ကိုပါအေမရိကဖလားကိုဘာေၾကာင့္ဘရာဇီးရသြားႏိုင္တာလဲ?

ဘရာဇီးႏိုင္ငံကအိမ္ရွင္အျဖစ္လက္ခံက်င္းပေနတ့ဲ (၂၀၁၉)ကိုပါအေမရိကဖလားျပိဳင္ပြဲပြဲ အုပ္စုပြဲစဥ္ေတြဟာမနက္ျဖန္မွာ ကစားၾကမယ့္အုပ္စု(C)ရဲ႕ေနာက္ဆံုးပြဲစဥ္ေတြျဖစ္ၾကတ့ဲ ခ်ီလီနဲ႔ဥရုေဂြး၊ အီေကြေဒါနဲ႔ ဂ်ပန္တို႔ရဲ႕ပြဲစဥ္ေတြျပီးရင္ ကြာတားဖိုင္နယ္ကိုတက္ေရာက္ႏိုင္မယ့္ အသင္း(၈)သင္းစာရင္းထြက္ေပၚလာမွာပဲျဖစ္ပါတယ္။

ျပိဳင္ပြဲမွာဗိုလ္စြဲဖို႔ေရပန္းအစားဆံုးအသင္းကေတာ့အိမ္ရွင္ဘရာဇီးအသင္းျဖစ္ျပီးေတာ့ သူ႔ေနာက္မွာ မက္ဆီရဲ႕အာဂ်င္တီးနား၊ ဆြာရက္ရဲ႕ဥရုေဂြး၊ ဆနး္ခ်က္ရဲ႕ခ်ီလီနဲ႔ဂ်ိမ္းစ္ရိုဒရီဂြတ္ရဲ႕ ကိုလံဘီယာအသင္းတို႔က ေရပန္းစားေနၾကတာျဖစ္ပါတယ္။ ဒါေပမ့ဲ ကိုပါအေမရိကဖလားကိုဘရာဇီးကသာသိမ္းပိုက္သြားႏိုင္တ့ဲ ေအၾကာင္းအရင္းကိုေဖာ္ျပေပးသြားမွာပဲျဖစ္ပါတယ္။

လက္ရွိကစားသမားအင္အားအရ ေနမာမပါ၀င္တ့ဲဘရာဇီးအသင္းဟာ အနည္းငယ္အားနည္းမႈေတြရွိလာႏိုင္တယ္လို႔အားလံုးကယူဆထားခ့ဲၾကေပမ့ဲ ဘရာဇီးကေတာ့ သူတို႔ရဲ႕အေကာင္းဆံုးေျခစြမ္းေတြကိုျပသထားႏိုင္ခ့ဲပါတယ္။ လက္ရွိေရပန္းစားတ့ဲအသင္းေတြရဲ႕လူစာရင္းပိုင္းကိုယွဥ္ၾကည့္မယ္ဆိုရင္ ဘရာဇီးကိုယွဥ္ႏိုင္တာ မက္ဆီရဲ႕အာဂ်င္တီးနားအသင္းတစ္သင္းပဲရွိတာျဖစ္ပါတယ္။

ဒါေပမ့ဲအာဂ်င္တီးနားအသင္းဟာ ကြာတားဖိုင္နယ္ကိုတက္ေရာက္ႏုိင္ခ့ဲေပမ့ဲ အုပ္စုပြဲစဥ္(၃)ပြဲမွာတစ္ပြဲသာအႏိုင္ရခ့ဲတာျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းဟာလူစာရင္ေတာင့္တင္းေပမ့ဲ ပြဲၾကီးေတြမွာဆိုရုန္းကန္ေနရေလ့ရွိတာေၾကာင့္ လက္ရွိေျခစြမ္းက ခ်န္ပီယံျဖစ္ဖို႔လံုေလာက္မႈမရွိပါဘူး။ က်န္တ့ဲခ်ီလီ၊ဥရုေဂြးနဲ႔ကိုလံဘီယာတို႔ကလည္း လက္ရွိဘရာဇီးအသင္းျပသထားႏိုင္ခ့ဲတ့ဲေျခစြမ္းပိုင္းကို မမွီတာေၾကာင့္ ေရွ႕၊လယ္၊ေနာက္ အေကာင္းဆံုးလူစာရင္းေတြပိုင္ဆိုင္ထားျပီး၊ ေျခစြာေနတ့ဲ ဘရာဇီးကသာ (၂၀၁၉)ကိုပါအေမရိကဖလားကိုသိမ္းပိုက္သြားဖို႔ အျဖစ္ႏိုင္ဆံုးအေျခအေနမွာရွိေနတာျဖစ္ပါတယ္။

ကိုပါအေမရိက ကြာတားဖိုင္နယ္ပြဲစဥ္ေတြကိုေတာ့ လာမယ့္(၂၈)ရက္ေန႔မွာ စတင္ယွဥ္ျပိဳင္မွာျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ကိုပါအမေရိကဖလားကိုဘာကြောင့်ဘရာဇီးရသွားနိုင်တာလဲ?

ဘရာဇီးနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ (၂၀၁၉)ကိုပါအမေရိကဖလားပြိုင်ပွဲပွဲ အုပ်စုပွဲစဉ်တွေဟာမနက်ဖြန်မှာ ကစားကြမယ့်အုပ်စု(C)ရဲ့နောက်ဆုံးပွဲစဉ်တွေဖြစ်ကြတဲ့ ချီလီနဲ့ဥရုဂွေး၊ အီကွေဒေါနဲ့ ဂျပန်တို့ရဲ့ပွဲစဉ်တွေပြီးရင် ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်မယ့် အသင်း(၈)သင်းစာရင်းထွက်ပေါ်လာမှာပဲဖြစ်ပါတယ်။

ပြိုင်ပွဲမှာဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းကတော့အိမ်ရှင်ဘရာဇီးအသင်းဖြစ်ပြီးတော့ သူ့နောက်မှာ မက်ဆီရဲ့အာဂျင်တီးနား၊ ဆွာရက်ရဲ့ဥရုဂွေး၊ ဆန်းချက်ရဲ့ချီလီနဲ့ဂျိမ်းစ်ရိုဒရီဂွတ်ရဲ့ ကိုလံဘီယာအသင်းတို့က ရေပန်းစားနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုပါအမေရိကဖလားကိုဘရာဇီးကသာသိမ်းပိုက်သွားနိုင်တဲ့ အေကြာင်းအရင်းကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

လက်ရှိကစားသမားအင်အားအရ နေမာမပါဝင်တဲ့ဘရာဇီးအသင်းဟာ အနည်းငယ်အားနည်းမှုတွေရှိလာနိုင်တယ်လို့အားလုံးကယူဆထားခဲ့ကြပေမဲ့ ဘရာဇီးကတော့ သူတို့ရဲ့အကောင်းဆုံးခြေစွမ်းတွေကိုပြသထားနိုင်ခဲ့ပါတယ်။ လက်ရှိရေပန်းစားတဲ့အသင်းတွေရဲ့လူစာရင်းပိုင်းကိုယှဉ်ကြည့်မယ်ဆိုရင် ဘရာဇီးကိုယှဉ်နိုင်တာ မက်ဆီရဲ့အာဂျင်တီးနားအသင်းတစ်သင်းပဲရှိတာဖြစ်ပါတယ်။

ဒါပေမဲ့အာဂျင်တီးနားအသင်းဟာ ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပေမဲ့ အုပ်စုပွဲစဉ်(၃)ပွဲမှာတစ်ပွဲသာအနိုင်ရခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာလူစာရင်တောင့်တင်းပေမဲ့ ပွဲကြီးတွေမှာဆိုရုန်းကန်နေရလေ့ရှိတာကြောင့် လက်ရှိခြေစွမ်းက ချန်ပီယံဖြစ်ဖို့လုံလောက်မှုမရှိပါဘူး။ ကျန်တဲ့ချီလီ၊ဥရုဂွေးနဲ့ကိုလံဘီယာတို့ကလည်း လက်ရှိဘရာဇီးအသင်းပြသထားနိုင်ခဲ့တဲ့ခြေစွမ်းပိုင်းကို မမှီတာကြောင့် ရှေ့၊လယ်၊နောက် အကောင်းဆုံးလူစာရင်းတွေပိုင်ဆိုင်ထားပြီး၊ ခြေစွာနေတဲ့ ဘရာဇီးကသာ (၂၀၁၉)ကိုပါအမေရိကဖလားကိုသိမ်းပိုက်သွားဖို့ အဖြစ်နိုင်ဆုံးအခြေအနေမှာရှိနေတာဖြစ်ပါတယ်။

ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ လာမယ့်(၂၈)ရက်နေ့မှာ စတင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar