ဗန္ဒိုက္နဲ႔ဒီလစ္တို႔ကို ခ်ီးက်ဴးလိုက္တဲ့ ဟယ္ရီကိန္း

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ အဂၤလန္တိုက္စစ္မွဴး ဟယ္ရီကိန္းက နယ္သာလန္အသင္းရဲ႕ေနာက္တန္းကစားသမားေတြျဖစ္ၾကတဲ့ လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္နဲ႔ ေအဂ်က္လူငယ္ကစားသမား ဒီလစ္တို႔ကို ခ်ီးက်ဴးစကားေျပာၾကားသြားခဲ့ပါတယ္။

ဒီကေန႔ညမွာ ဟယ္ရီကိန္းရဲ႕အဂၤလန္အသင္းဟာ ယူအီးအက္ဖ္ေအႏိုင္ငံတကာလိဂ္ျပိဳင္ပြဲအျဖစ္ နယ္သာလန္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားသြားရမွာျဖစ္ျပီး၊ နယ္သာလန္ရဲ႕ဒီလစ္၊ ဗန္ဒိုက္ တို႔နဲ႔ ထိပ္တို္က္ရင္ဆိုင္သြားရေတာ့မွာပါ။ ေနာက္လာမယ့္ေဘာလံုးရာသီမွာ လီဗာပူးလ္ပရိသတ္ေတြဟာ ဒီလစ္နဲ႔ဗန္ဒိုက္တို႔ကို အန္ဖီးလ္မွာ အတူတူတြဲကစားတာျမင္ခ်င္ေနၾကျပီး၊ သူတို႔ႏွစ္ဦးရဲ႕ခံစစ္အတြဲဟာ နယ္သာလန္အတြက္ေတာ့ တကယ့္ကို စိတ္ခ်ရတဲ့ တံတိုင္းၾကီးတစ္ခုလိုပါပဲ။

သူတို႔ႏွစ္ဦးနဲ႔ပက္သက္ျပီး ဟယ္ရီကိန္းက-

” ဗန္ဒိုက္က အရပ္အေမာင္းေကာင္းတယ္၊ သန္မာတယ္၊ ျပီးေတာ့ ပါ၀ါကလည္း အျပည့္ပဲ၊ ဒါဟာ ေဘာလံုးမွာ တကယ္လိုအပ္တဲ့ အရည္အေသြးေကာင္းေတြပါပဲ၊ ဒီလစ္ကေတာ့ ကစားပြဲကို ေကာင္းေကာင္း သံုးသပ္ႏိုင္တယ္…”

” သူတို႔ႏွစ္ေယာက္ရဲ႕ကစားဟန္ေတြက တစ္ဦးလိုအပ္ခ်က္ကိုတစ္ဦး အတြဲညီညီနဲ႔ ျဖည့္ေပးႏိုင္စြမ္းရွိျပီး၊ လိုက္ဖက္မႈရွိပါတယ္…” လို႔ ခ်ီးက်ဴးသြားခဲ့တာပါ။

ဒီေန႔ညမွာေတာ့ ဟယ္ရီကိန္း ဦးေဆာင္တဲ့ အဂၤလန္တိုက္စစ္ဟာ နယ္သာလန္အသင္းနဲ႔ ဆီမီးဖိုင္နယ္ပြဲကို ကစားသြားရမွာျဖစ္ျပီး၊ သူ႔အေနနဲ႔ ဗန္ဒိုက္နဲ႔ဒီလစ္တို႔ရဲ႕နယ္သာလန္ခံစစ္တံတိုင္းကို ဘယ္လိုထိုးေဖာက္ျပီးေတာ့ ျဖိဳခြင္းျပႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဗန်ဒိုက်နဲ့ဒီလစ်တို့ကို ချီးကျူးလိုက်တဲ့ ဟယ်ရီကိန်း

တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက နယ်သာလန်အသင်းရဲ့နောက်တန်းကစားသမားတွေဖြစ်ကြတဲ့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်နဲ့ အေဂျက်လူငယ်ကစားသမား ဒီလစ်တို့ကို ချီးကျူးစကားပြောကြားသွားခဲ့ပါတယ်။

ဒီကနေ့ညမှာ ဟယ်ရီကိန်းရဲ့အင်္ဂလန်အသင်းဟာ ယူအီးအက်ဖ်အေနိုင်ငံတကာလိဂ်ပြိုင်ပွဲအဖြစ် နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး၊ နယ်သာလန်ရဲ့ဒီလစ်၊ ဗန်ဒိုက် တို့နဲ့ ထိပ်တိုက်ရင်ဆိုင်သွားရတော့မှာပါ။ နောက်လာမယ့်ဘောလုံးရာသီမှာ လီဗာပူးလ်ပရိသတ်တွေဟာ ဒီလစ်နဲ့ဗန်ဒိုက်တို့ကို အန်ဖီးလ်မှာ အတူတူတွဲကစားတာမြင်ချင်နေကြပြီး၊ သူတို့နှစ်ဦးရဲ့ခံစစ်အတွဲဟာ နယ်သာလန်အတွက်တော့ တကယ့်ကို စိတ်ချရတဲ့ တံတိုင်းကြီးတစ်ခုလိုပါပဲ။

သူတို့နှစ်ဦးနဲ့ပက်သက်ပြီး ဟယ်ရီကိန်းက-

” ဗန်ဒိုက်က အရပ်အမောင်းကောင်းတယ်၊ သန်မာတယ်၊ ပြီးတော့ ပါဝါကလည်း အပြည့်ပဲ၊ ဒါဟာ ဘောလုံးမှာ တကယ်လိုအပ်တဲ့ အရည်အသွေးကောင်းတွေပါပဲ၊ ဒီလစ်ကတော့ ကစားပွဲကို ကောင်းကောင်း သုံးသပ်နိုင်တယ်…”

” သူတို့နှစ်ယောက်ရဲ့ကစားဟန်တွေက တစ်ဦးလိုအပ်ချက်ကိုတစ်ဦး အတွဲညီညီနဲ့ ဖြည့်ပေးနိုင်စွမ်းရှိပြီး၊ လိုက်ဖက်မှုရှိပါတယ်…” လို့ ချီးကျူးသွားခဲ့တာပါ။

ဒီနေ့ညမှာတော့ ဟယ်ရီကိန်း ဦးဆောင်တဲ့ အင်္ဂလန်တိုက်စစ်ဟာ နယ်သာလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲကို ကစားသွားရမှာဖြစ်ပြီး၊ သူ့အနေနဲ့ ဗန်ဒိုက်နဲ့ဒီလစ်တို့ရဲ့နယ်သာလန်ခံစစ်တံတိုင်းကို ဘယ်လိုထိုးဖောက်ပြီးတော့ ဖြိုခွင်းပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

လူညိုချော@SportsGabar