စပိန္ေတာင္ပံကစားသမားနဲ႔သေဘာတူညီမႈရခဲ့ျပီျဖစ္တဲ့ ယူႏိုက္တက္

ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရီးရဲလ္ဇာရာဂိုဇာအသင္းရဲ႕ စပိန္လူငယ္ေတာင္ပံကစားသမားေလး မက္တီယိုမိုင္ဂ်ာအတြက္ ေပါင္ (၆)သိန္းနဲ႔ သေဘာတူညီမႈရခဲ့ျပီလို႔သိရပါတယ္။

ျပီးခဲ့တဲ့ ႏွစ္ေတြကတည္းက ယူႏိုက္တက္လိုက္ေနတဲ့ အသက္(၁၆)ႏွစ္အရြယ္ ေတာင္ပံကစားသမားေလး မိုင္ဂ်ာဟာ ဒီရာသီယူႏိုက္တက္ေခၚယူမယ့္ အဂၤလန္ျပင္ပ ကစားသမားတစ္ဦးလည္းျဖစ္လာမွာပါ။ နည္းျပအိုေလဂန္နာဆိုးလ္ရွားဟာ ယူႏိုက္တက္ကို စေရာက္ကတည္းက နာမည္ၾကီးကစားသမားေတြကို ေခၚယူမႈမျပဳလုပ္ခဲ့ပဲ အသင္းရဲ႕လမ္းစဥ္အတိုင္း အလားအလားရွိတဲ့ လူငယ္ကစားသမားေတြကိုသာ ဦးစားေပးေခၚယူေနပါတယ္။

မိုင္ဂ်ာအေနနဲ႔ ယူႏိုက္တက္အကယ္ဒမီမွာ စတင္ကစားရမွာျဖစ္ေပမဲ့လည္း ယူႏိုက္တက္ရဲ႕ညာေတာင္ပံေနရာက လြတ္ေနတာေၾကာင့္ သူ႔အေနနဲ႔ ပထမအသင္းၾကီးမွာ ကစားခြင့္ရဖို႔ အခြင့္အေရးရွိေနပါတယ္။ ယူႏိုက္တက္ဟာ ေဒါ့မြန္လူငယ္ကစားသမား ဆန္ခ်ိဳကိုလည္း ေခၚယူဖို႔ၾကိဳးစားေနေပမဲ့ ခ်န္ပီယံလိဂ္၀င္ခြင့္မရခဲ့ျခင္းက ဒီအဂၤလန္ေတာင္ပံကစားသမားေလးကို ေခၚယူဖို႔အခက္အခဲျဖစ္ေစပါတယ္။

လြန္ခဲ့တဲ့(၂၀၁၃)ခုႏွစ္မွာ ဗလန္စီယာကိုေခၚယူခဲ့ျပီးကတည္းက ယူႏိုက္တက္အသင္းဟာ ညာေတာင္ပံေနရာအတြက္ သင့္ေတာ္တဲ့ ကစားသမားတစ္ဦးတစ္ေယာက္ကိုမွ အစားထိုးႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။ ေနာက္ပိုင္းမွာ ဗလန္စီယာကလည္း ေနာက္ခံလူအျဖစ္ေျပာင္းလဲကစားခဲ့လို႔ အသင္းမွာ ညာေတာင္ပံကစားသမားစစ္စစ္ မရွိေတာ့ပါဘူး။

ရက္ဖို႔က၀င္ကစားလိုက္၊ မာရွယ္ကျဖည့္ကစားလိုက္နဲ႔ပဲ အဲဒီ့ညာေတာင္ပံေနရာဟာ လူအတည္တက်မရွိေတာ့ပဲ ကေမာက္ကမေတြျဖစ္ျပီး တပ္ပ်က္ေနခဲ့ပါတယ္။ ဒါေၾကာင့္ ညာေတာင္ပံကစားသမားစစ္စစ္ျဖစ္တဲ့ မိုင္ဂ်ာအေနနဲ႔ ယူႏိုက္တက္ရဲ႕ လိုအပ္ေနတဲ့ေနရာကို အေကာင္းဆံုးျဖည့္စြမ္းေပးႏိုင္ပါ့မလားဆိုတာ ေစာင့္ၾကည့္သြားရဖို႔ရွိပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

စပိန်တောင်ပံကစားသမားနဲ့သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်ဇာရာဂိုဇာအသင်းရဲ့ စပိန်လူငယ်တောင်ပံကစားသမားလေး မက်တီယိုမိုင်ဂျာအတွက် ပေါင် (၆)သိန်းနဲ့ သဘောတူညီမှုရခဲ့ပြီလို့သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကတည်းက ယူနိုက်တက်လိုက်နေတဲ့ အသက်(၁၆)နှစ်အရွယ် တောင်ပံကစားသမားလေး မိုင်ဂျာဟာ ဒီရာသီယူနိုက်တက်ခေါ်ယူမယ့် အင်္ဂလန်ပြင်ပ ကစားသမားတစ်ဦးလည်းဖြစ်လာမှာပါ။ နည်းပြအိုလေဂန်နာဆိုးလ်ရှားဟာ ယူနိုက်တက်ကို စရောက်ကတည်းက နာမည်ကြီးကစားသမားတွေကို ခေါ်ယူမှုမပြုလုပ်ခဲ့ပဲ အသင်းရဲ့လမ်းစဉ်အတိုင်း အလားအလားရှိတဲ့ လူငယ်ကစားသမားတွေကိုသာ ဦးစားပေးခေါ်ယူနေပါတယ်။

မိုင်ဂျာအနေနဲ့ ယူနိုက်တက်အကယ်ဒမီမှာ စတင်ကစားရမှာဖြစ်ပေမဲ့လည်း ယူနိုက်တက်ရဲ့ညာတောင်ပံနေရာက လွတ်နေတာကြောင့် သူ့အနေနဲ့ ပထမအသင်းကြီးမှာ ကစားခွင့်ရဖို့ အခွင့်အရေးရှိနေပါတယ်။ ယူနိုက်တက်ဟာ ဒေါ့မွန်လူငယ်ကစားသမား ဆန်ချိုကိုလည်း ခေါ်ယူဖို့ကြိုးစားနေပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ခြင်းက ဒီအင်္ဂလန်တောင်ပံကစားသမားလေးကို ခေါ်ယူဖို့အခက်အခဲဖြစ်စေပါတယ်။

လွန်ခဲ့တဲ့(၂၀၁၃)ခုနှစ်မှာ ဗလန်စီယာကိုခေါ်ယူခဲ့ပြီးကတည်းက ယူနိုက်တက်အသင်းဟာ ညာတောင်ပံနေရာအတွက် သင့်တော်တဲ့ ကစားသမားတစ်ဦးတစ်ယောက်ကိုမှ အစားထိုးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ ဗလန်စီယာကလည်း နောက်ခံလူအဖြစ်ပြောင်းလဲကစားခဲ့လို့ အသင်းမှာ ညာတောင်ပံကစားသမားစစ်စစ် မရှိတော့ပါဘူး။

ရက်ဖို့ကဝင်ကစားလိုက်၊ မာရှယ်ကဖြည့်ကစားလိုက်နဲ့ပဲ အဲဒီ့ညာတောင်ပံနေရာဟာ လူအတည်တကျမရှိတော့ပဲ ကမောက်ကမတွေဖြစ်ပြီး တပ်ပျက်နေခဲ့ပါတယ်။ ဒါကြောင့် ညာတောင်ပံကစားသမားစစ်စစ်ဖြစ်တဲ့ မိုင်ဂျာအနေနဲ့ ယူနိုက်တက်ရဲ့ လိုအပ်နေတဲ့နေရာကို အကောင်းဆုံးဖြည့်စွမ်းပေးနိုင်ပါ့မလားဆိုတာ စောင့်ကြည့်သွားရဖို့ရှိပါတယ်။

လူညိုချော@SportsGabar