မက္ဆီရဲ႕သားႏွစ္ဦးထဲကတစ္ဦးကို ေခၚယူဖို႔ရီးရဲလ္ကိုတိုက္တြန္းလိုက္တ့ဲ အဘီလိုအာ

မက္ဆီမွာ မက္တီယိုနဲ႔သီယာဂိုဆိုတ့ဲသားႏွစ္ဦးရွိျပီး၊ ဒီထဲကမက္တီယိုက ဘာစီလုိနာရဲ႕အဓိကျပိဳင္ဘက္ ရီးရဲလ္ကိုအားေပးတ့ဲသူတစ္ေယာက္လို႔ မက္ဆီကေျပာၾကားခ့ဲျပီးေနာက္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ကစားသမားေဟာင္း အဘီလိုအာက ဘာစီလိုနာ ၾကယ္ပြင့္မက္ဆီရဲ႕သားႏွစ္ဦးထဲက တစ္ဦးကို ေခၚယူဖို႔ ရီးရဲလ္ကိုတိုက္တြန္းခ့ဲတယ္လို႔သိရပါတယ္။

မက္ဆီဟာ အင္တာဗ်ဳးတစ္ခုမွာ ” သီယာဂိုက ဘယ္ေတာ့မွ ေဘာလံုးပြဲတစ္ပြဲကို လက္လႊတ္ခံေလ့မရွိပါဘူး၊ မက္တီယိုကေတာ့ ေဘာလံုးကိုခ်စ္ပါတယ္၊ သူက ေဘာလံုး၀တ္စံုေတြကိုလည္း၀တ္တယ္ဗ်၊ ကၽြန္ေတာ္တို႔အိမ္မွာဆိုေဘာလံုးကစားျဖစ္ၾကတယ္၊ အ့ဲဒီအခါက်ရင္သူကဒီလိုေျပာတာဗ်၊ ” သားက ေဖေဖ့ကုိ္အနုိင္ယူမယ့္ လီဗာပူးလ္ကြ ” ဆိုျပီးေတာ့ေလ၊ ေနာက္ျပီး ကၽြႏ္ေတာ္တို႔ ဗလင္ဆီယာကိုရံႈးနိမ့္ခ့ဲတုန္းကလည္း ” သားက ဗလင္ဆီယာကြ ” ဆိုျပီးေျပာခ့ဲေသးတာဗ်၊

တီဗီမွာ ရီးရဲလ္ပြဲလာလို႔ ရီးရဲလ္က ဂိုးသြင္းရင္ သူအကို သီယာဂိုစိတ္ပ်က္ေလာက္ေအာင္ကို သူကေအာင္ပြဲခံတာဗ်၊ သူက ရီးရဲလ္အသင္းပရိသတ္ေတြထဲကတစ္ေယာက္ပါပဲဗ် ” ဆိုျပီး ေျပာၾကားသြားခ့ဲပါတယ္။ ဒီစကားကိုမက္ဆီေျပာၾကားခ့ဲျပီးတ့ဲေနာက္မွာေတာ့ ရီးရဲလ္အသင္းကစားသမားေဟာင္း အဘီလိုအာက မက္ဆီရဲ႕သား မ္ကတီယိုကိုစာခ်ဳပ္ခ်ဳပ္ဖို႔ေျပာခ့ဲတာျဖစ္ပါတယ္။

မက္ဆီဟာ လတ္တေလာမွာ အာဂ်င္တီးနားအသင္းနဲ႔ ကိုပါအေမရိကျပိဳင္ပြဲ၀င္ဖို႔ျပင္ဆင္ေနျပီး၊ ျပီးခ့ဲတ့ဲေဘာလံုးရာသီမွာ ဘာစီလိုနာအတြက္ျပိဳင္ပြဲစံုမွာသြင္းဂိုး(၅၁)ဂိုးအထိသြင္းယူေပးနိုင္ခ့ဲတာျဖစ္ပါတယ္။ လာလီဂါမွာလည္းသြင္းဂိုး(၃၆)ဂိုးအထိသြင္းယူေပးနိုင္ခ့ဲျပီး၊ ဥေရာပေရႊဖိနပ္ဆုကိုလည္း ဆြတ္ခူးရရွိႏိုင္ခ့ဲပါတယ္။ ဒါေပမ့ဲလည္း မက္ဆီဟာ ဥေရာပခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္နဲ႔ ကိုပါဒယ္ေရးဗိုလ္လုပြဲေတြမွာ ရံႈးနိမ့္ခ့ဲျပီး၊ စိတ္ပ်က္စရာအေျခအေနေတြကိုပိုင္ဆိုင္ခ့ဲတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

မက်ဆီရဲ့သားနှစ်ဦးထဲကတစ်ဦးကို ခေါ်ယူဖို့ရီးရဲလ်ကိုတိုက်တွန်းလိုက်တဲ့ အဘီလိုအာ

မက်ဆီမှာ မက်တီယိုနဲ့သီယာဂိုဆိုတဲ့သားနှစ်ဦးရှိပြီး၊ ဒီထဲကမက်တီယိုက ဘာစီလိုနာရဲ့အဓိကပြိုင်ဘက် ရီးရဲလ်ကိုအားပေးတဲ့သူတစ်ယောက်လို့ မက်ဆီကပြောကြားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားသမားဟောင်း အဘီလိုအာက ဘာစီလိုနာ ကြယ်ပွင့်မက်ဆီရဲ့သားနှစ်ဦးထဲက တစ်ဦးကို ခေါ်ယူဖို့ ရီးရဲလ်ကိုတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

မက်ဆီဟာ အင်တာဗျုးတစ်ခုမှာ ” သီယာဂိုက ဘယ်တော့မှ ဘောလုံးပွဲတစ်ပွဲကို လက်လွှတ်ခံလေ့မရှိပါဘူး၊ မက်တီယိုကတော့ ဘောလုံးကိုချစ်ပါတယ်၊ သူက ဘောလုံးဝတ်စုံတွေကိုလည်းဝတ်တယ်ဗျ၊ ကျွန်တော်တို့အိမ်မှာဆိုဘောလုံးကစားဖြစ်ကြတယ်၊ အဲ့ဒီအခါကျရင်သူကဒီလိုပြောတာဗျ၊ ” သားက ဖေဖေ့ကိုအနိုင်ယူမယ့် လီဗာပူးလ်ကွ ” ဆိုပြီးတော့လေ၊ နောက်ပြီး ကျွန်တော်တို့ ဗလင်ဆီယာကိုရှုံးနိမ့်ခဲ့တုန်းကလည်း ” သားက ဗလင်ဆီယာကွ ” ဆိုပြီးပြောခဲ့သေးတာဗျ၊

တီဗီမှာ ရီးရဲလ်ပွဲလာလို့ ရီးရဲလ်က ဂိုးသွင်းရင် သူအကို သီယာဂိုစိတ်ပျက်လောက်အောင်ကို သူကအောင်ပွဲခံတာဗျ၊ သူက ရီးရဲလ်အသင်းပရိသတ်တွေထဲကတစ်ယောက်ပါပဲဗျ ” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ဒီစကားကိုမက်ဆီပြောကြားခဲ့ပြီးတဲ့နောက်မှာတော့ ရီးရဲလ်အသင်းကစားသမားဟောင်း အဘီလိုအာက မက်ဆီရဲ့သား မ်ကတီယိုကိုစာချုပ်ချုပ်ဖို့ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ လတ်တလောမှာ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကပြိုင်ပွဲဝင်ဖို့ပြင်ဆင်နေပြီး၊ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘာစီလိုနာအတွက်ပြိုင်ပွဲစုံမှာသွင်းဂိုး(၅၁)ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လာလီဂါမှာလည်းသွင်းဂိုး(၃၆)ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး၊ ဥရောပရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးရရှိနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မက်ဆီဟာ ဥရောပချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့ပြီး၊ စိတ်ပျက်စရာအခြေအနေတွေကိုပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar