါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြဟောင်းဖြစ်သူ လူးဝစ်ဗန်ဂေါကတော့ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်အောင်မြင်မှုမရတဲ့အပေါ် မက်ဆီအပေါ်ဝေဖန်အပြစ်တင်လိုက်ပါတယ်။

ဗန်ဂေါက ခေတ်အဆက်ဆက်ဘာစီလိုနာနည်းပြတွေအနေနဲ့ မက်ဆီရဲ့တစ်ကိုယ်တော်စွမ်းရည်အပေါ် မှီခိုလွန်းအားကြီးပြီး တိုက်စစ်မှာ မက်ဆီဟာ လွတ်လပ်လွန်းအားကြီးနေတယ်လို့ ယူဆနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဘာစီလိုနာဟာ လာလီဂါဖလားကို ရယူနိုင်ခဲ့ပေမဲ့ အဓိကဖလားဖြစ်တဲ့ ချန်ပီယံလိဂ်မှာတော့ ဗိုလ်မစွဲနိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့(၂၀၁၅)ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပြီးတဲ့နောက် ဘာစီလိုနာဟာ နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံလိဂ်ရဲ့ဗိုလ်လုပွဲကိုတောင် တက်ရောက်နိုင်ခဲ့ခြင်းမရှိတော့တာပါ။ ဒါနဲ့ပတ်သက်ပြီး ဘာစီလိုနာမှာ တစ်ခုခုတော့ မှားယွင်းနေတယ်လို့ ဗန်ဂေါက ယုံကြည်နေပုံရပါတယ်။ ဗန်ဂေါက-

” အသင်းထက် ဘယ်ကစားသမားကမှ ပိုပြီးအရေးမကြီးဘူးလို့ ကျွန်တော်ထင်တယ်၊ ဘာစီလိုနာက အဲဒီ့ဒဏ်ကို ခံနေရတာပါ၊ မက်ဆီအနေနဲ့ ချန်ပီယံလိဂ်အောင်ပွဲမရခဲ့တာ ဘာကြောင့်လဲလို့ သူ့ကိုယ်သူပြန်မေးသင့်ပါတယ် ”

” ဘာစီလိုနာကို ကြည့်လိုက်၊ လူတိုင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ သတ်မှတ်ထားတဲ့ မက်ဆီရှိလျက်နဲ့ သူတို့ချန်ပီယံလိဂ်ဖလားမရတာ ဘယ်လောက်တောင်ကြာနေပြီလဲ၊ မက်ဆီအနေနဲ့ အသင်းနဲ့လိုက်လျောညီထွေဖြစ်အောင် သူ့ဘေးက အသင်းဖော်တွေနဲ့ တွဲဖက်ကစားဖို့ လိုနေတယ်လို့ ကျွန်တော်ထင်ပါတယ် ” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar