မက္ဆီနဲ႔ဓါတ္ပံုတြဲရိုက္ဖို႔လာတာမဟုတ္ဘူးလို႔ေျပာလိုက္တဲ့ ဆန္းခ်က္

အာရွခ်န္ပီယံကာတာအသင္းရဲ႕နည္းျပျဖစ္သူ ဖိလစ္ဆန္းခ်က္ကေတာ့ သူ႔အသင္းအေနနဲ႔ အာဂ်င္တီးနားကို ရံႈးနိမ့္ခဲ့ေပမဲ့လည္း ကမာၻ႔အေကာင္းဆံုးကစားသမား မက္ဆီနဲ႔ရင္ဆိုင္ခဲ့ရလို႔ အေတြ႔အၾကံဳေကာင္းေတြ ရခဲ့တယ္လို႔ေျပာၾကားလိုက္ပါတယ္။

ဒီကေန႔မနက္အေစာပိုင္းက ယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ အုပ္စု(B)ရဲ႕ေနာက္ဆံုးပြဲစဥ္မွာ အာဂ်င္တီးနားဟာ ကာတာကို (၂)ဂိုး၊ ဂိုးမရွိနဲ႔အႏိုင္ရခဲ့တာျဖစ္ျပီး ကြာတားဖိုင္နယ္ကို ကိုလံဘီယာေနာက္ အုပ္စုဒုတိယေနရာကေန တက္လွမ္းသြားခဲ့ပါတယ္။

ကာတာအေနနဲ႔ ေနာက္ဆံုးပြဲမတိုင္ခင္အထိ အာဂ်င္တီးနားအသင္းရဲ႕အထက္ အုပ္စုတတိယေနရာမွာ ရပ္တည္ထားႏိုင္ခဲ့ေသးျပီး၊ ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ အခြင့္အေရးရခဲ့ပါေသးတယ္။ ဒါေပမဲ့လည္း ေနာက္ဆံုးပြဲမွာ အာဂ်င္တီးနားကို အရံႈးေပးခဲ့ရတာေၾကာင့္ အုပ္စုေအာက္ဆံုးကိုေရာက္ရွိသြားျပီး ရမွတ္(၁)မွတ္သာ ရရွိခဲ့ကာ အိမ္ျပန္ေစာခဲ့ရပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ကာတာနည္းျပ ဆန္းခ်က္ကေတာ့ အေကာင္းဘက္ကေန ျမင္ခဲ့ျပီး မက္ဆီနဲ႔ယွဥ္ျပိဳင္ခြင့္ရခဲ့တာက ၾကီးမားတဲ့ အေတြအၾကံဳပဲလို႔ ဖြင့္ဟခဲ့တာပါ။ ဆန္းခ်က္က-

” လီယြန္နယ္မက္ဆီလို ကစားသမားမ်ိဳးက ကိုယ္တိုင္ဂိုးမသြင္းႏိုင္ခဲ့ရင္ေတာင္ ဂိုးဖန္တီးမႈေတြျပဳလုပ္ျပီး ကြဲျပားျခားနားမႈကို ျဖစ္ေစႏိုင္ပါတယ္၊ ကြ်န္ေတာ္တို႔ မက္ဆီဂိုးမသြင္းႏိုင္ေအာင္ေတာ့ စီမံႏိုင္ခဲ့ေပမဲ့ ဂိုး(၂)ဂိုးခြင့္ျပဳေပးခဲ့ရျပီး ပြဲျပီးမွာေတာ့ ရံႈးနိမ့္ခဲ့ရပါတယ္ ”

” ကြ်န္ေတာ္တို႔ဟာ မက္ဆီနဲ႔ဓါတ္ပံုတြဲရိုက္ဖို႔ လာခဲ့တာမဟုတ္ပါဘူး၊ မက္ဆီနဲ႔ယွဥ္ျပိဳင္ဖို႔လာခဲ့တာပါ၊ ဒါေၾကာင့္ ကာတာဟာ လာမယ့္အနာဂတ္အတြက္ အေတြ႔အၾကံဳေကာင္းေတြကို သယ္ေဆာင္သြားႏိုင္ေတာ့မွာပါ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

မက်ဆီနဲ့ဓါတ်ပုံတွဲရိုက်ဖို့လာတာမဟုတ်ဘူးလို့ပြောလိုက်တဲ့ ဆန်းချက်

အာရှချန်ပီယံကာတာအသင်းရဲ့နည်းပြဖြစ်သူ ဖိလစ်ဆန်းချက်ကတော့ သူ့အသင်းအနေနဲ့ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ပေမဲ့လည်း ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီနဲ့ရင်ဆိုင်ခဲ့ရလို့ အတွေ့အကြုံကောင်းတွေ ရခဲ့တယ်လို့ပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အုပ်စု(B)ရဲ့နောက်ဆုံးပွဲစဉ်မှာ အာဂျင်တီးနားဟာ ကာတာကို (၂)ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်ကို ကိုလံဘီယာနောက် အုပ်စုဒုတိယနေရာကနေ တက်လှမ်းသွားခဲ့ပါတယ်။

ကာတာအနေနဲ့ နောက်ဆုံးပွဲမတိုင်ခင်အထိ အာဂျင်တီးနားအသင်းရဲ့အထက် အုပ်စုတတိယနေရာမှာ ရပ်တည်ထားနိုင်ခဲ့သေးပြီး၊ နောက်တစ်ဆင့်တက်ရောက်ဖို့ အခွင့်အရေးရခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း နောက်ဆုံးပွဲမှာ အာဂျင်တီးနားကို အရှုံးပေးခဲ့ရတာကြောင့် အုပ်စုအောက်ဆုံးကိုရောက်ရှိသွားပြီး ရမှတ်(၁)မှတ်သာ ရရှိခဲ့ကာ အိမ်ပြန်စောခဲ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ ကာတာနည်းပြ ဆန်းချက်ကတော့ အကောင်းဘက်ကနေ မြင်ခဲ့ပြီး မက်ဆီနဲ့ယှဉ်ပြိုင်ခွင့်ရခဲ့တာက ကြီးမားတဲ့ အတွေအကြုံပဲလို့ ဖွင့်ဟခဲ့တာပါ။ ဆန်းချက်က-

” လီယွန်နယ်မက်ဆီလို ကစားသမားမျိုးက ကိုယ်တိုင်ဂိုးမသွင်းနိုင်ခဲ့ရင်တောင် ဂိုးဖန်တီးမှုတွေပြုလုပ်ပြီး ကွဲပြားခြားနားမှုကို ဖြစ်စေနိုင်ပါတယ်၊ ကျွန်တော်တို့ မက်ဆီဂိုးမသွင်းနိုင်အောင်တော့ စီမံနိုင်ခဲ့ပေမဲ့ ဂိုး(၂)ဂိုးခွင့်ပြုပေးခဲ့ရပြီး ပွဲပြီးမှာတော့ ရှုံးနိမ့်ခဲ့ရပါတယ် ”

” ကျွန်တော်တို့ဟာ မက်ဆီနဲ့ဓါတ်ပုံတွဲရိုက်ဖို့ လာခဲ့တာမဟုတ်ပါဘူး၊ မက်ဆီနဲ့ယှဉ်ပြိုင်ဖို့လာခဲ့တာပါ၊ ဒါကြောင့် ကာတာဟာ လာမယ့်အနာဂတ်အတွက် အတွေ့အကြုံကောင်းတွေကို သယ်ဆောင်သွားနိုင်တော့မှာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar