ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့ျပီးေနာက္ မက္ဆီ ဘာေျပာခဲ့လဲ?

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္မက္ဆီက အုပ္စုေနာက္ဆံုးပြဲစဥ္မွာ ကာတာကိုအႏိုင္ရခဲ့ျခင္းဟာ လာမယ့္ပြဲအတြက္ပါ ယံုၾကည္မႈတိုးေစခဲ့တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

မက္ဆီဦးေဆာင္တဲ့ အာဂ်င္တီးနားအသင္းဟာ ကိုပါအေမရိကျပိဳင္ပြဲရဲ႕အုပ္စုပြဲ (၂)ပြဲကစားအျပီးမွာ ႏိုင္ပြဲမရရွိခဲ့တာေၾကာင့္ ရုန္းကန္ခဲ့ရပါေသးတယ္။ ဒါေပမဲ့ (၃)ပြဲေျမာက္မွာေတာ့ အာရွခ်န္ပီယံ ကာတာကို(၂)ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္ကို တက္ေရာက္သြားခဲ့ပါတယ္။

ဒါေၾကာင့္ မက္ဆီက အာဂ်င္တီးနားအသင္းအေနနဲ႔ ကာတာကိုအႏိုင္ရတဲ့ပြဲမွာ ယံုၾကည္မႈေတြ ျပန္လည္ရရွိခဲ့ျပီး ကြာတားအဆင့္အတြက္ ျမင့္မားတဲ့ အရွိန္အဟုန္တစ္ရပ္ကို တည္ေဆာက္ႏိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ မက္ဆီက-

” ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ျပီးေတာ့ ကြ်န္ေတာ္တို႔ႏိုင္ပြဲရခဲ့တယ္၊ ဒါကအေရးၾကီးပါတယ္၊ ယံုၾကည္မႈတည္ေဆာက္ႏိုင္ဖို႔ ကြ်န္ေတာ္တို႔ ဒီလိုပြဲမ်ိဳးကိုလိုအပ္ပါတယ္၊ ကြ်န္ေတာ္တို႔ ပိုမိုတိုးတက္ဖို႔ ရည္မွန္းခ်က္ထားခဲ့ျပီး၊ ဒီပြဲက အဲဒီ့ရည္မွန္းခ်က္ကို ျဖည့္စြမ္းေပးႏိုင္ခဲ့ပါတယ္၊ ေနာက္ထပ္ ကိုပါအေမရိက ပြဲစဥ္အတြက္ ကြ်န္ေတာ္တို႔ စတင္ႏိုင္ခဲ့ပါျပီ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ က်င္းပျပီးစီးခဲ့တဲ့ ကိုပါအေမရိကျပိဳင္ပြဲမွာ (၂)ႏွစ္ဆက္တိုက္ ဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ခဲ့ေပမဲ့လည္း ခ်ီလီကို (၂)ႏွစ္လံုး ပင္နယ္တီအဆံုးအျဖတ္နဲ႔ ရံႈးနိမ့္ထားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီးနောက် မက်ဆီ ဘာပြောခဲ့လဲ?

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကာတာကိုအနိုင်ရခဲ့ခြင်းဟာ လာမယ့်ပွဲအတွက်ပါ ယုံကြည်မှုတိုးစေခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကပြိုင်ပွဲရဲ့အုပ်စုပွဲ (၂)ပွဲကစားအပြီးမှာ နိုင်ပွဲမရရှိခဲ့တာကြောင့် ရုန်းကန်ခဲ့ရပါသေးတယ်။ ဒါပေမဲ့ (၃)ပွဲမြောက်မှာတော့ အာရှချန်ပီယံ ကာတာကို(၂)ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ဒါကြောင့် မက်ဆီက အာဂျင်တီးနားအသင်းအနေနဲ့ ကာတာကိုအနိုင်ရတဲ့ပွဲမှာ ယုံကြည်မှုတွေ ပြန်လည်ရရှိခဲ့ပြီး ကွာတားအဆင့်အတွက် မြင့်မားတဲ့ အရှိန်အဟုန်တစ်ရပ်ကို တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ မက်ဆီက-

” ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီးတော့ ကျွန်တော်တို့နိုင်ပွဲရခဲ့တယ်၊ ဒါကအရေးကြီးပါတယ်၊ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ ဒီလိုပွဲမျိုးကိုလိုအပ်ပါတယ်၊ ကျွန်တော်တို့ ပိုမိုတိုးတက်ဖို့ ရည်မှန်းချက်ထားခဲ့ပြီး၊ ဒီပွဲက အဲဒီ့ရည်မှန်းချက်ကို ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်၊ နောက်ထပ် ကိုပါအမေရိက ပွဲစဉ်အတွက် ကျွန်တော်တို့ စတင်နိုင်ခဲ့ပါပြီ ” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကျင်းပပြီးစီးခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ (၂)နှစ်ဆက်တိုက် ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပေမဲ့လည်း ချီလီကို (၂)နှစ်လုံး ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။

လူညိုချော@SportsGabar