နည္းျပသစ္အျဖစ္လမ္းပတ္ကိုခန္႔အပ္ေၾကာင္း (၄၈)နာရီအတြင္း ခ်ဲလ္ဆီးေၾကျငာမည္

ဆာရီထြက္ခြာသြားတဲ့ေနာက္ နည္းျပလက္မဲ့ျဖစ္ေနတဲ့ ခ်ဲလ္ဆီးအသင္းဟာ သူတို႔အသင္းရဲ႕နည္းျပသစ္အျဖစ္ လမ္းပတ္ကို ခန္႔အပ္ေၾကာင္း (၄၈)နာရီအတြင္းမွာ တရား၀င္ေၾကျငာသြားမယ္လို႔ သိရပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီအသင္းမွာ (၁)ရာသီၾကာ နည္းျပခဲ့ျပီးေနာက္ ခ်ဲလ္ဆီးဂႏၳ၀င္ ဖရန္႔လမ္းပတ္ဟာ စတန္းဖို႔ဘရစ္ကို ျပန္လာေတာ့မွာျဖစ္ပါတယ္။ နည္းျပဆာရီ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့လို႔ ခ်ဲလ္ဆီးအသင္းဟာ နည္းျပသစ္အျဖစ္ခန္႔အပ္ဖို႔အတြက္ အသင္းရဲ႕ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့အျပင္ ခ်ဲလ္ဆီးတစ္ေခတ္ထူေထာင္ရာမွာ အဓိကေနရာကေန ပါ၀င္ခဲ့ဖူးတဲ့ ဖရန္႔လမ္းပတ္ကို ေရြးခ်ယ္ခဲ့တာလည္းျဖစ္ပါတယ္။

လမ္းပတ္ဟာ ခ်ဲလ္ဆီးမွာ ကစားခဲ့တဲ့ (၁၃)နွစ္တာကာလအတြင္း ခမ္းနားတဲ့ေအာင္ျမင္မႈေတြကို ရယူႏိုင္ခဲ့ျပီး စုစုေပါင္း (၆၄၈)ပြဲကစားခဲ့ရာမွာ (၂၁၁)ဂိုး သြင္းယူႏိုင္ခဲ့ျပီး အသင္းသမိုင္းတစ္ေလွ်ာက္ဂိုးသြင္းအမ်ားဆံုး ကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ၾသဂုတ္လ(၂၀၁၄)ခုႏွစ္မွာေတာ့ လမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းကေန ထြက္ခြာခဲ့ျပီး ေမဂ်ာလိဂ္ကလပ္ နယူေယာ့စီးတီးအက္ဖ္စီအသင္းကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

အသက္(၄၁)ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ လမ္းပတ္ဟာ (၂၀၁၈)ခုႏွစ္ ေမလမွာ နည္းျပေလာကထဲကို ၀င္ေရာက္လာခဲ့ျပီး ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီအသင္းကို စတင္ကိုင္တြယ္ခဲ့ပါတယ္။ စတင္ကိုင္တြယ္တဲ့ေဘာလံုးရာသီမွာပဲ လမ္းပတ္ဟာ ဒါဘီကို ခ်န္ပီယံရွစ္ ပေလးေအာ့ဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ဒါဘီကို (၅၄)ပြဲကိုင္တြယ္ခဲ့ရာမွာ (၂၄)ပြဲအႏိုင္ရရွိခဲ့ျပီး၊ ႏိုင္ပြဲရာခိုင္ႏႈန္း (၄၂.၁)အထိရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

နည်းပြသစ်အဖြစ်လမ်းပတ်ကိုခန့်အပ်ကြောင်း (၄၈)နာရီအတွင်း ချဲလ်ဆီးကြေငြာမည်

ဆာရီထွက်ခွာသွားတဲ့နောက် နည်းပြလက်မဲ့ဖြစ်နေတဲ့ ချဲလ်ဆီးအသင်းဟာ သူတို့အသင်းရဲ့နည်းပြသစ်အဖြစ် လမ်းပတ်ကို ခန့်အပ်ကြောင်း (၄၈)နာရီအတွင်းမှာ တရားဝင်ကြေငြာသွားမယ်လို့ သိရပါတယ်။

ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းမှာ (၁)ရာသီကြာ နည်းပြခဲ့ပြီးနောက် ချဲလ်ဆီးဂန္ထဝင် ဖရန့်လမ်းပတ်ဟာ စတန်းဖို့ဘရစ်ကို ပြန်လာတော့မှာဖြစ်ပါတယ်။ နည်းပြဆာရီ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့လို့ ချဲလ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့အတွက် အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့အပြင် ချဲလ်ဆီးတစ်ခေတ်ထူထောင်ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ဖူးတဲ့ ဖရန့်လမ်းပတ်ကို ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ (၁၃)နှစ်တာကာလအတွင်း ခမ်းနားတဲ့အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပြီး စုစုပေါင်း (၆၄၈)ပွဲကစားခဲ့ရာမှာ (၂၁၁)ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ သြဂုတ်လ(၂၀၁၄)ခုနှစ်မှာတော့ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာခဲ့ပြီး မေဂျာလိဂ်ကလပ် နယူယော့စီးတီးအက်ဖ်စီအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

အသက်(၄၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ (၂၀၁၈)ခုနှစ် မေလမှာ နည်းပြလောကထဲကို ဝင်ရောက်လာခဲ့ပြီး ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းကို စတင်ကိုင်တွယ်ခဲ့ပါတယ်။ စတင်ကိုင်တွယ်တဲ့ဘောလုံးရာသီမှာပဲ လမ်းပတ်ဟာ ဒါဘီကို ချန်ပီယံရှစ် ပလေးအော့ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဘီကို (၅၄)ပွဲကိုင်တွယ်ခဲ့ရာမှာ (၂၄)ပွဲအနိုင်ရရှိခဲ့ပြီး၊ နိုင်ပွဲရာခိုင်နှုန်း (၄၂.၁)အထိရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လူညိုချော@SportsGabar