ေတာ္ရဲရားကိုေရာင္းခ်ဖို႔အဆင္သင့္ပဲလို႔ဆိုလာတ့ဲ အာဆင္နယ္

အာဆင္နယ္အသင္းဟာ အသင္းရဲ႕ကြင္းလယ္လူ ေတာ္ရဲရားကို ထြက္ခြာခြင့္ျပဳလိုက္ျပီျဖစ္ေၾကာင္းသိရပါတယ္။ သတင္းေတြအရ အာဆင္နယ္ဟာ ေတာ္ရဲရားကိုကမ္းလွမ္းလာတ့ဲအသင္းရွိရင္ ေရာင္းခ်ဖို႔ အဆင္သင့္ပဲလို႔သိရပါတယ္။ ဒီလအေစာပိုင္းတုန္းက ေတာ္ရဲရားဟာ သူ႔အေနနဲ႔ အဂၤလန္မွာထက္ အီတလီမွာေနရတာပိုအဆင္ေျပတယ္ဆိုျပီး၊ သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး ထုက္ေဖာ္ေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

ေတာ္ရဲရားကိုျပီးခ့ဲတ့ဲေနြရာသီက အီတလီကလပ္ ဆမ္ဒိုးရီးယားကေနေျပာင္းေရႊ႕ေၾကးေပါင္(၂၆.၅)သန္းနဲ႔ေခၚယူခ့ဲတာျဖစ္ျပီးေတာ့၊ ေတာ္ရဲရားဟာ သူ႔ရဲ႕အာဆင္နယ္အသင္းနဲ႔ပထမဆံုးရာသီမွာပဲ အားလံုးအထင္ၾကီးစရာေကာင္းေလာက္တ့ဲ ေျခစြမ္းမ်ိဳးကို ထုက္ေဖာ္ျပသႏိုင္ခ့ဲပါတယ္။ ဒါေပမ့ဲလည္း ေတာ္ရဲရားတစ္ေယာက္အီတလီနဲ႔အရာရာကြဲျပားေနတ့ဲ အဂၤလန္ေျမမွာ ျမက္ခင္းစိမ္းေတြရဲ႕အျပင္ဘက္မွာပါ ရုန္းကန္ေနရတာျဖစ္ပါတယ္။

လက္ရွိအီတလီသတင္းစာတစ္ခုရဲ႕အဆိုအရအဂၤလန္ေျမမွာ စိတ္ရႈပ္ေနတ့ဲ ေတာ္ရဲရားကိုေခၚယူဖို႔ ေအစီမီလန္အသင္းက ကမ္းလွမ္းခ့ဲတယ္လို႔သိရပါတယ္။ ေအစီမီလန္အသင္းဟာေတာ္ရဲရားကို (၂)ႏွစ္စာခ်ဳပ္နဲ႔အငွားေခၚယူလိုေနတာျဖစ္ျပီးေတာ့ အငွားစာခ်ဳပ္မွာ အျပီးသတ္ေခၚယူခြင့္ရွိတ့ဲအခ်က္ကိုပါထည့္သြင္းခ်ဳပ္ဆိုျပီးေခၚယူဖို႔အလိုရွိေနတာျဖစ္ပါတယ္။ ေတာ္ရဲရားကို တစ္ႏွစ္ကိုလစာ ေပါင္(၇)သန္းေပးေခ်မွာျဖစ္ျပီး၊ စာခ်ဳပ္ပါအခ်က္အလတ္အရဆိုရင္ ေအစီမီလန္ဟာ ေတာ္ရဲရားကိုအျပီးသတ္ေခၚယူမယ္ဆိုရင္ ေျပာင္းေရႊ႕ေၾကးကိုေပါင္(၃၄)သန္းေပးေခ်ရမွာပဲျဖစ္ပါတယ္။

လက္ရွိေအစီမီလန္နည္းျပအျဖစ္ေဆာင္ရြက္ေနတ့ဲသူက ေတာ္ရဲရားနဲ႔ဆမ္ဒိုးရီးယားမွာလက္တြဲခ့ဲဖူးတ့ဲနည္းျပျဖစ္ေနတာေၾကာင့္ ကစားသမားဘက္ကလည္း ေအစီမီလန္ကိုေျပာင္းေရႊ႕ဖို႔ စိတ္၀င္စားေနတယ္လို႔သိရပါတယ္။ ေအစီမီလန္ဘက္ကေတာ္ရဲရားရဲ႕အေျပာင္းအေရႊ႕ကိစၥကို အာဆင္နယ္အသင္းနဲ႔ေသခ်ာေဆြးေႏြးဖို႔အလိုရွိေနတယ္လို႔သိရပါတယ္။

အာဆင္နယ္ရဲ႕နည္းျပ အမ္မရီအေနနဲ႔လည္း တကယ္တမ္း ကမ္းလွမ္းလာတ့ဲအသင္းရွိရင္ေတာ္ရဲရားကိုေရာင္ခ်ဖို႔အလိုရွိေနတာျဖစ္ျပီး၊ အေၾကာင္းအရင္းကေတာ့ အသင္းက အမ္မရီကို ဒီေႏြေစ်းကြက္ထဲမွာ အသံုးျပဳဖို႔အတြက္ အေျပာင္းအေရႊ႕အသံုးစရိတ္ကိုေပါင္သန္း(၄၀)သာ ခ်ေပးထားတာေၾကာင့္ျဖစ္ပါတယ္။ အမ္မရီအေနနဲ႔ ေတာ္ရဲရားကိုေရာင္းခ်ျပီး၊ ပိုမိုေကာင္းမြန္တ့ဲ လူ၀ယ္မႈေတြျပဳလုပ္ခ်င္ေနတာလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

တော်ရဲရားကိုရောင်းချဖို့အဆင်သင့်ပဲလို့ဆိုလာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အသင်းရဲ့ကွင်းလယ်လူ တော်ရဲရားကို ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ သတင်းတွေအရ အာဆင်နယ်ဟာ တော်ရဲရားကိုကမ်းလှမ်းလာတဲ့အသင်းရှိရင် ရောင်းချဖို့ အဆင်သင့်ပဲလို့သိရပါတယ်။ ဒီလအစောပိုင်းတုန်းက တော်ရဲရားဟာ သူ့အနေနဲ့ အင်္ဂလန်မှာထက် အီတလီမှာနေရတာပိုအဆင်ပြေတယ်ဆိုပြီး၊ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုက်ဖော်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

တော်ရဲရားကိုပြီးခဲ့တဲ့နွေရာသီက အီတလီကလပ် ဆမ်ဒိုးရီးယားကနေပြောင်းရွှေ့ကြေးပေါင်(၂၆.၅)သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီးတော့၊ တော်ရဲရားဟာ သူ့ရဲ့အာဆင်နယ်အသင်းနဲ့ပထမဆုံးရာသီမှာပဲ အားလုံးအထင်ကြီးစရာကောင်းလောက်တဲ့ ခြေစွမ်းမျိုးကို ထုက်ဖော်ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တော်ရဲရားတစ်ယောက်အီတလီနဲ့အရာရာကွဲပြားနေတဲ့ အင်္ဂလန်မြေမှာ မြက်ခင်းစိမ်းတွေရဲ့အပြင်ဘက်မှာပါ ရုန်းကန်နေရတာဖြစ်ပါတယ်။

လက်ရှိအီတလီသတင်းစာတစ်ခုရဲ့အဆိုအရအင်္ဂလန်မြေမှာ စိတ်ရှုပ်နေတဲ့ တော်ရဲရားကိုခေါ်ယူဖို့ အေစီမီလန်အသင်းက ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ အေစီမီလန်အသင်းဟာတော်ရဲရားကို (၂)နှစ်စာချုပ်နဲ့အငှားခေါ်ယူလိုနေတာဖြစ်ပြီးတော့ အငှားစာချုပ်မှာ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက်ကိုပါထည့်သွင်းချုပ်ဆိုပြီးခေါ်ယူဖို့အလိုရှိနေတာဖြစ်ပါတယ်။ တော်ရဲရားကို တစ်နှစ်ကိုလစာ ပေါင်(၇)သန်းပေးချေမှာဖြစ်ပြီး၊ စာချုပ်ပါအချက်အလတ်အရဆိုရင် အေစီမီလန်ဟာ တော်ရဲရားကိုအပြီးသတ်ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးကိုပေါင်(၃၄)သန်းပေးချေရမှာပဲဖြစ်ပါတယ်။

လက်ရှိအေစီမီလန်နည်းပြအဖြစ်ဆောင်ရွက်နေတဲ့သူက တော်ရဲရားနဲ့ဆမ်ဒိုးရီးယားမှာလက်တွဲခဲ့ဖူးတဲ့နည်းပြဖြစ်နေတာကြောင့် ကစားသမားဘက်ကလည်း အေစီမီလန်ကိုပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အေစီမီလန်ဘက်ကတော်ရဲရားရဲ့အပြောင်းအရွှေ့ကိစ္စကို အာဆင်နယ်အသင်းနဲ့သေချာဆွေးနွေးဖို့အလိုရှိနေတယ်လို့သိရပါတယ်။

အာဆင်နယ်ရဲ့နည်းပြ အမ်မရီအနေနဲ့လည်း တကယ်တမ်း ကမ်းလှမ်းလာတဲ့အသင်းရှိရင်တော်ရဲရားကိုရောင်ချဖို့အလိုရှိနေတာဖြစ်ပြီး၊ အကြောင်းအရင်းကတော့ အသင်းက အမ်မရီကို ဒီနွေဈေးကွက်ထဲမှာ အသုံးပြုဖို့အတွက် အပြောင်းအရွှေ့အသုံးစရိတ်ကိုပေါင်သန်း(၄၀)သာ ချပေးထားတာကြောင့်ဖြစ်ပါတယ်။ အမ်မရီအနေနဲ့ တော်ရဲရားကိုရောင်းချပြီး၊ ပိုမိုကောင်းမွန်တဲ့ လူဝယ်မှုတွေပြုလုပ်ချင်နေတာလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar