ဆန္ခ်ိဳကိုအ့ံအားသင့္စရာေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူဖို႔ျပင္ဆင္ေနတ့ဲမန္ယူႏိုက္တက္

လက္၇ွိမွာထြက္ေပၚေနတ့ဲသတင္းေတြအရ မန္ယူႏိုက္တက္ဟာ ေပါ့ဘာကိုအသင္းကေနထြက္ခြာဖို႔ခြင့္ျပဳေပးလိုက္မယ္ဆိုရင္ ေပါ့ဘာေနရာမွာအစားထိုးဖို႔ ေဒါ့မြန္အသင္းရဲ႕ ကစားသမားေလးဆန္ခ်ိဳကို ျမင့္မားတ့ဲေျပာင္းေရႊ႕ေၾကးတစ္ရပ္နဲ႔ေခၚယူဖို႔ၾကိဳးစားသြားမယ္လို႔သိရပါတယ္။

ဆန္ခ်ိဳဟာ အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ မန္ယူႏိုက္တက္ရဲ႕ပထမဆံုးပစ္မွတ္အျဖစ္ရွိေနခ့ဲတာျဖစ္ပါတယ္။ ဒါေပမ့ဲ မန္ယူႏိုက္တက္ရဲ႕ လာမယ့္ရာသီမွာခ်န္ပီယံလိဂ္ကိုလြဲေခ်ာ္ထားခ့ဲတ့ဲ အေျခအေနေတြေၾကာင့္ မန္ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကိုေခၚယူစာခ်ဳပ္ ခ်ဳပ္ႏိုင္ဖို႔ အေရးဟာအခက္အခဲေတြရွိေနတယ္လို႔လည္းသိရပါတယ္။

ဒါ့ေၾကာင့္ မန္ယူႏိုက္တက္ဟာ ဆန္ခ်ိဳကိုေခၚယူဖို႔ကိုဒီေႏြေစ်းကြက္ထဲမွာလက္ေလ်ွာ့လိုက္ဖို႔ရွိေနျပီး၊ လာမယ့္ရာသီမွသာေခၚယူဖို႔ထပ္မံၾကိဳးစားမယ္လို႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။ ဒါေပမ့ဲ အသင္းရဲ႕ကြင္းလယ္လူေပါ့ဘာကို အသင္းကေနထြခြာခြင့္ျပဳလိုက္မယ္ဆိုရင္ မန္ယူႏိုက္တက္ဟာ ေပါ့ဘာရဲ႕ေနရာမွာအစားထိုးဖို႔ ဆန္ခ်ိဳကို ေဒါ့မြန္အသင္းထံေျပာင္းေရႊ႕ေၾကးေပါင္သန္း(၁၀၀)နဲ႔ ထပ္မံကမ္းလွမ္းသြားမယ္လို႔သိရပါတယ္။

မန္ယူႏိုက္တက္ဟာ ဆန္ခ်ိဳအတြက္အသံုးျပဳမ့ဲ အသံုးစရိတ္ေပါင္သန္း(၁၀၀)ကို အသင္းရဲ႕ေႏြရာသီအေျပာင္းအေရႊ႕စရိတ္ထဲကထုက္သံုးမွာမဟုတ္ပဲ၊ ေပါ့ဘာနဲ႔ ေနာက္ထပ္ အင္တာကိုေျပာင္းေရႊ႕ဖို႔နီးစပ္လ်က္ရွိေနတ့ဲ လူကာကူတို႔ကိုေရာင္းလို႔ရတ့ဲ ေငြေၾကးထဲကေန ဆန္ခ်ိဳကိုေခၚယူဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေပါ့ဘာနဲ႔ လူကာကူသာအသင္းကေနမထြက္ခြာျဖစ္ခ့ဲဘူးဆိုရင္ မန္ယူႏိုက္တက္နဲ႔ဆန္ခ်ိဳရဲ႕အေျပာင္းအေရႊ႕ဇာတ္လမ္းဟာဒီေႏြေစ်းကြက္ထဲမွာ ျဖစ္လာႏိုင္စရာအေၾကာင္းမရွိေတာ့တာပဲျဖစ္ပါတယ္။

မန္ယူႏိုက္တက္တိုက္စစ္မွဴးလူကာကူဟာ အင္တာမီလန္အသင္းကိုေပါင္(၇၅)သန္းနဲ႔ေျပာင္းေရႊ႕ဖို႔နီးစပ္လ်က္ရွိေနျပီး၊ ကြင္းလယ္လူေပါ့ဘာဟာလည္း အသင္းေဟာင္းဂ်ဳဗင္တပ္အသင္းအေနနဲ႔ သူ႔ကိုေခၚယူဖို႔ ဂ်ဳဗင္တပ္နည္းျပသစ္ဆာရီထံ ဖုန္းေခၚဆိုကာတိုက္တြန္းေျပာၾကားမႈေတြျပဳလုပ္ခ့ဲတယ္လို႔သိရပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဆန်ချိုကိုအံ့အားသင့်စရာပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ပြင်ဆင်နေတဲ့မန်ယူနိုက်တက်

လက်၇ှိမှာထွက်ပေါ်နေတဲ့သတင်းတွေအရ မန်ယူနိုက်တက်ဟာ ပေါ့ဘာကိုအသင်းကနေထွက်ခွာဖို့ခွင့်ပြုပေးလိုက်မယ်ဆိုရင် ပေါ့ဘာနေရာမှာအစားထိုးဖို့ ဒေါ့မွန်အသင်းရဲ့ ကစားသမားလေးဆန်ချိုကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ခေါ်ယူဖို့ကြိုးစားသွားမယ်လို့သိရပါတယ်။

ဆန်ချိုဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ မန်ယူနိုက်တက်ရဲ့ပထမဆုံးပစ်မှတ်အဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်ရဲ့ လာမယ့်ရာသီမှာချန်ပီယံလိဂ်ကိုလွဲချော်ထားခဲ့တဲ့ အခြေအနေတွေကြောင့် မန်ယူနိုက်တက်အနေနဲ့ ဆန်ချိုကိုခေါ်ယူစာချုပ် ချုပ်နိုင်ဖို့ အရေးဟာအခက်အခဲတွေရှိနေတယ်လို့လည်းသိရပါတယ်။

ဒါ့ကြောင့် မန်ယူနိုက်တက်ဟာ ဆန်ချိုကိုခေါ်ယူဖို့ကိုဒီနွေဈေးကွက်ထဲမှာလက်လျှော့လိုက်ဖို့ရှိနေပြီး၊ လာမယ့်ရာသီမှသာခေါ်ယူဖို့ထပ်မံကြိုးစားမယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ကွင်းလယ်လူပေါ့ဘာကို အသင်းကနေထွခွာခွင့်ပြုလိုက်မယ်ဆိုရင် မန်ယူနိုက်တက်ဟာ ပေါ့ဘာရဲ့နေရာမှာအစားထိုးဖို့ ဆန်ချိုကို ဒေါ့မွန်အသင်းထံပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)နဲ့ ထပ်မံကမ်းလှမ်းသွားမယ်လို့သိရပါတယ်။

မန်ယူနိုက်တက်ဟာ ဆန်ချိုအတွက်အသုံးပြုမဲ့ အသုံးစရိတ်ပေါင်သန်း(၁၀၀)ကို အသင်းရဲ့နွေရာသီအပြောင်းအရွှေ့စရိတ်ထဲကထုက်သုံးမှာမဟုတ်ပဲ၊ ပေါ့ဘာနဲ့ နောက်ထပ် အင်တာကိုပြောင်းရွှေ့ဖို့နီးစပ်လျက်ရှိနေတဲ့ လူကာကူတို့ကိုရောင်းလို့ရတဲ့ ငွေကြေးထဲကနေ ဆန်ချိုကိုခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါ့ဘာနဲ့ လူကာကူသာအသင်းကနေမထွက်ခွာဖြစ်ခဲ့ဘူးဆိုရင် မန်ယူနိုက်တက်နဲ့ဆန်ချိုရဲ့အပြောင်းအရွှေ့ဇာတ်လမ်းဟာဒီနွေဈေးကွက်ထဲမှာ ဖြစ်လာနိုင်စရာအကြောင်းမရှိတော့တာပဲဖြစ်ပါတယ်။

မန်ယူနိုက်တက်တိုက်စစ်မှူးလူကာကူဟာ အင်တာမီလန်အသင်းကိုပေါင်(၇၅)သန်းနဲ့ပြောင်းရွှေ့ဖို့နီးစပ်လျက်ရှိနေပြီး၊ ကွင်းလယ်လူပေါ့ဘာဟာလည်း အသင်းဟောင်းဂျုဗင်တပ်အသင်းအနေနဲ့ သူ့ကိုခေါ်ယူဖို့ ဂျုဗင်တပ်နည်းပြသစ်ဆာရီထံ ဖုန်းခေါ်ဆိုကာတိုက်တွန်းပြောကြားမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

Sirဇော်ကြီး@SportsGabar