ကြာတားဖိုင္နယ္တြဲဆိုင္းတစ္တြဲထြက္ေပၚလာျပီျဖစ္တဲ့ အမ်ိဳးသမီးကမာၻ႔ဖလား

ျပီးခဲ့တဲ့တနဂၤေႏြေန႔ညက ယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ (၂၀၁၉)ဖီဖာအမ်ိဳးသမီးကမာၻ႔ဖလားျပိဳင္ပြဲရဲ႕ (၁၆)သင္းအဆင့္ ပြဲစဥ္(၂)ပြဲမွာ အဂၤလန္အမ်ိဳးသမီးအသင္းနဲ႔ အိမ္ရွင္ ျပင္သစ္အမ်ိဳးသမီးအသင္းတို႔ဟာ ျပိဳင္ဘက္ေတြျဖစ္တဲ့ ကင္မရြန္းအသင္းနဲ႔ ဘရာဇီးလ္အသင္းတို႔ကို အသီးသီးအႏိုင္ရရွိကာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။

ပထမပြဲစဥ္ျဖစ္တဲ့ အဂၤလန္နဲ႔ကင္မရြန္းတို႔ရဲ႕ပြဲစဥ္မွာ အဂၤလန္က ကင္မရြန္းကို (၃)ဂိုးျပတ္နဲ႔အႏိုင္ရရွိသြားခဲ့ပါတယ္။ အဂၤလန္အသင္းအတြက္ဂိုးေတြကိုေတာ့ ပထမပိုင္း (၁၄)မိနစ္မွာ ေဟာက္တန္၊ (၄၅)မိနစ္မွာ ၀ႈိက္ နဲ႔ ဒုတိယပိုင္း (၅၈)မိနစ္မွာ ဂရင္း၀ုဒ္ တို႔က သြင္းယူခဲ့ၾကတာျဖစ္ပါတယ္။ ကင္မရြန္းအသင္းဟာ ေျခပဂိုးတစ္ဂိုး ရရွိခဲ့ေပမဲ့ ဘားခ်က္လုပ္လိုက္တဲ့အခါ လူကြ်ံေနတာေၾကာင့္ ကြင္းလယ္ဒိုင္က ဂိုးအျဖစ္ ခြင့္ျပဳမေပးခဲ့လို႔ နစ္နာခဲ့ရပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ အဂၤလန္အမ်ိဳးသမီးအသင္းဟာ ကြာတားဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့ျပီး မေန႔က ၾသစေၾတးလ်ကိုအႏိုင္ရရွိခဲ့တဲ့ ေနာ္ေ၀အမ်ိဳးသမီးအသင္းနဲ႔ ေတြ႔ဆံုယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။ အိမ္ရွင္ျပင္သစ္အမ်ိဳးသမီးအသင္းကေတာ့ နာမည္ၾကီး ဘရာဇီးလ္အသင္းကို (၂)ဂိုး (၁)ဂိုးဆိုတဲ့ရလဒ္နဲ႔ ခက္ခက္ခဲခဲအႏိုင္ရခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္(၉၀)အတြင္း (၁)ဂိုးစီသေရက်ေနခဲ့လို႔ အခ်ိန္ပို ဆက္လက္ကစားရာမွာ ျပင္သစ္အသင္းက ပြဲခ်ိန္(၁၀၆)မိနစ္မွာရခဲ့တဲ့ ဟင္နရီရဲ႕အဖိုးတန္သြင္းဂိုးနဲ႔ ဘရာဇီးလ္ကို အႏိုင္ယူကာ ကြာတားတက္ခဲ့ပါတယ္။ ကြာတားဖိုင္နယ္မွာေတာ့ ျပင္သစ္ဟာ စပိန္နဲ႔အေမရိကန္ ႏွစ္သင္းထဲက အႏိုင္ရရွိတဲ့ အသင္းနဲ႔ေတြ႔ဆံုယွဥ္ျပိဳင္သြားရမွာပဲျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ကွာတားဖိုင်နယ်တွဲဆိုင်းတစ်တွဲထွက်ပေါ်လာပြီဖြစ်တဲ့ အမျိုးသမီးကမ္ဘာ့ဖလား

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ (၂၀၁၉)ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ပွဲစဉ်(၂)ပွဲမှာ အင်္ဂလန်အမျိုးသမီးအသင်းနဲ့ အိမ်ရှင် ပြင်သစ်အမျိုးသမီးအသင်းတို့ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ ကင်မရွန်းအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ကို အသီးသီးအနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ပထမပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်နဲ့ကင်မရွန်းတို့ရဲ့ပွဲစဉ်မှာ အင်္ဂလန်က ကင်မရွန်းကို (၃)ဂိုးပြတ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက်ဂိုးတွေကိုတော့ ပထမပိုင်း (၁၄)မိနစ်မှာ ဟောက်တန်၊ (၄၅)မိနစ်မှာ ဝှိုက် နဲ့ ဒုတိယပိုင်း (၅၈)မိနစ်မှာ ဂရင်းဝုဒ် တို့က သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ကင်မရွန်းအသင်းဟာ ခြေပဂိုးတစ်ဂိုး ရရှိခဲ့ပေမဲ့ ဘားချက်လုပ်လိုက်တဲ့အခါ လူကျွံနေတာကြောင့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် ခွင့်ပြုမပေးခဲ့လို့ နစ်နာခဲ့ရပါတယ်။

ဒီနိုင်ပွဲကြောင့် အင်္ဂလန်အမျိုးသမီးအသင်းဟာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီး မနေ့က သြစတြေးလျကိုအနိုင်ရရှိခဲ့တဲ့ နော်ဝေအမျိုးသမီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အိမ်ရှင်ပြင်သစ်အမျိုးသမီးအသင်းကတော့ နာမည်ကြီး ဘရာဇီးလ်အသင်းကို (၂)ဂိုး (၁)ဂိုးဆိုတဲ့ရလဒ်နဲ့ ခက်ခက်ခဲခဲအနိုင်ရခဲ့ပါတယ်။

ပွဲချိန်မိနစ်(၉၀)အတွင်း (၁)ဂိုးစီသရေကျနေခဲ့လို့ အချိန်ပို ဆက်လက်ကစားရာမှာ ပြင်သစ်အသင်းက ပွဲချိန်(၁၀၆)မိနစ်မှာရခဲ့တဲ့ ဟင်နရီရဲ့အဖိုးတန်သွင်းဂိုးနဲ့ ဘရာဇီးလ်ကို အနိုင်ယူကာ ကွာတားတက်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ ပြင်သစ်ဟာ စပိန်နဲ့အမေရိကန် နှစ်သင်းထဲက အနိုင်ရရှိတဲ့ အသင်းနဲ့တွေ့ဆုံယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။

လူညိုချော@SportsGabar