လီဗာပူးလ္ပရိသတ္ေတြရတက္မေအးစရာ စကားဆိုလိုက္တ့ဲအီတိုး

တစ္ခ်ိန္က ဘာစီလိုနာအသင္းနဲ႔အတူ ဥေရာပေဘာလံုးအေက်ာ္အေမာ္ျဖစ္ခ့ဲဖူးတ့ဲ အီတိုးက လီဗာပူးလ္အသင္းရဲ႕တိုက္စစ္မွဴးဆာလာကို စပိန္ကလပ္ဘာစီလိုနာကိုေျပာင္းေရႊ႕ကစားဖို႔တိုက္တြန္းေျပာၾကားခ့ဲတယ္လို႔သိရပါတယ္။ အီတိုးရဲ႕ေျပာစကားဟာ လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ေခါင္းခဲစရာကိစၥတစ္ခုျဖစ္ယ္ဆိုတာေသခ်ာပါတယ္။

အီတိုးဟာ ဘာစီလိုနာမွာ(၂၀၀၄)ကေန(၂၀၀၉)အထိ(၅)ႏွစ္ၾကာကစားခ့ဲျပီး၊ ဘာစီလိုနာနဲ႔အတူပြဲေပါင္း(၁၄၄)ပြဲမွာ(၁၀၈)ဂိုးအထိသြင္းယူေပးႏိုင္ခ့ဲတ့ဲ ကစားသမားတစ္ေယာက္ျဖစ္ကာ ေဘာလံုးခ်စ္ပရိသတ္ေတြၾကား တစ္ခ်ိန္က ေရပန္းစားခ့ဲတ့ဲ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ အီတိုးဟာ ကစားသမားဘ၀အသင္းေပါင္း(၁၄)သင္းမွာကစားခ့ဲဖူးျပီး၊ လက္ရွိမွာ ကာတာ SCအသင္းမွာကစားလ်က္ရွိေနပါတယ္။

စပိန္ေျမမွာအခ်ိန္အေတာ္ၾကာက်င္လည္ခ့ဲဖူးတ့ဲ အီတိုးက ဆာလာကို ဘာစီလိုနာကိုေျပာင္းေရႊ႕ကစားဖို႔ အခုလိုပဲတိုက္တြန္းေျပာဆိုသြားခ့ဲတာျဖစ္ပါတယ္။ အီတိုးက ” ဘာစီလိုနာက သူ႔အတြက္ပိုအဆင္ေျပပါလိမ့္မယ္၊ ဘာစီလိုနာက သူ႔အတြက္ပိုေကာင္းတ့ဲအသင္းျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္၊ သူ႔အေနနဲ႔ကမာၻ႔အေကာင္းဆံုးေဘာလံုးလိဂ္တစ္ခုမွာ ကစားရဖို႔အခြင့္အေရးတစ္ရွိတယ္ဆိုရင္ အ့ဲဒါက စပိန္လာလီဂါပဲျဖစ္ပါတယ္၊ သူ ဘာစီလိုနာကိုေျပာင္းရပါ့မယ္၊ သူ႔မွာကမာၻ႔အေကာင္းဆံုးျဖစ္ဖို႔ စြမ္းေဆာင္ရည္ေတေြေကာင္းေတြပိုင္ဆိုင္ထားပါတယ္ ” လို႔ ေျပာၾကားသြားခ့ဲတာပဲျဖစ္ပါတယ္။

အီတိုးဟာ ဘာစီလိုနာမွာေအာင္ျမင္ခ့ဲေပမ့ဲ ဘာစီလိုနာကိုအရင္ေျပာင္းေရႊ႕ခ့ဲတာမဟုတ္ပဲ ရီးရဲလ္ကိုအရင္ေရာက္ရွိခ့ဲတာျဖစ္ပါတယ္။ ရီးရဲလ္မွာ (၃)ပြဲသာပါ၀င္ခြင့္ရခ့ဲျပီး၊ ရီးရဲလ္ကေနအသင္း(၃)သင္းဆီကို အငွားခ်ခံခ့ဲရပါတယ္။ အ့ဲဒီေနာက္မွာေတာ့ ဘာစီလိုနာကိုေရာက္ရွိခ့ဲျပီး၊ ကစားသမားဘ၀ေအာင္ျမင္မႈအရွိဆံုးအခ်ိန္လို႔ေျပာလို႔ရတ့ဲ အခိုက္အတန္႔ေတြကို အီတိုးတစ္ေယာက္ပိုင္ဆိုင္ႏိုင္ခ့ဲပါတယ္။

လီဗာပူးလ္အသင္းရဲ႕တိုက္စစ္မွဴးဆာလာဟာ လက္ရွိမွာ အသင္းကေနထြက္ခြာဖြယ္ရွိတယ္လို႔သတင္းေတြထြက္ေနတာျဖစ္ျပီး၊ ဘာေတြဆက္ျဖစ္မလဲဆိုတာ ဒီေႏြေစ်းကြက္ထဲမွာေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

လီဗာပူးလ်ပရိသတ်တွေရတက်မအေးစရာ စကားဆိုလိုက်တဲ့အီတိုး

တစ်ချိန်က ဘာစီလိုနာအသင်းနဲ့အတူ ဥရောပဘောလုံးအကျော်အမော်ဖြစ်ခဲ့ဖူးတဲ့ အီတိုးက လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူးဆာလာကို စပိန်ကလပ်ဘာစီလိုနာကိုပြောင်းရွှေ့ကစားဖို့တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။ အီတိုးရဲ့ပြောစကားဟာ လီဗာပူးလ်ပရိသတ်တွေအတွက်တော့ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်ယ်ဆိုတာသေချာပါတယ်။

အီတိုးဟာ ဘာစီလိုနာမှာ(၂၀၀၄)ကနေ(၂၀၀၉)အထိ(၅)နှစ်ကြာကစားခဲ့ပြီး၊ ဘာစီလိုနာနဲ့အတူပွဲပေါင်း(၁၄၄)ပွဲမှာ(၁၀၈)ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ကာ ဘောလုံးချစ်ပရိသတ်တွေကြား တစ်ချိန်က ရေပန်းစားခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အီတိုးဟာ ကစားသမားဘဝအသင်းပေါင်း(၁၄)သင်းမှာကစားခဲ့ဖူးပြီး၊ လက်ရှိမှာ ကာတာ SCအသင်းမှာကစားလျက်ရှိနေပါတယ်။

စပိန်မြေမှာအချိန်အတော်ကြာကျင်လည်ခဲ့ဖူးတဲ့ အီတိုးက ဆာလာကို ဘာစီလိုနာကိုပြောင်းရွှေ့ကစားဖို့ အခုလိုပဲတိုက်တွန်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ အီတိုးက ” ဘာစီလိုနာက သူ့အတွက်ပိုအဆင်ပြေပါလိမ့်မယ်၊ ဘာစီလိုနာက သူ့အတွက်ပိုကောင်းတဲ့အသင်းဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ သူ့အနေနဲ့ကမ္ဘာ့အကောင်းဆုံးဘောလုံးလိဂ်တစ်ခုမှာ ကစားရဖို့အခွင့်အရေးတစ်ရှိတယ်ဆိုရင် အဲ့ဒါက စပိန်လာလီဂါပဲဖြစ်ပါတယ်၊ သူ ဘာစီလိုနာကိုပြောင်းရပါ့မယ်၊ သူ့မှာကမ္ဘာ့အကောင်းဆုံးဖြစ်ဖို့ စွမ်းဆောင်ရည်တေေွကောင်းတွေပိုင်ဆိုင်ထားပါတယ် ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

အီတိုးဟာ ဘာစီလိုနာမှာအောင်မြင်ခဲ့ပေမဲ့ ဘာစီလိုနာကိုအရင်ပြောင်းရွှေ့ခဲ့တာမဟုတ်ပဲ ရီးရဲလ်ကိုအရင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မှာ (၃)ပွဲသာပါဝင်ခွင့်ရခဲ့ပြီး၊ ရီးရဲလ်ကနေအသင်း(၃)သင်းဆီကို အငှားချခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဘာစီလိုနာကိုရောက်ရှိခဲ့ပြီး၊ ကစားသမားဘဝအောင်မြင်မှုအရှိဆုံးအချိန်လို့ပြောလို့ရတဲ့ အခိုက်အတန့်တွေကို အီတိုးတစ်ယောက်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူးဆာလာဟာ လက်ရှိမှာ အသင်းကနေထွက်ခွာဖွယ်ရှိတယ်လို့သတင်းတွေထွက်နေတာဖြစ်ပြီး၊ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီနွေဈေးကွက်ထဲမှာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar